မန်စီးတီးကြောင့် ဇွန်လဟာ ယူနိုက်တက်အတွက် အရေးကြီးဆုံးသော လတစ်ခု ဖြစ်လာဖွယ်ရှိ

UNICODE – ယူအီးအက်ဖ်အေရဲ့ ဥရောပပြိုင်ပွဲ နှစ်ရာသီစာ ပါဝင်ခွင့် ပိတ်ပင်ခံရခြင်း အရေးယူမှုကို မန်စီးတီးအသင်းဘက်က အယူခံဝင်ထားခြင်း ကိစ္စအား ဇွန်လ ၈-၁၀ ရက်မှာ အားကစားခုံရုံးက ကြားနာ ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလတုန်းကပဲ ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းကို ပြင်းပြင်းထန်ထန် ချိုးဖောက်ကြောင်း တွေ့ရှိမှုအတွက် မန်စီးတီးကို အရေးယူထားခြင်းဖြစ်ပြီး ဒဏ်ကြေး ပေါင် ၂၅ သန်းအပြင် ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ခွင့် ၂ ရာသီ ပိတ်ပင်ခံခဲ့ရတာဖြစ်တယ်။ မန်စီးတီးဘက်က ချက်ခြင်းပဲ အပြစ်ပေးမှုကို အယူခံဝင်မှု လုပ်ဆောင်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေဘက်က ကြားနာမယ့်ရက်ကို အတည်ပြုပေးခဲ့ပြီး ခုခံမှုဆိုင်ရာ ကိစ္စမှာ မန်စီးတီးဘက်က ရှေ့နေကို ဝင်ရောက် ထုချေခွင့်ပေးဖို့ ကိစ္စကိုလည်း ငြင်းဆန်ခြင်း မလပ်သေးပါဘူး။ အယူခံဝင်မှု မအောင်မြင်လို့ လာမယ့်ရာသီမှာ မန်စီးတီး ပါဝင်နိုင်ခြင်း မရှိရင် ပရီးမီးယားလိဂ်ရဲ့ အဆင့် ၅ နေရာက အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် အစားဝင်ခွင့်ရှိမှာ ဖြစ်ပါတယ်။

လက်ရှိ အမှတ်ပေးဇယားမှာတော့ အဆင့် ၅ နေရာမှာ ယူနိုက်တက် ရှိနေတာပါ။ ပရီးမီးယားလိဂ်ကို ပြန်မစနိုင်လို့ လာမယ့်ရာသီကို ရပ်နည်မှုတွေအရ ဆုံးဖြတ်မယ်ဆိုရင် မန်စီးတီးရဲ့ ဥရောပဝင်ခွင့် အယူခံဝင်မှုကိစ္စဟာ ယူနိုက်တက်အတွက်ပါ သက်ရောက်မှုရှိလာမှာဖြစ်တယ်။

ပရီးမီးယားလိဂ် ပြန်လည်စတင်ဖို့ လုပ်ဆောင်နေပြီး ပြန်လည် ကစားနိုင်မယ်ဆိုရင် အဆင့် ၄ နဲ့ အဆင့် ၅ နေရာတွေအတွက် ပြိုင်ဆိုင်မယ့် အသင်းက ၆ သင်းလောက်ထိ ရှိနေတာဖြစ်တယ်။ ယူနိုက်တက်ဟာ ကိုရိုနာကပ်ဘေး မတိုင်ခင် ပုံစံကောင်းတွေအရ အဆင့် ၄ နေရာကို အဓိက ဖိအားပေးမယ့် အသင်းလည်း ဖြစ်ပါတယ်။

မန်နေဂျာဆိုးရှားနဲ့ ယူနိုက်တက် တာဝန်ရှိသူတွေကတော့ ဇွန်လမှာ ပရီးမီးယားလိဂ်ကို ပြန်လည် စတင်စေဖို့ကို ထောက်ခံထားပါတယ်။ ပေါ့ဘာ၊ ရပ်ဖိုဒ့်လို ကစားသမားတွေပါ ကြံ့ခိုင်မှု ပြန်ကောင်းလာတဲ့ အနေအထားအရ ဇွန်လမှာ ဘောလုံးပြန်ကစားခွင့် ရရေးနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာ ရယူနိုင်ရေးကလည်း ယူနိုက်တက်အတွက် အရေးပါလာတာဖြစ်ပါတယ်။

ZAWGYI – ယူအီးအက္ဖ္ေအရဲ႕ ဥေရာပျပိဳင္ပြဲ ႏွစ္ရာသီစာ ပါဝင္ခြင့္ ပိတ္ပင္ခံရျခင္း အေရးယူမႈကို မန္စီးတီးအသင္းဘက္က အယူခံဝင္ထားျခင္း ကိစၥအား ဇြန္လ ၈-၁၀ ရက္မွာ အားကစားခံုရံုးက ၾကားနာ ဆံုးျဖတ္ေပးသြားမွာ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလတုန္းကပဲ ဘ႑ာေရးဆိုင္ရာ စည္းကမ္းကို ျပင္းျပင္းထန္ထန္ ခ်ိဳးေဖာက္ေၾကာင္း ေတြ႔ရွိမႈအတြက္ မန္စီးတီးကို အေရးယူထားျခင္းျဖစ္ျပီး ဒဏ္ေၾကး ေပါင္ ၂၅ သန္းအျပင္ ဥေရာပျပိဳင္ပြဲေတြမွာ ပါဝင္ခြင့္ ၂ ရာသီ ပိတ္ပင္ခံခဲ့ရတာျဖစ္တယ္။ မန္စီးတီးဘက္က ခ်က္ျခင္းပဲ အျပစ္ေပးမႈကို အယူခံဝင္မႈ လုပ္ေဆာင္ခဲ့ပါတယ္။

ယူအီးအက္ဖ္ေအဘက္က ၾကားနာမယ့္ရက္ကို အတည္ျပဳေပးခဲ့ျပီး ခုခံမႈဆုိင္ရာ ကိစၥမွာ မန္စီးတီးဘက္က ေရွ႔ေနကို ဝင္ေရာက္ ထုေခ်ခြင့္ေပးဖို႔ ကိစၥကိုလည္း ျငင္းဆန္ျခင္း မလပ္ေသးပါဘူး။ အယူခံဝင္မႈ မေအာင္ျမင္လို႔ လာမယ့္ရာသီမွာ မန္စီးတီး ပါဝင္ႏုိင္ျခင္း မရွိရင္ ပရီးမီးယားလိဂ္ရဲ႕ အဆင့္ ၅ ေနရာက အသင္းဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာအတြက္ အစားဝင္ခြင့္ရွိမွာ ျဖစ္ပါတယ္။

လက္ရွိ အမွတ္ေပးဇယားမွာေတာ့ အဆင့္ ၅ ေနရာမွာ ယူႏုိက္တက္ ရွိေနတာပါ။ ပရီးမီးယားလိဂ္ကို ျပန္မစႏုိင္လို႔ လာမယ့္ရာသီကို ရပ္နည္မႈေတြအရ ဆံုးျဖတ္မယ္ဆိုရင္ မန္စီးတီးရဲ႕ ဥေရာပဝင္ခြင့္ အယူခံဝင္မႈကိစၥဟာ ယူႏုိက္တက္အတြက္ပါ သက္ေရာက္မႈရွိလာမွာျဖစ္တယ္။

ပရီးမီးယားလိဂ္ ျပန္လည္စတင္ဖို႔ လုပ္ေဆာင္ေနျပီး ျပန္လည္ ကစားႏုိင္မယ္ဆိုရင္ အဆင့္ ၄ နဲ႔ အဆင့္ ၅ ေနရာေတြအတြက္ ျပိဳင္ဆုိင္မယ့္ အသင္းက ၆ သင္းေလာက္ထိ ရွိေနတာျဖစ္တယ္။ ယူႏုိက္တက္ဟာ ကိုရိုနာကပ္ေဘး မတိုင္ခင္ ပံုစံေကာင္းေတြအရ အဆင့္ ၄ ေနရာကို အဓိက ဖိအားေပးမယ့္ အသင္းလည္း ျဖစ္ပါတယ္။

မန္ေနဂ်ာဆိုးရွားနဲ႔ ယူႏုိက္တက္ တာဝန္ရွိသူေတြကေတာ့ ဇြန္လမွာ ပရီးမီးယားလိဂ္ကို ျပန္လည္ စတင္ေစဖို႔ကို ေထာက္ခံထားပါတယ္။ ေပါ့ဘာ၊ ရပ္ဖိုဒ့္လို ကစားသမားေတြပါ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာတဲ့ အေနအထားအရ ဇြန္လမွာ ေဘာလံုးျပန္ကစားခြင့္ ရေရးနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာ ရယူႏုိင္ေရးကလည္း ယူႏုိက္တက္အတြက္ အေရးပါလာတာျဖစ္ပါတယ္။