ပိုးတွေ့လူနာတွေ ထွက်လာချိန်မှာ ဘွန်ဒက်လီဂါ ရင်ဆိုင်ခဲ့မှုကို အတုယူဖို့ ကလော့ပ် တိုက်တွန်း

UNICODE – လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဒီအပတ် ပရီးမီးယားလိဂ် ကစားသမားတွေ လေ့ကျင့်ရေး ပြန်ဝင်ဖို့ စတင်လာကြတဲ့ ကိစ္စတွေကို ကြိုဆိုလိုက်ပါတယ်။

ကစာသမားတွေကို လေ့ကျင့်ရေး ပြန်ဝင်ဖို့ ရှယ်ယာရှင်များ အစည်းအဝေးက မဲပေးခဲ့ကြတာဖြစ်ပြပီး ပထမအဆင့်အဖြစ် လိုက်နာရမယ့် လုပ်ငန်းစဉ်တွေကို စတင်နေပါပြီ။ လေ့ကျင့်ရေး မဝင်ခင် ကိုရိုနာဗိုင်းရပ် စစ်ဆေးမှုအရ ပိုးတွေ့သူ ၆ ဦး ပေါ်ထွက်လာခဲ့ပြီး အားလုံးကို ကန့်သတ်မှုတွေဖြင့် စောင့်ကြည့်သွားမှာပဲ ဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်က ” ဘယ်သူ့ကမှ တစ်ယောက်ယောက်ကို အန္တရာယ်ကြားထဲ ဆွဲခေါ်သွားမယ်ဆိုတဲ့ စိတ်မျိုး မရှိကြပါဘူး။ ပထမအဆင့် လေ့ကျင့်မှု လုပ်စဉ်မှာ အကွာအဝေး ကန့်သတ်မှုလုပ်ထားတဲ့ စည်းမျဉ်းနဲ့ပဲ ထိန်းချုပ်ဖို့ဆိုတာက ကျနေ်ာ သိထားတဲ့ နည်းလမ်းပါပဲ။ စစ်ဆေးမှုတွေနဲ့အတူ ကစားသမားတွေ လုံခြုံစိတ်ချမှု ရှိပါလိမ့်မယ်။

ဂျာမနီမှာ ဒါကို ပြသထားပြီးပါပြီ။ ကာလရှည်အတွင်းမှာ ကစားသမား နှစ်ဦးလောက် ပိုးတွေ့ခဲ့တယ်။ သူတို့ ငါးပတ်လောက် လေ့ကျင့်ခဲ့ပြီး အခုဆိုရင် ကစားဖို့ အဆင်သင့် ဖြစ်နေပါတယ်။ ဂျာမနီမှာ ပိုးတွေ့တဲ့ ကိစ္စပေါင်း ၁၂ ခုလောက်ထိ ရှိခဲ့ပါတယ်။ အင်္ဂလန်မှာလည်း တူညီတဲ့ အခြေအနေမျိုးကို ရောက်နေတာဖြစ်ပြီး ကောင်းကောင်းလုပ်နိုင်မယ် ထင်ပါတယယ်။

ဒါတွေအားလုံးအတွက် အချိန်လိုပါတယ်။ ဘဝတွေကို နောက်တစ်ကြိမ် ပြန်လည် စတင်ဖို့ ခြားနားတဲ့ အစိတ်အပိုင်းတွေနဲ့ တစ်ဆင့်ခြင်း သွားဖို့ လိုပါတယ်။ အားလုံးက ဒါကို သဘောတူကြပြီး လိုအပ်တာ တစ်ခုတည်းကတော့ အချိန်ပဲဖြစ်ပါတယယ်။ ပရီးမီးယားလိဂ်မှာလည်း လုပ်ဆောင်မှုကောင်းတွေကို ရောက်နေတာဖြစ်ပြီး အခြားသော ကိစ္စတွေကိုလည်း လိုက်နာ ဆောင်ရွက်နိုင်မယ်ဆိုတာ သေချာပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဂျာမနီမှာ ပြန်လည်စတင်ခဲ့တဲ့ ဘောလုံးပွဲတွေဟာ ကစားသမားတွေ လုံခြုံစိတ်ချရမှုအတွက် အဆင်ပြေနေသလို အားပေးထောက်ခံမှုတွေလည်း များပြားနေတာကြောင့် အင်္ဂလန်၊ စပိန်နဲ့ အီတလီတို့ဟာ အလားတူ လုပ်ဆောင်မှုတွေကို လုပ်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

ZAWGYI – လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဒီအပတ္ ပရီးမီးယားလိဂ္ ကစားသမားေတြ ေလ့က်င့္ေရး ျပန္ဝင္ဖို႔ စတင္လာၾကတဲ့ ကိစၥေတြကို ၾကိဳဆိုလိုက္ပါတယ္။

ကစာသမားေတြကို ေလ့က်င့္ေရး ျပန္ဝင္ဖို႔ ရွယ္ယာရွင္မ်ား အစည္းအေဝးက မဲေပးခဲ့ၾကတာျဖစ္ျပပီး ပထမအဆင့္အျဖစ္ လိုက္နာရမယ့္ လုပ္ငန္းစဥ္ေတြကို စတင္ေနပါျပီ။ ေလ့က်င့္ေရး မဝင္ခင္ ကိုရိုနာဗိုင္းရပ္ စစ္ေဆးမႈအရ ပိုးေတြ႔သူ ၆ ဦး ေပၚထြက္လာခဲ့ျပီး အားလံုးကို ကန္႔သတ္မႈေတြျဖင့္ ေစာင့္ၾကည့္သြားမွာပဲ ျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ” ဘယ္သူ႔ကမွ တစ္ေယာက္ေယာက္ကို အႏၱရာယ္ၾကားထဲ ဆြဲေခၚသြားမယ္ဆိုတဲ့ စိတ္မ်ိဳး မရွိၾကပါဘူး။ ပထမအဆင့္ ေလ့က်င့္မႈ လုပ္စဥ္မွာ အကြာအေဝး ကန္႔သတ္မႈလုပ္ထားတဲ့ စည္းမ်ဥ္းနဲ႔ပဲ ထိန္းခ်ဳပ္ဖို႔ဆိုတာက က်ေန္ာ သိထားတဲ့ နည္းလမ္းပါပဲ။ စစ္ေဆးမႈေတြနဲ႔အတူ ကစားသမားေတြ လံုျခံဳစိတ္ခ်မႈ ရွိပါလိမ့္မယ္။

ဂ်ာမနီမွာ ဒါကို ျပသထားျပီးပါျပီ။ ကာလရွည္အတြင္းမွာ ကစားသမား ႏွစ္ဦးေလာက္ ပိုးေတြ႔ခဲ့တယ္။ သူတို႔ ငါးပတ္ေလာက္ ေလ့က်င့္ခဲ့ျပီး အခုဆိုရင္ ကစားဖို႔ အဆင္သင့္ ျဖစ္ေနပါတယ္။ ဂ်ာမနီမွာ ပိုးေတြ႔တဲ့ ကိစၥေပါင္း ၁၂ ခုေလာက္ထိ ရွိခဲ့ပါတယ္။ အဂၤလန္မွာလည္း တူညီတဲ့ အေျခအေနမ်ိဳးကို ေရာက္ေနတာျဖစ္ျပီး ေကာင္းေကာင္းလုပ္ႏုိင္မယ္ ထင္ပါတယယ္။

ဒါေတြအားလံုးအတြက္ အခ်ိန္လိုပါတယ္။ ဘဝေတြကို ေနာက္တစ္ၾကိမ္ ျပန္လည္ စတင္ဖို႔ ျခားနားတဲ့ အစိတ္အပိုင္းေတြနဲ႔ တစ္ဆင့္ျခင္း သြားဖို႔ လိုပါတယ္။ အားလံုးက ဒါကို သေဘာတူၾကျပီး လိုအပ္တာ တစ္ခုတည္းကေတာ့ အခ်ိန္ပဲျဖစ္ပါတယယ္။ ပရီးမီးယားလိဂ္မွာလည္း လုပ္ေဆာင္မႈေကာင္းေတြကို ေရာက္ေနတာျဖစ္ျပီး အျခားေသာ ကိစၥေတြကိုလည္း လိုက္နာ ေဆာင္ရြက္ႏုိင္မယ္ဆိုတာ ေသခ်ာပါတယ္ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ဂ်ာမနီမွာ ျပန္လည္စတင္ခဲ့တဲ့ ေဘာလံုးပြဲေတြဟာ ကစားသမားေတြ လံုျခံဳစိတ္ခ်ရမႈအတြက္ အဆင္ေျပေနသလို အားေပးေထာက္ခံမႈေတြလည္း မ်ားျပားေနတာေၾကာင့္ အဂၤလန္၊ စပိန္နဲ႔ အီတလီတို႔ဟာ အလားတူ လုပ္ေဆာင္မႈေတြကို လုပ္ႏုိင္မယ္လုိ႔ ယံုၾကည္ေနၾကပါတယ္။