အရေးကြီးချိန်မှာ ဦးဆောင်သူမရှိသလို ကစဉ့်ကလျား ပြိုကွဲထွက်နေတဲ့ ပရီးမီးယားလိဂ်

UNICODE – ဗြိတိန် သိက္ခာရှိ သတင်းဌာနကြီးဖြစ်တဲ့ Sunday Times မှ အားကစားဆိုင်ရာ အကြီးအကဲ Jonathan Northcroft က ပရီးမီးယားလိဂ်ဟာ ဦးဆောင်သူမရှိတဲ့ လိဂ်ဖြစ်နေပြီး မှန်ကန်တဲ့ ဦးတည်ချက်လည်း မရှိပါဘူးလို့ ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။

ပရီးမီးယားလိဂ် ဝေဖန်ခံနေရတာက ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။ ဥရောပရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလိဂ်ဟာ မှန်ကန်တဲ့ ဦးတည်ချက်တွေနဲ့အတူ ရှေ့ဆက်ရမယ့်အစား တန်းဆင်းရမှာ ကြောက်ရွံ့နေတဲ့ အသင်းတွေရဲ့ ပွဲကစားဖို့ ဆက်တိုက် ငြင်းဆိုမှုတွေကြောင့် ဘာကို လုပ်ချင်လို့ လုပ်ချင်နေမှန်း မသိကြောင်း ဝေဖန်ခံထားရသေးတာပါ။

ကိုရိုနာကပ်ဘေးမှာ နယ်ပယ်တိုင်းက ဆုံးရံှူးမှုတွေ ရှိခဲ့ကြပြီး ပရီးမီးယားလိဂ်ကလည်း ဆုံးရံှူးမှုတွေ ရှိမှာဖြစ်ပေမယ့် ကလပ်တွေက မိမိတို့အသင်း ဆုံးရံှူးမှုနည်းဖို့အတွက်ကိုပဲ ဦးတည်တဲ့ သဘောထားတွေကို လိဂ်အစည်းအဝေးတွေမှာ အဆိုတင်ခဲ့ကြတယ်။ ပြိုကွဲနေတဲ့ အင်္ဂလန်အဆင့်မြင့်တန်းလိဂ်ဟာ အသင်းသား ၅ ဦးစီ အုပ်စုဖွဲ့ လေ့ကျင့်စေရေးဆိုတဲ့ ကနဦးအဆင့်ကိုတောင် အခုထိ သဘောတူညီမှု မရသေးပါဘူး။

Jonathan Northcroft က ” ပြဿနာတွေထဲက တစ်ရပ်က ပရီးမီးယားလိဂ်မှာ မန်နေဂျာတွေကော၊ ကစားသမားဟာ ဘာတွေဆက်လုပ်ရမလဲ ဆိုတဲ့ လမ်းညွှန်ချက်တွေကို ရှင်းရှင်းလင်းလင်း မရှိဘူးလို့ ကြားရပါတယ်။ ဂျာမနီမှာတော့ စကတည်းကိုက အာဏာပိုင်တွေနဲ့ ချိတ်ဆက်မှုတွေကို ကောင်းကောင်းလုပ်ပြီး လေ့ကျင့်ရေးတွေ အစောကတည်းက လုပ်ဆောင်ကြတယ်။ အင်္ဂလန်မှာ အခုထိ ဒါကို ဆွေးနွေးဆဲ အဆင့်ပဲ ရှိပါတယ်။

အစီအစဉ်တွေက ရှင်းလင်ပေမယ့် ဒီမှာထက် ဂျာမနီမှာဆိုရင် သဘောတူညီမှုတွေကို ပိုပြီး လုပ်နိုင်ကြတယ်။ ကျန်းမာရေးဆိင်ရာ စွန့်စားရမှုတွေ မသေချာမှုတွေနဲ့အတူ မန်နေဂျာတွေနဲ့ ကစားသမားတွေက ဘာတွေလုပ်ရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း လမ်းညွှန်မခံရဘူးလို့ ခံစားနေရတယ်။ ဒီအပတ်မှာပဲ သူတို့ထဲက အချို့နဲ့ စကားပြောကြည့်တော့ ဘယ်အချိန်မှာ ထိတွေ့မှုရှိတဲ့ လေ့ကျင့်ရေး လုပ်ခွင့်ရမလဲနဲ့ လေ့ကျင့်ရေးကို ဘယ်လို ပြန်ဝင်ရမလဲဆိုတာကို ဘယ်သူမှ သေချာ မသိကြဘူး။

မန်နေဂျာနဲ့ ကစားသမားတွေအတွက်က ဘယ်လို အစီအစဉ်တွေနဲ့ လုပ်ဆောင်မလဲဆိုတာကို သိရဖို့ လိုပါတယ်။ ကြားနေရတာတော့ ပရီးမီးယားလိဂ်က ဦးဆောင်သူမရှိဘူး၊ ဦးတည်ချက်လည်း မရှိပါဘူး။ ဂျာမနီမှာဆိုရင် အားလုံးက ပွဲတွေ ပြန်ကစားဖို့ ယုံကြည်ချက်လည်း ရှိကြတယ်။ အင်္ဂလန်မှာတော့ အဲ့လို မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ အသင်းသား ၅ ဦးတစ်ဖွဲ့ပုံစံ လေ့ကျင့်ရေးတွေကို စတင်စေမလား မဲခွဲမှုကိုတော့ မနက်ဖြန်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ZAWGYI – ျဗိတိန္ သိကၡာရွိ သတင္းဌာနၾကီးျဖစ္တဲ့ Sunday Times မွ အားကစားဆုိင္ရာ အၾကီးအကဲ Jonathan Northcroft က ပရီးမီးယားလိဂ္ဟာ ဦးေဆာင္သူမရွိတဲ့ လိဂ္ျဖစ္ေနျပီး မွန္ကန္တဲ့ ဦးတည္ခ်က္လည္း မရွိပါဘူးလို႔ ျပင္းထန္စြာ ေဝဖန္လိုက္ပါတယ္။

ပရီးမီးယားလိဂ္ ေဝဖန္ခံေနရတာက ဒါ ပထမဆံုးေတာ့ မဟုတ္ပါဘူး။ ဥေရာပရဲ႕ ျပိဳင္ဆိုင္မႈ အျပင္းထန္ဆံုးလိဂ္ဟာ မွန္ကန္တဲ့ ဦးတည္ခ်က္ေတြနဲ႔အတူ ေရွ႔ဆက္ရမယ့္အစား တန္းဆင္းရမွာ ေၾကာက္ရြံ႔ေနတဲ့ အသင္းေတြရဲ႕ ပြဲကစားဖို႔ ဆက္တိုက္ ျငင္းဆိုမႈေတြေၾကာင့္ ဘာကို လုပ္ခ်င္လို႔ လုပ္ခ်င္ေနမွန္း မသိေၾကာင္း ေဝဖန္ခံထားရေသးတာပါ။

ကိုရိုနာကပ္ေဘးမွာ နယ္ပယ္တိုင္းက ဆံုးရံွဴးမႈေတြ ရွိခဲ့ၾကျပီး ပရီးမီးယားလိဂ္ကလည္း ဆံုးရံွဴးမႈေတြ ရွိမွာျဖစ္ေပမယ့္ ကလပ္ေတြက မိမိတို႔အသင္း ဆံုးရံွဴးမႈနည္းဖို႔အတြက္ကိုပဲ ဦးတည္တဲ့ သေဘာထားေတြကို လိဂ္အစည္းအေဝးေတြမွာ အဆိုတင္ခဲ့ၾကတယ္။ ျပိဳကြဲေနတဲ့ အဂၤလန္အဆင့္ျမင့္တန္းလိဂ္ဟာ အသင္းသား ၅ ဦးစီ အုပ္စုဖြဲ႔ ေလ့က်င့္ေစေရးဆိုတဲ့ ကနဦးအဆင့္ကိုေတာင္ အခုထိ သေဘာတူညီမႈ မရေသးပါဘူး။

Jonathan Northcroft က ” ျပႆနာေတြထဲက တစ္ရပ္က ပရီးမီးယားလိဂ္မွာ မန္ေနဂ်ာေတြေကာ၊ ကစားသမားဟာ ဘာေတြဆက္လုပ္ရမလဲ ဆိုတဲ့ လမ္းညႊန္ခ်က္ေတြကို ရွင္းရွင္းလင္းလင္း မရွိဘူးလို႔ ၾကားရပါတယ္။ ဂ်ာမနီမွာေတာ့ စကတည္းကိုက အာဏာပိုင္ေတြနဲ႔ ခ်ိတ္ဆက္မႈေတြကို ေကာင္းေကာင္းလုပ္ျပီး ေလ့က်င့္ေရးေတြ အေစာကတည္းက လုပ္ေဆာင္ၾကတယ္။ အဂၤလန္မွာ အခုထိ ဒါကို ေဆြးေႏြးဆဲ အဆင့္ပဲ ရွိပါတယ္။

အစီအစဥ္ေတြက ရွင္းလင္ေပမယ့္ ဒီမွာထက္ ဂ်ာမနီမွာဆိုရင္ သေဘာတူညီမႈေတြကို ပိုျပီး လုပ္ႏုိင္ၾကတယ္။ က်န္းမာေရးဆိင္ရာ စြန္႔စားရမႈေတြ မေသခ်ာမႈေတြနဲ႔အတူ မန္ေနဂ်ာေတြနဲ႔ ကစားသမားေတြက ဘာေတြလုပ္ရမလဲဆိုတာကို ရွင္းရွင္းလင္းလင္း လမ္းညႊန္မခံရဘူးလို႔ ခံစားေနရတယ္။ ဒီအပတ္မွာပဲ သူတို႔ထဲက အခ်ိဳ႔နဲ႔ စကားေျပာၾကည့္ေတာ့ ဘယ္အခ်ိန္မွာ ထိေတြ႔မႈရွိတဲ့ ေလ့က်င့္ေရး လုပ္ခြင့္ရမလဲနဲ႔ ေလ့က်င့္ေရးကို ဘယ္လို ျပန္ဝင္ရမလဲဆိုတာကို ဘယ္သူမွ ေသခ်ာ မသိၾကဘူး။

မန္ေနဂ်ာနဲ႔ ကစားသမားေတြအတြက္က ဘယ္လို အစီအစဥ္ေတြနဲ႔ လုပ္ေဆာင္မလဲဆိုတာကို သိရဖို႔ လိုပါတယ္။ ၾကားေနရတာေတာ့ ပရီးမီးယားလိဂ္က ဦးေဆာင္သူမရွိဘူး၊ ဦးတည္ခ်က္လည္း မရွိပါဘူး။ ဂ်ာမနီမွာဆိုရင္ အားလံုးက ပြဲေတြ ျပန္ကစားဖို႔ ယံုၾကည္ခ်က္လည္း ရွိၾကတယ္။ အဂၤလန္မွာေတာ့ အဲ့လို မဟုတ္ပါဘူး ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဟာ အသင္းသား ၅ ဦးတစ္ဖြဲ႔ပံုစံ ေလ့က်င့္ေရးေတြကို စတင္ေစမလား မဲခြဲမႈကိုေတာ့ မနက္ျဖန္မွာ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။