မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ ကစားမယ့် ရက်စွဲ ထွက်ပေါ်

UNICODE – မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရံှူးထွက်ပွဲကို ပထမအကျော့နဲ့ ၆ လအကွာ သြဂုတ်လ ၇ ရက်နေ့မှာ ယှဉ်ပြိုင်ကစားစေဖို့ ရည်မှန်ထားတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်နဲ့ လာလီဂါတို့ကို ဇွန်လိုင်လ အကုန်ပိုင်းမှာ အပြီးသတ်ဖို့ ရည်ရွယ်ထားကြသလို ဖေဖော်ဝါရီ ၂၆ ရက်နေ့တုန်းက မန်စီးတီးက ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲရဲ့ ဒုတိယအကျော့ကိုတော့ ရက်ပေါင်း ၁၇၄ ရက် အကြာမှာမှ ဒုတိယအကျော့ ကစားနိုင်ဖို့ ရှိနေတာပါ။

မန်နေဂျာဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ရံှူးထွက် အဆင့်တွေမှာ လုံးဝ အရေးနိမ့်ထားဖူးခြင်း မရှိဘူး။ ပထမအကျော့ကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တဲ့အပြင် မန်စီးတီးက အဝေးဂိုး ၂ ဂိုးရထားခြင်းက ဒုတိယအကျော့ပွဲကို လွယ်ကူစေမှာ မဟုတ်ပါဘူး။ မန်နေဂျာဂွာဒီယိုလာရဲ့ အသင်းကလည်း လာမယ့် ၂ ရာသီကို ဥရောပဝင်ခွင့် လွဲဖွယ် ရှိနေခြင်းကြောင့် ဒီရာသီ ဥရောပပွဲတွေကို အားသွန်း ကစားလိုနေတာပါ။

ကနဦးအဆင့် သဘောတူညီမှုဖြစ်ကာ တရားဝင် ထုတ်ဖော်ကြေညာမှု လုပ်ပေးဦးမယ်လို့ မထင်ရဘူး။ ယူအီးအက်ဖ်အေက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် လက်ကျန်ပြိုင်ပွဲတွေကို ၃ ပတ်အတွင်း အပြီးသတ်ဖို့ ပြင်ဆင်ထားခြင်းဖြစ်ပြီး သြဂုတ်လကုန် မဟုတ်ရင်တောင် စက်တင်ဘာလထဲမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကျင်းပသွားမှာဖြစ်တယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ဟာ ပွဲစဉ် ၄ ပွဲ ယှဉ်ပြိုင်ပြီးခဲ့ပြီဖြစ်ပြီး ပွဲစဉ် ၄ ပွဲ ယှဉ်ပြိုင်ဖို့ ကျန်ရှိနေပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်စီးတီးနဲ့ ချယ်ဆီးတို့ ပွဲကစားဖို့တွေ ကျန်နေသေးသလို ဘောလုံးရာသီ အပြီးသတ်ထားတဲ့ ပြင်သစ်လိဂ်က လိုင်ယွန်ဟာ ၁၆ သင်းရံှူးထွက် တစ်ကျော့ ကစားဖို့ ကျန်နေသေးတာပါ။ ပီအက်ဂျီကတော့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားပြီဖြစ်တယ်။

ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ပက်သက်တဲ့ တရားဝင် အဆုံးအဖြတ်ကိုတော့ မေလ ၂၇ ရက်နေ့ ယူအီးအက်အေ ဘုတ်အဖွဲ့ဝင်များ အစည်းအဝေးက ဆုံးဖြတ်ချက် ချမှာဖြစ်ပါတယ်။

ZAWGYI – မန္စီးတီးနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ ယွဥ္ျပိဳင္ကစားရမယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရံွဴးထြက္ပြဲကို ပထမအေက်ာ့နဲ႔ ၆ လအကြာ ၾသဂုတ္လ ၇ ရက္ေန႔မွာ ယွဥ္ျပိဳင္ကစားေစဖို႔ ရည္မွန္ထားတယ္လို႔ သိရပါတယ္။

ပရီးမီးယားလိဂ္နဲ႔ လာလီဂါတို႔ကို ဇြန္လိုင္လ အကုန္ပိုင္းမွာ အျပီးသတ္ဖို႔ ရည္ရြယ္ထားၾကသလို ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔တုန္းက မန္စီးတီးက ၂-၁ နဲ႔ အႏုိင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲရဲ႕ ဒုတိယအေက်ာ့ကိုေတာ့ ရက္ေပါင္း ၁၇၄ ရက္ အၾကာမွာမွ ဒုတိယအေက်ာ့ ကစားႏုိင္ဖို႔ ရွိေနတာပါ။

မန္ေနဂ်ာဇီဒန္းဟာ ရီးရဲလ္မက္ဒရစ္နဲ႔အတူ ရံွဴးထြက္ အဆင့္ေတြမွာ လံုးဝ အေရးနိမ့္ထားဖူးျခင္း မရွိဘူး။ ပထမအေက်ာ့ကို အိမ္ကြင္းမွာ အေရးနိမ့္ခဲ့တဲ့အျပင္ မန္စီးတီးက အေဝးဂိုး ၂ ဂိုးရထားျခင္းက ဒုတိယအေက်ာ့ပြဲကို လြယ္ကူေစမွာ မဟုတ္ပါဘူး။ မန္ေနဂ်ာဂြာဒီယိုလာရဲ႕ အသင္းကလည္း လာမယ့္ ၂ ရာသီကို ဥေရာပဝင္ခြင့္ လြဲဖြယ္ ရွိေနျခင္းေၾကာင့္ ဒီရာသီ ဥေရာပပြဲေတြကို အားသြန္း ကစားလိုေနတာပါ။

ကနဦးအဆင့္ သေဘာတူညီမႈျဖစ္ကာ တရားဝင္ ထုတ္ေဖာ္ေၾကညာမႈ လုပ္ေပးဦးမယ္လို႔ မထင္ရဘူး။ ယူအီးအက္ဖ္ေအက ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ လက္က်န္ျပိဳင္ပြဲေတြကို ၃ ပတ္အတြင္း အျပီးသတ္ဖို႔ ျပင္ဆင္ထားျခင္းျဖစ္ျပီး ၾသဂုတ္လကုန္ မဟုတ္ရင္ေတာင္ စက္တင္ဘာလထဲမွာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို က်င္းပသြားမွာျဖစ္တယ္။

ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ဟာ ပြဲစဥ္ ၄ ပြဲ ယွဥ္ျပိဳင္ျပီးခဲ့ျပီျဖစ္ျပီး ပြဲစဥ္ ၄ ပြဲ ယွဥ္ျပိဳင္ဖို႔ က်န္ရွိေနပါတယ္။ ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ မန္စီးတီးနဲ႔ ခ်ယ္ဆီးတို႔ ပြဲကစားဖို႔ေတြ က်န္ေနေသးသလို ေဘာလံုးရာသီ အျပီးသတ္ထားတဲ့ ျပင္သစ္လိဂ္က လိုင္ယြန္ဟာ ၁၆ သင္းရံွဴးထြက္ တစ္ေက်ာ့ ကစားဖို႔ က်န္ေနေသးတာပါ။ ပီအက္ဂ်ီကေတာ့ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားျပီျဖစ္တယ္။

ခ်န္ပီယံလိဂ္၊ ယူရိုပါလိဂ္နဲ႔ ပက္သက္တဲ့ တရားဝင္ အဆံုးအျဖတ္ကိုေတာ့ ေမလ ၂၇ ရက္ေန႔ ယူအီးအက္ေအ ဘုတ္အဖြဲ႔ဝင္မ်ား အစည္းအေဝးက ဆံုးျဖတ္ခ်က္ ခ်မွာျဖစ္ပါတယ္။