ဥရောပကလပ်တွေ အလိုရှိမှု အများဆုံးအဖြစ် သတင်းထွက်ထားတဲ့ လူငယ် ဗဟိုခံစစ်မှူး ၅ ဦး

UNICODE – ကိုရိုနာကပ်ဘေးက ဥရောပ ဘောလုံးပွဲတွေကို ရပ်တန့်စေခဲ့တာကြောင့် လူငယ်တွေရဲ့ တိုးတက်မှုကို အပြည့်အဝ မမြင်ရပါဘူး။ သို့ပေမယ့် လက်ရှိ ယှဉ်ပြိုင်ကစားပြီးတဲ့ အချိန်ထိ တောက်ပတဲ့ လူငယ်လေးတွေ ပေါ်ထွက်လာခဲ့ပြီဖြစ်တယ်။

ဒီနွေမှာ ထိပ်တန်းအသင်းတွေ မျက်စိကျလာနိုင်တဲ့ တိုးတက်မှုအရှိဆုံး ဗဟိုခံစစ်သမားများ စာရင်းကို ဖော်ပြမှာဖြစ်တယ်။ ဒီစာရင်းဟာ ဒေးလီးမေလ်းက စုစည်းဖော်ပြမှုဖြစ်ပြီး ဥရောပအသင်းတွေ စောင့်ကြည့်မှု အများဆုံး ကစားသမားတွေဖြစ်တယ်လို့ သိထားရပါတယ်။

Dayot Upamecano (RB Leipzig)

ဒီရာသီမှာ ဥရောပကလပ်တွေ ကင်းထောက်လွှတ်စောင့်ကြည့်မှု အများဆုံး ခံရသူက လိုက်ဇစ်ရဲ့ အူပါမီကာနိုဖြစ်ပါတယ်။ ၂၁ နှစ်သား ဗဟိုခံစစ်သမားက နေရာဖြည့် ကစားပေးမှုမှာ မြန်ဆန်တယ်၊ ပွဲကို ခပ်မြန်မြန် ဖတ်နိုင်စွမ်းရှိတယ်၊ ခံစစ်ကနေ ဘောလုံးကိုင်ကစားဖို့ တည်ငြိမ်တယ်။ ပြင်သစ်လက်ရွေးစင်အသင်းမှာ ပုံမှန် ရွေးချယ်ခံ ကစားသမား မဟုတ်သေးပေမယ့် အနာဂတ်မှာ ကမ္ဘာဖလားချန်ပီယံကို ကိုယ်စားပြုလာနိုင်ပါတယ်။

Pau Torres (Villarreal)

ဒီရာသီ လာလီဂါမှာ တောက်ပလာတဲ့ ခံစစ်သမားတွေထဲက တစ်ဦးဖြစ်တယ်။ မနှစ်ကရာသီ မာလာဂါအသင်းကို အငှားထွက်ပြီး တစ်ရာသီလုံး ပုံမှန် ကစားခဲ့ရကာ ဒီရာသီမှာ ဗီလာရီးရဲလ်ရဲ့ အဓိက ကစားသမားအဖြစ် ကစားခွင့် ရနေပါတယ်။ ဘယ်ခြမ်း ဗဟိုခံစစ်နေရာအတွက် တောက်ပလာနေပြီး သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၄၃ သန်းထိ ရှိပါတယ်။

Lukas Klostermann (RB Leipzig)

ဒီရာသီ ဘွန်ဒက်လီဂါမှာ အမြန်ဆုံး ကစားသမားများစာရင်းရဲ့ နံပါတ် ၁၂ နေရာ ချိတ်ပါတယ်။ ဒါဟာ ဆန်ချို၊ တီမိုဝါနာတို့ထက် ပိုမြန်တာလည်း ဖြစ်တယ်။ ဂျာမနီလက်ရွေးစင်ဟာ လိုက်ဇစ်ရဲ့ သုံးယောက်တန်း ခံစစ်ကြောင်းက ညာခြမ်း ဗဟိုခံစစ်နေရာမှာ ကစားပါတယ်။ သူ့ကို ခေါ်ယူဖို့ ဘာစီလိုနာဘက်က စိတ်ဝင်စားမှုတွေ ရှိထားပါတယ်။

Ozan Kabak (Schalke)

ရှော်ကေးအသင်းနဲ့ တောက်ပလာခဲ့သူဖြစ်ပြီး အသက် ၂၀ အရွယ်ပဲ ရှိပါသေးတယ်။ တူရကီလက်ရွေးစင်ဟာ တစ်ဦးချင်းတွေမှာ ဆရာကျသူဖြစ်တယ်။ နောက်လာမယ့် နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ ဗန်ဒိုက်လို ထိပ်တန်းခံစစ်သမား ဖြစ်လာရမယ်လို့ ရည်မှန်းထားပြီး ဗန်ဒိုက်က သူ့ရဲ့ စံပြပုဂ္ဂိုလ်လို့ ထုတ်ဖော်ထားတယ်။ သူ့ရဲ့ စာချုပ်က ၂၀၂၁ ခုနှစ်ထိပဲ ရှိတာလို့လည်း သတင်းထွက်နေပါတယ်။

Robin Le Normand (Real Sociedad)

ဒီစာရင်းမှာ သူပါဝင်လာတာအတွက် အငြင်းပွားစရာပါပဲ။ နော်မန်ဟာ ဥရောပရဲ့ အထွန်းတောက်ဆုံး လူငယ်တစ်ဦးတော့ မဟုတ်ပါဘူး။ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့်ကို အခုမှ စတင်ရရှိလာသူပါ။ သူဟာ ပြင်သစ်အသင်းအတွက် ခေါ်ယူခြင်းလည်း မခံထားရဘူး။ ဆိုစီဒက်အသင်း ချန်ပီယံလိဂ်ဝင်ခွင့် ယှဉ်ပြိုင်နေမှုမှာ အရေးပါပြီး သူ့ကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး နည်းပါးပါလိမ့်မယ်။

ZAWGYI – ကိုရိုနာကပ္ေဘးက ဥေရာပ ေဘာလံုးပြဲေတြကို ရပ္တန္႔ေစခဲ့တာေၾကာင့္ လူငယ္ေတြရဲ႕ တိုးတက္မႈကို အျပည့္အဝ မျမင္ရပါဘူး။ သို႔ေပမယ့္ လက္ရွိ ယွဥ္ျပိဳင္ကစားျပီးတဲ့ အခ်ိန္ထိ ေတာက္ပတဲ့ လူငယ္ေလးေတြ ေပၚထြက္လာခဲ့ျပီျဖစ္တယ္။

ဒီေႏြမွာ ထိပ္တန္းအသင္းေတြ မ်က္စိက်လာႏုိင္တဲ့ တိုးတက္မႈအရွိဆံုး ဗဟိုခံစစ္သမားမ်ား စာရင္းကို ေဖာ္ျပမွာျဖစ္တယ္။ ဒီစာရင္းဟာ ေဒးလီးေမလ္းက စုစည္းေဖာ္ျပမႈျဖစ္ျပီး ဥေရာပအသင္းေတြ ေစာင့္ၾကည့္မႈ အမ်ားဆံုး ကစားသမားေတြျဖစ္တယ္လို႔ သိထားရပါတယ္။

Dayot Upamecano (RB Leipzig)

ဒီရာသီမွာ ဥေရာပကလပ္ေတြ ကငး္ေထာက္လႊတ္ေစာင့္ၾကည့္မႈ အမ်ားဆံုး ခံရသူက လိုက္ဇစ္ရဲ႕ အူပါမီကာႏိုျဖစ္ပါတယ္။ ၂၁ ႏွစ္သား ဗဟိုခံစစ္သမားက ေနရာျဖည့္ ကစားေပးမႈမွာ ျမန္ဆန္တယ္၊ ပြဲကို ခပ္ျမန္ျမန္ ဖတ္ႏုိင္စြမ္းရွိတယ္၊ ခံစစ္ကေန ေဘာလံုးကိုင္ကစားဖို႔ တည္ျငိမ္တယ္။ ျပင္သစ္လက္ေရြးစင္အသင္းမွာ ပံုမွန္ ေရြးခ်ယ္ခံ ကစားသမား မဟုတ္ေသးေပမယ့္ အနာဂတ္မွာ ကမၻာဖလားခ်န္ပီယံကို ကိုယ္စားျပဳလာႏုိင္ပါတယ္။

Pau Torres (Villarreal)

ဒီရာသီ လာလီဂါမွာ ေတာက္ပလာတဲ့ ခံစစ္သမားေတြထဲက တစ္ဦးျဖစ္တယ္။ မႏွစ္ကရာသီ မာလာဂါအသင္းကို အငွားထြက္ျပီး တစ္ရာသီလံုး ပံုမွန္ ကစားခဲ့ရကာ ဒီရာသီမွာ ဗီလာရီးရဲလ္ရဲ႕ အဓိက ကစားသမားအျဖစ္ ကစားခြင့္ ရေနပါတယ္။ ဘယ္ျခမ္း ဗဟိုခံစစ္ေနရာအတြက္ ေတာက္ပလာေနျပီး သူ႔ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးက ေပါင္ ၄၃ သန္းထိ ရွိပါတယ္။

Lukas Klostermann (RB Leipzig)

ဒီရာသီ ဘြန္ဒက္လီဂါမွာ အျမန္ဆံုး ကစားသမားမ်ားစာရင္းရဲ႕ နံပါတ္ ၁၂ ေနရာ ခ်ိတ္ပါတယ္။ ဒါဟာ ဆန္ခ်ိဳ၊ တီမိုဝါနာတို႔ထက္ ပိုျမန္တာလည္း ျဖစ္တယ္။ ဂ်ာမနီလက္ေရြးစင္ဟာ လိုက္ဇစ္ရဲ႕ သံုးေယာက္တန္း ခံစစ္ေၾကာင္းက ညာျခမ္း ဗဟိုခံစစ္ေနရာမွာ ကစားပါတယ္။ သူ႔ကို ေခၚယူဖို႔ ဘာစီလိုနာဘက္က စိတ္ဝင္စားမႈေတြ ရွိထားပါတယ္။

Ozan Kabak (Schalke)

ေရွာ္ေကးအသင္းနဲ႔ ေတာက္ပလာခဲ့သူျဖစ္ျပီး အသက္ ၂၀ အရြယ္ပဲ ရွိပါေသးတယ္။ တူရကီလက္ေရြးစင္ဟာ တစ္ဦးခ်င္းေတြမွာ ဆရာက်သူျဖစ္တယ္။ ေနာက္လာမယ့္ ႏွစ္ႏွစ္၊ သံုးႏွစ္အတြင္းမွာ ဗန္ဒိုက္လို ထိပ္တန္းခံစစ္သမား ျဖစ္လာရမယ္လို႔ ရည္မွန္းထားျပီး ဗန္ဒိုက္က သူ႔ရဲ႕ စံျပပုဂၢိဳလ္လို႔ ထုတ္ေဖာ္ထားတယ္။ သူ႔ရဲ႕ စာခ်ဳပ္က ၂၀၂၁ ခုႏွစ္ထိပဲ ရွိတာလို႔လည္း သတင္းထြက္ေနပါတယ္။

Robin Le Normand (Real Sociedad)

ဒီစာရင္းမွာ သူပါဝင္လာတာအတြက္ အျငင္းပြားစရာပါပဲ။ ေနာ္မန္ဟာ ဥေရာပရဲ႕ အထြန္းေတာက္ဆံုး လူငယ္တစ္ဦးေတာ့ မဟုတ္ပါဘူး။ အသက္ ၂၃ ႏွစ္အရြယ္ရွိျပီျဖစ္ျပီး ပံုမွန္ပြဲထြက္ခြင့္ကို အခုမွ စတင္ရရွိလာသူပါ။ သူဟာ ျပင္သစ္အသင္းအတြက္ ေခၚယူျခင္းလည္း မခံထားရဘူး။ ဆိုစီဒက္အသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္ ယွဥ္ျပိဳင္ေနမႈမွာ အေရးပါျပီး သူ႔ကို ေခၚယူမယ္ဆိုရင္ ေျပာင္းေရႊ႔ေၾကး နည္းပါးပါလိမ့္မယ္။