ဗြိတိန်မှာ လိဂ်ပြန်စဖို့ ကန့်ကွက်နေကြပေမယ့် ဘွန်ဒက်လီဂါပြန်စမှာ ပျော်နေတဲ့ အင်္ဂလန်သား

UNICODE – ရှော်ကေးအသင်းကို အငှားထွက်ကစားနေတဲ့ အဲဗာတန်အသင်းမှ ညာအစွန်လူ ဂျွန်ဂျိုကန်နီက ဘွန်ဒက်လီဂါ ပြန်စတော့မှာနဲ့ ဘောလုံးပြန်ကစားရတော့မှာကို ပျော်ရွှင်နေပါတယ်။

မိခင်တိုင်းပြည်ဖြစ်တဲ့ ဗြိတိန်မှာ နေအိမ်ပြင်ပ မထွက်ဖို့နဲ့ မက်စ် မတပ်ဖို့ဆိုတဲ့ လမ်းညွှန်ချက်တွေကို လိုက်ပါမှု အားနည်းကြပေမယ့် ဂျာမနီမှာတော့ စည်းကမ်းကောင်းစွာပဲ အစိုးရရဲ့ လမ်းညွှန်မှုကို လိုက်နာမှု ကောင်းကြတာပါ။ ပရီးမီးယားလိဂ်ပြန်စပြီး ပြည်သူပြည်သားတွေကို ခွန်းအားပေးဖို့ လုပ်ဆောင်မှုကို ကန့်ကွက်နေကြပေမယ့် ဘွန်ဒက်လီဂါမှာတော့ အားလုံးက ညီညာမှုရှိကာ ဒီအပတ်မှာ ပွဲတွေ ပြန်စနိုင်ပါတော့မယ်။

ကန်နီက ” ဘောလုံးမှာ အဓိကက ပရိသတ်တွေပါပဲ။ သူတို့က ပွဲရှိန်ကို ပိုတက်စေသူတွေပါ။ အိမ်ကွင်းတွေမှာ ကစားရတဲ့အခါ သူတို့ရဲ့ ထောက်ခံ အားပေးမှုတွေကြောင့် ကွင်းထဲက အသင်းသားတွေက ခြားနားတဲ့ ယောက်ကျားတွေအဖြစ် ခံစားရပါတယ်။

အခုဖြစ်နေတာက ဘောလုံးတင် မဟုတ်ပဲ ကမ္ဘာအရေးဖြစ်ပါတယ်။ ဒီတော့ ပရိသတ်တွေကို အဝေးမှာ နေစေပြီး သူတို့ရဲ့ လုံခြုံစိတ်ချရမှု အားလုံးရဲ့ လုံခြုံစိတ်ချရမှုအတွက် ဆက်လက် လုပ်ဆောင်ကြပါမယ်။ သူတိုပတွေ အိမ်ကနေပြီးလည်း ကျနေ်ာတို့ကို အားပေးနေကြမယ်ဆိုတာ သိပါတယ်။ ကျနေ်ာတို့ ဘောလုံးကစားတာက သူတို့ကို ပုံမှန် လူမှုဘဝ အရသာမျိုး ခံစားရစေပြီး ပျော်ရွှင်စေရမယ်လို့ ယုံကြည်ပါတယ် ” လို့ ပြောပြခဲ့တယ်။

ဂျာမနီမှာ နေအိမ်မှာပဲ နေထိုင်ဖို့ဆိုတဲ့ ပိတ်ဆို့မှု အစီအစဉ် လုပ်ဆောင်မှုတွေ ရှိခဲ့စဉ်မှာ ကန်နီက အင်္ဂလန်ကို မပြန်ခဲ့ပါဘူး။ သူက ဂျာမနီမှာပဲ ဆက်နေပြီး အခြေအနေတွေကို စောင့်ကြည့်ကာ ကိုယ်ဘာသာ အားမွေးခဲ့ပါတယ်။

ကန်နီက ” ကိုယ်ဘာသာ ကြံ့ခိုင်နေဖို့ ဆက်လက်ပြီး အာရုံစိုက် ကြိုးစားနေပါတယ်။ သာမာန်အချိန်တွေလိုပဲ မှန်မှန်စားတယ်၊ ပုံမှန်အိပ်ပါတယ်။ မနက် ၃ နာရီလောက်မှ အိပ်ပြီး နေခင်းမှ အိပ်ရာထတာမျိုးတွေ မလုပ်ပါဘူး။

ဂျာမနီမှာက အခြေအနေကို တည်တည်ငြိမ်ငြိမ် ထိန်းသိမ်းပါတယ်။ ဈေးဆိုင်တွေကို မက်စ် မပါပဲ သွားခွင့် လုံးဝ မရှိပါဘူး။ ဒီလို ကိစ္စတွေမှာ လူတိုင်းကလည်း ပူးပေါင်း ပါဝင်ကြပါတယ်။ အစိုးရက ဘယ်လို အမိန့်ပဲ ထုတ်ထုတ် လူတိုင်းက ညီညီညွှတ်ညွှတ်နဲ့ လိုက်နာကြပါတယ်။ အဲ့လိုမျိုးတွေ မြင်ရတာ သိပ်ကောင်းပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ဂျာမနီဟာ ကိုရိုနာ ကူးစက်မှုနှုန်း နည်းပါးတဲ့ နိုင်ငံတော့ မဟုတ်ပေမယ့် စီမံအုပ်ချုပ်မှု ကောင်းသလို ပြည်သူပြည်သားတွေကလည်း အစိုးရရဲ့ လမ်းညွှန်ချက်တွေကို တာဝန်သိစိတ်အပြည့်နဲ့ လိုက်နာခြင်းကြောင့် ကိုရိုနာ ကပ်ဘေးကို အခုချိန်ထိ အကောင်းဆုံး ဟန့်တားနိုင်နေတာ ဖြစ်ပါတယ်။

ZAWGYI – ေရွာ္ေကးအသင္းကို အငွားထြက္ကစားေနတဲ့ အဲဗာတန္အသင္းမွ ညာအစြန္လူ ဂၽြန္ဂ်ိဳကန္နီက ဘြန္ဒက္လီဂါ ျပန္စေတာ့မွာနဲ႔ ေဘာလံုးျပန္ကစားရေတာ့မွာကို ေပ်ာ္ရႊင္ေနပါတယ္။

မိခင္တိုင္းျပည္ျဖစ္တဲ့ ျဗိတိန္မွာ ေနအိမ္ျပင္ပ မထြက္ဖို႔နဲ႔ မက္စ္ မတပ္ဖို႔ဆိုတဲ့ လမ္းညႊန္ခ်က္ေတြကို လိုက္ပါမႈ အားနည္းၾကေပမယ့္ ဂ်ာမနီမွာေတာ့ စည္းကမ္းေကာင္းစြာပဲ အစိုးရရဲ႕ လမ္းညႊန္မႈကို လိုက္နာမႈ ေကာင္းၾကတာပါ။ ပရီးမီးယားလိဂ္ျပန္စျပီး ျပည္သူျပည္သားေတြကို ခြန္းအားေပးဖို႔ လုပ္ေဆာင္မႈကို ကန္႔ကြက္ေနၾကေပမယ့္ ဘြန္ဒက္လီဂါမွာေတာ့ အားလံုးက ညီညာမႈရွိကာ ဒီအပတ္မွာ ပြဲေတြ ျပန္စႏုိင္ပါေတာ့မယ္။

ကန္နီက ” ေဘာလံုးမွာ အဓိကက ပရိသတ္ေတြပါပဲ။ သူတို႔က ပြဲရွိန္ကို ပိုတက္ေစသူေတြပါ။ အိမ္ကြင္းေတြမွာ ကစားရတဲ့အခါ သူတို႔ရဲ႕ ေထာက္ခံ အားေပးမႈေတြေၾကာင့္ ကြင္းထဲက အသင္းသားေတြက ျခားနားတဲ့ ေယာက္က်ားေတြအျဖစ္ ခံစားရပါတယ္။

အခုျဖစ္ေနတာက ေဘာလံုးတင္ မဟုတ္ပဲ ကမၻာအေရးျဖစ္ပါတယ္။ ဒီေတာ့ ပရိသတ္ေတြကို အေဝးမွာ ေနေစျပီး သူတို႔ရဲ႕ လံုျခံဳစိတ္ခ်ရမႈ အားလံုးရဲ႕ လံုျခံဳစိတ္ခ်ရမႈအတြက္ ဆက္လက္ လုပ္ေဆာင္ၾကပါမယ္။ သူတိုပေတြ အိမ္ကေနျပီးလည္း က်ေန္ာတို႔ကို အားေပးေနၾကမယ္ဆိုတာ သိပါတယ္။ က်ေန္ာတို႔ ေဘာလံုးကစားတာက သူတို႔ကို ပံုမွန္ လူမႈဘဝ အရသာမ်ိဳး ခံစားရေစျပီး ေပ်ာ္ရႊင္ေစရမယ္လို႔ ယံုၾကည္ပါတယ္ ” လို႔ ေျပာျပခဲ့တယ္။

ဂ်ာမနီမွာ ေနအိမ္မွာပဲ ေနထိုင္ဖို႔ဆိုတဲ့ ပိတ္ဆို႔မႈ အစီအစဥ္ လုပ္ေဆာင္မႈေတြ ရွိခဲ့စဥ္မွာ ကန္နီက အဂၤလန္ကို မျပန္ခဲ့ပါဘူး။ သူက ဂ်ာမနီမွာပဲ ဆက္ေနျပီး အေျခအေနေတြကို ေစာင့္ၾကည့္ကာ ကိုယ္ဘာသာ အားေမြးခဲ့ပါတယ္။

ကန္နီက ” ကိုယ္ဘာသာ ၾကံ႕ခိုင္ေနဖို႔ ဆက္လက္ျပီး အာရံုစိုက္ ၾကိဳးစားေနပါတယ္။ သာမာန္အခ်ိန္ေတြလိုပဲ မွန္မွန္စားတယ္၊ ပံုမွန္အိပ္ပါတယ္။ မနက္ ၃ နာရီေလာက္မွ အိပ္ျပီး ေနခင္းမွ အိပ္ရာထတာမ်ိဳးေတြ မလုပ္ပါဘူး။

ဂ်ာမနီမွာက အေျခအေနကို တည္တည္ျငိမ္ျငိမ္ ထိန္းသိမ္းပါတယ္။ ေစ်းဆုိင္ေတြကို မက္စ္ မပါပဲ သြားခြင့္ လံုးဝ မရွိပါဘူး။ ဒီလို ကိစၥေတြမွာ လူတိုင္းကလည္း ပူးေပါင္း ပါဝင္ၾကပါတယ္။ အစိုးရက ဘယ္လို အမိန္႔ပဲ ထုတ္ထုတ္ လူတိုင္းက ညီညီညႊတ္ညႊတ္နဲ႔ လိုက္နာၾကပါတယ္။ အဲ့လိုမ်ိဳးေတြ ျမင္ရတာ သိပ္ေကာင္းပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။

ဂ်ာမနီဟာ ကိုရိုနာ ကူးစက္မႈႏႈန္း နည္းပါးတဲ့ ႏုိင္ငံေတာ့ မဟုတ္ေပမယ့္ စီမံအုပ္ခ်ဳပ္မႈ ေကာင္းသလို ျပည္သူျပည္သားေတြကလည္း အစိုးရရဲ႕ လမ္းညႊန္ခ်က္ေတြကို တာဝန္သိစိတ္အျပည့္နဲ႔ လိုက္နာျခင္းေၾကာင့္ ကိုရိုနာ ကပ္ေဘးကို အခုခ်ိန္ထိ အေကာင္းဆံုး ဟန္႔တားႏုိင္ေနတာ ျဖစ္ပါတယ္။