ဂွာဒီယိုလာကို ပြန်ခေါ်ပေးမယ်ဆိုပြီး ဘာစီလိုနာ ဥက္ကဌဖြစ်ရေး မဲဆွယ်နေတဲ့ လာပေါ်တာ

UNICODE – ဘာစီလိုနာ ဥက္ကဌဟောင်း လာပေါ်တာက ၂၀၂၁ ရွေးကောက်ပွဲမှာ သူဟာ ဘာကာ ဥက္ကဌ ပြန်ဖြစ်လာရင် ဂွာဒီယိုလာကို နူးကမ့်ထံ ပြန်ခေါ်မယ်လို့ မဲဆွယ်မှုကို စတင်လိုက်ပါတယ်။

လာပေါ်တာဟာ သူတာဝန်ယူစဉ် ကာလမှာ ဂွာဒီယိုလာကို ဘာစီလိုနာ မန်နေဂျာအဖြစ် တာဝန်ယူစေခဲ့သူပါ။ ၂၀၀၈ ကနေ ၂၀၁၂ အတွင်းမှာ ဂွာဒီယိုလာဟာ ဘာစီလိုနာနဲ့အတူ အောင်မြင်မှုတွေ များစွာ အနိုင်ရခဲ့ပြီး လာလီဂါဖလား သုံးနှစ်ဆက် ရခဲ့ခြင်းလည်း ပါဝင်ခဲ့ပါတယ်။

လာပေါ်တာက ” ပပ်ကို ပြန်ခေါ်ဖို့ကို ကျနော် အရမ်း သဘောကျပါတယ်။ ဒါပေမယ့် အခုချိန်မှာ သူက မန်စီးတီးမန်နေဂျာပါ။ ဆုံးဖြတ်ချက်က သူ့အပေါ်မှာပဲ မူတည်ပါတယ်။ လူတိုင်းက ဘာစီလိုနာကို ပပ်နဲ့ တွဲဘက်ပြီး မြင်တတ်ကြတယ်။ များစွာသော ပရိသတ်တွေကလည်း သူ့ကို ဘာစီလိုနာထံ တစ်ကျော့ပြန်ပြီး ခေါ်ယူလိုပါလိမ့်မယ်။

ကျနော်ရဲ့ ကိုယ်စားလှယ်လောင်း ပြိုင်ဆိုင်မှုနဲ့ ပက်သက်ပြီး အလုပ်လုပ်နေပါတယ်။ ဘာစီလိုနာအသင်းကို ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီးပါပြီ နောက်တစ်ကြိမ် ပြန်ပြီး တာဝန်ယူလိုပါတယ်။ ၂၀၂၁ မှာ ဘာကာရဲ့ အခြေအနေက ဒရာမာ ဆန်ဆန် အနေအထားနဲ့ ပရိသတ်တွေ အလိုရှိတဲ့ အခြေအနေကို ပြောင်းလဲပစ်ရပါမယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

လာပေါ်တာကပဲ ဘာစီလိုနာ ဂန္တဝင်ကြီးဖြစ်တဲ့ ဇာဗီကို ကာတာကနေ ဘာစီလိုနာ ပြန်ခေါ်ရေးနဲ့ ပက်သက်လို့ စကားပြောမှု လုပ်ခဲ့ပါသေးတယ်။ လက်ရှိ လူစာရင်းကို ကိုင်တွယ်ဖို့တော့ ဇာဗီက ပြန်လာလိုဦးမှာ မဟုတ်ဘဲ အချိန်တစ်ခုကို စောင့်ရမယ်လို့ သူက ပြောပါတယ်။

” ဇာဗီက နည်းပြလိုင်းထဲ ဝင်ရောက်ပြီးနေပါပြီ။ မှန်ကန်တဲ့ အချိန်မှာ ဘာစီလိုနာကို ကိုင်တွယ်ဖို့ သူ ဆုံးဖြတ်ချက် ချပါလိမ့်မယ်။ ကိုယ်ကစားခဲ့တဲ့ အသင်းဖော်တွေကို နည်းပြဖို့ဆိုတာက မလွယ်ပါဘူး။ ဘယ်အချိန်မှာ ဆုံးဖြတ်ချက် ချရမယ်ဆိုတာကို သူသိပါတယ် ” လို့ လာပေါ်တာက ပြောဆိုသွားပါတယ်။

ZAWGYI – ဘာစီလိုနာ ဥကၠဌေဟာင္း လာေပၚတာက ၂၀၂၁ ေရြးေကာက္ပြဲမွာ သူဟာ ဘာကာ ဥကၠဌ ျပန္ျဖစ္လာရင္ ဂြာဒီယိုလာကို ႏူးကမ့္ထံ ျပန္ေခၚမယ္လို႔ မဲဆြယ္မႈကို စတင္လိုက္ပါတယ္။

လာေပၚတာဟာ သူတာဝန္ယူစဥ္ ကာလမွာ ဂြာဒီယိုလာကို ဘာစီလိုနာ မန္ေနဂ်ာအျဖစ္ တာဝန္ယူေစခဲ့သူပါ။ ၂၀၀၈ ကေန ၂၀၁၂ အတြင္းမွာ ဂြာဒီယိုလာဟာ ဘာစီလိုနာနဲ႔အတူ ေအာင္ျမင္မႈေတြ မ်ားစြာ အႏုိင္ရခဲ့ျပီး လာလီဂါဖလား သံုးႏွစ္ဆက္ ရခဲ့ျခင္းလည္း ပါဝင္ခဲ့ပါတယ္။

လာေပၚတာက ” ပပ္ကို ျပန္ေခၚဖို႔ကို က်ေနာ္ အရမ္း သေဘာက်ပါတယ္။ ဒါေပမယ့္ အခုခ်ိန္မွာ သူက မန္စီးတီးမန္ေနဂ်ာပါ။ ဆံုးျဖတ္ခ်က္က သူ႔အေပၚမွာပဲ မူတည္ပါတယ္။ လူတိုင္းက ဘာစီလိုနာကို ပပ္နဲ႔ တြဲဘက္ျပီး ျမင္တတ္ၾကတယ္။ မ်ားစြာေသာ ပရိသတ္ေတြကလည္း သူ႔ကို ဘာစီလိုနာထံ တစ္ေက်ာ့ျပန္ျပီး ေခၚယူလိုပါလိမ့္မယ္။

က်ေနာ္ရဲ႕ ကိုယ္စားလွယ္ေလာင္း ျပိဳင္ဆိုင္မႈနဲ႔ ပက္သက္ျပီး အလုပ္လုပ္ေနပါတယ္။ ဘာစီလိုနာအသင္းကို ဥကၠဌအျဖစ္ တာဝန္ယူခဲ့ျပီးပါျပီ ေနာက္တစ္ၾကိမ္ ျပန္ျပီး တာဝန္ယူလိုပါတယ္။ ၂၀၂၁ မွာ ဘာကာရဲ႕ အေျခအေနက ဒရာမာ ဆန္ဆန္ အေနအထားနဲ႔ ပရိသတ္ေတြ အလိုရွိတဲ့ အေျခအေနကို ေျပာင္းလဲပစ္ရပါမယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လာေပၚတာကပဲ ဘာစီလိုနာ ဂႏၱဝင္ၾကီးျဖစ္တဲ့ ဇာဗီကို ကာတာကေန ဘာစီလိုနာ ျပန္ေခၚေရးနဲ႔ ပက္သက္လို႔ စကားေျပာမႈ လုပ္ခဲ့ပါေသးတယ္။ လက္ရွိ လူစာရင္းကို ကိုင္တြယ္ဖို႔ေတာ့ ဇာဗီက ျပန္လာလိုဦးမွာ မဟုတ္ဘဲ အခ်ိန္တစ္ခုကို ေစာင့္ရမယ္လို႔ သူက ေျပာပါတယ္။

” ဇာဗီက နည္းျပလိုင္းထဲ ဝင္ေရာက္ျပီးေနပါျပီ။ မွန္ကန္တဲ့ အခ်ိန္မွာ ဘာစီလိုနာကို ကိုင္တြယ္ဖို႔ သူ ဆံုးျဖတ္ခ်က္ ခ်ပါလိမ့္မယ္။ ကိုယ္ကစားခဲ့တဲ့ အသင္းေဖာ္ေတြကို နည္းျပဖို႔ဆိုတာက မလြယ္ပါဘူး။ ဘယ္အခ်ိန္မွာ ဆံုးျဖတ္ခ်က္ ခ်ရမယ္ဆိုတာကို သူသိပါတယ္ ” လို႔ လာေပၚတာက ေျပာဆိုသြားပါတယ္။