NEWS: ချန်ပီယံလိဂ် ခြေစစ်ပွဲနဲ့ အုပ်စုပွဲစဉ်တွေအတွက် ကြေညာချက် ထုတ်ပြန်လိုက်တဲ့ UEFA

ယူအီးအက်ဖ်အေကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲနဲ့ အုပ်စုပွဲစဉ်တွေကို လုပ်ရိုး လုပ်စဉ်အတိုင်းပဲ ကျင်းပမှာ ဖြစ်ပြီး အခြားလိဂ်တွေကြောင့် ပြောင်းလဲ ပေးမှာ မဟုတ်ကြောင်း သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် ဘောလုံးပွဲတွေ ရပ်နားထားရပြီး ဥရောပ ဘောလုံး အာဏာပိုင်တွေက ပြည်တွင်း အမှတ်ပေးလိဂ် ပြိုင်ပွဲတွေရဲ့ အခြေအနေကို စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။ ပြိုင်ပွဲတွေ ကွင်းပိတ်စနစ်နဲ့ ဆက်လက် ကျင်းပဖို့ ကြိုးစားနေကြတာ ရှိပြီး နှောင့်နှေးနေမယ်ဆိုရင် နောက်ဘောလုံးရာသီရဲ့ ဥရောပပွဲစဉ်တွေကို ထိခိုက်လာဖွယ် ရှိနေတာပါ။

ချန်ပီယံလိဂ် ခြေစစ်ပွဲတွေလည်း ကျင်းပဖို့ ရှိနေတာကြောင့် ယူအီးအက်ဖ်အေက ပြည်တွင်းပြိုင်ပွဲတွေကြောင့်တော့ သူတို့ လုပ်ရိုး လုပ်စဉ်တွေကို ပြောင်းလဲ ပေးမှာ မဟုတ်ကြောင်း၊ ခြေစစ်ပွဲ ကစားကို ကစားရမှာ ဖြစ်ကြောင်း သတိပေးချက် ထုတ်လာခဲ့တာ ဖြစ်ပါတယ်။

” ယူအီးအက်ဖ်အေက ပြည်တွင်း ချန်ပီယံအသင်းတွေရဲ့ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေထိ ပါဝင်ကစားနိုင်ခွင့် ရှိနေတဲ့ အခွင့်အရေးကို ဖယ်ထုတ်ပစ်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ပါဘူး။

လောလောဆယ် သေချာ ရှင်းလင်းစွာ ပြောချင်တာက လက်ရှိ အနေအထားကြီးကို စောင့်ကြည့်နေ်ပြီး နောက်နှစ် ခြေစစ်ပွဲတွေကို ထိခိုက်မှု ရှိနိုင်မယ့် အလားအလာတွေကို တွက်ချက် လေ့လာနေပါတယ်။ ဒီတော့ ဥရောပ ပြိုင်ပွဲတွေရဲ့ ခြေစစ်ပွဲတွေကို (သေချာပေါက် ကစားစေမှာ ဖြစ်တာကြောင့်) အခုထိ အခြား နည်းလမ်းနဲ့ လုပ်ဆောင်စေဖို့ အစီအစဉ် မရှိပါဘူး။ ” လို့ ဖော်ပြထားပါတယ်။

ဥရောပ ထိပ်သီး လိဂ်ကြီးတွေကလွဲလို့ အခြားလိဂ်တွေက ချန်ပီယံတွေဟာ ချန်ပီယံလိဂ်မှာ ပါဝင်ခွင့်ရဖို့ ခြေစစ်ပွဲများ ကစားရဦးမှာ ဖြစ်ပါတယ်။ နောက်ရာသီ ချန်ပီယံလိဂ် အတွက် ပထမဆင့် ခြေစစ်ပွဲတွေကို ဇွန် ၂၃ မှာ ကစားဖို့ စီစဉ်ထားပေမယ့် ဒီရာသီ ဗိုလ်လုပွဲကတောင် သြဂုတ် ၂၉ ထိ ရွှေ့ဆိုင်းထားရတာ ဖြစ်တာကြောင့် ခြေစစ်ပွဲ ကစားမယ့် ရက်တွေကို ဆက်လက် နောက်ဆုတ်ပေးသွားဖွယ် ရှိပါတယ်။

Zawgyi – ယူအီးအက္ဖ္ေအကေတာ့ ခ်န္ပီယံလိဂ္ျပိဳင္ပြဲ ေျခစစ္ပြဲနဲ႕ အုပ္စုပြဲစဥ္ေတြကို လုပ္ရိုး လုပ္စဥ္အတိုင္းပဲ က်င္းပမွာ ျဖစ္ျပီး အျခားလိဂ္ေတြေၾကာင့္ ေျပာင္းလဲ ေပးမွာ မဟုတ္ေၾကာင္း သတိေပးခ်က္ ထုတ္ျပန္လုိက္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ရိုက္ခတ္မႈေၾကာင့္ ေဘာလံုးပြဲေတြ ရပ္နားထားရျပီး ဥေရာပ ေဘာလံုး အာဏာပိုင္ေတြက ျပည္တြင္း အမွတ္ေပးလိဂ္ ျပိဳင္ပြဲေတြရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနၾကဆဲ ျဖစ္ပါတယ္။ ျပိဳင္ပြဲေတြ ကြင္းပိတ္စနစ္နဲ႕ ဆက္လက္ က်င္းပဖို႔ ၾကိဳးစားေနၾကတာ ရွိျပီး ေနွာင့္ေနွးေနမယ္ဆိုရင္ ေနာက္ေဘာလံုးရာသီရဲ႕ ဥေရာပပြဲစဥ္ေတြကို ထိခိုက္လာဖြယ္ ရွိေနတာပါ။

ခ်န္ပီယံလိဂ္ ေျခစစ္ပြဲေတြလည္း က်င္းပဖို႔ ရွိေနတာေၾကာင့္ ယူအီးအက္ဖ္ေအက ျပည္တြင္းျပိဳင္ပြဲေတြေၾကာင့္ေတာ့ သူတို႔ လုပ္ရိုး လုပ္စဥ္ေတြကို ေျပာင္းလဲ ေပးမွာ မဟုတ္ေၾကာင္း၊ ေျခစစ္ပြဲ ကစားကို ကစားရမွာ ျဖစ္ေၾကာင္း သတိေပးခ်က္ ထုတ္လာခဲ့တာ ျဖစ္ပါတယ္။

” ယူအီးအက္ဖ္ေအက ျပည္တြင္း ခ်န္ပီယံအသင္းေတြရဲ႕ ယူအီးအက္ဖ္ေအ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ေတြထိ ပါ၀င္ကစားနုိင္ခြင့္ ရွိေနတဲ့ အခြင့္အေရးကို ဖယ္ထုတ္ပစ္ဖို႔ ဘယ္တုန္းကမွ မစဥ္းစားခဲ့ပါဘူး။

ေလာေလာဆယ္ ေသခ်ာ ရွင္းလင္းစြာ ေျပာခ်င္တာက လက္ရွိ အေနအထားၾကီးကို ေစာင့္ၾကည့္ေန္ျပီး ေနာက္နွစ္ ေျခစစ္ပြဲေတြကို ထိခိုက္မႈ ရွိနုိင္မယ့္ အလားအလာေတြကို တြက္ခ်က္ ေလ့လာေနပါတယ္။ ဒီေတာ့ ဥေရာပ ျပိဳင္ပြဲေတြရဲ႕ ေျခစစ္ပြဲေတြကို (ေသခ်ာေပါက္ ကစားေစမွာ ျဖစ္တာေၾကာင့္) အခုထိ အျခား နည္းလမ္းနဲ႕ လုပ္ေဆာင္ေစဖို႔ အစီအစဥ္ မရွိပါဘူး။ ” လို႔ ေဖာ္ျပထားပါတယ္။

ဥေရာပ ထိပ္သီး လိဂ္ၾကီးေတြကလြဲလို႔ အျခားလိဂ္ေတြက ခ်န္ပီယံေတြဟာ ခ်န္ပီယံလိဂ္မွာ ပါ၀င္ခြင့္ရဖို႔ ေျခစစ္ပြဲမ်ား ကစားရဦးမွာ ျဖစ္ပါတယ္။ ေနာက္ရာသီ ခ်န္ပီယံလိဂ္ အတြက္ ပထမဆင့္ ေျခစစ္ပြဲေတြကို ဇြန္ ၂၃ မွာ ကစားဖို႔ စီစဥ္ထားေပမယ့္ ဒီရာသီ ဗိုလ္လုပြဲကေတာင္ ၾသဂုတ္ ၂၉ ထိ ေရႊ႕ဆိုင္းထားရတာ ျဖစ္တာေၾကာင့္ ေျခစစ္ပြဲ ကစားမယ့္ ရက္ေတြကို ဆက္လက္ ေနာက္ဆုတ္ေပးသြားဖြယ္ ရွိပါတယ္။