လန်ဒန် သုံးသင်း အပါအဝင် ကြားကွင်းကစားဖို့ ကန့်ကွက်ခဲ့ကြတဲ့ ပရီးမီးယားလိဂ်ကလပ် ၁၂ သင်း
UNICODe – မေလ ၁၁ ရက်နေ့ ပရီးမီးယားလိဂ် ရှယ်ယာရှင်များ အစည်းအဝေးမှာတော့ ကလပ်တွေက လိဂ်ပြန်စရေးမှာ ကြားကွင်းတွေမှာ ကစားဖို့ဆိုတဲ့ အချက်ကို ကလပ် ၁၂ သင်းထိ ကန့်ကွက်ခဲ့ကြပါတယ်။
ဗြိတိန်အာဏာပိုင်တွေနဲ့ ဗြိတိန်ဘောလုံးဆိုင်ရာ ရဲအရာရှိတွေက ၎င်းတို့ ထိန်းချုပ်နိုင်စွမ်းရှိမယ့် အခြေအနေတွေအရ ဘောလုံးပွဲ ပြန်စတင်မှုကို ကြားကွင်းမှာပဲ ကစားစေလိုပေမယ့် တန်းဆင်းဇုန် အပါအဝင် ကလပ် ၁၂ သင်းက ကန့်ကွက်ခြင်းကြောင့် သက်ဆိုင်ရာ အိမ်ကွင်း၊ အဝေးကွင်းတွေမှာ ကစားခွင့်ကိုပဲ အစိုးရထံ တင်ပြ တောင်းခံမှာဖြစ်တယ်။
တယ်လီဂရပ်က ဖော်ပြရာမှာတော့ ကြားကွင်းကစားဖို့ကို တောက်လျှောက် ငြင်းဆန်လာခဲ့တဲ့ ကလပ် ၆ သင်းက တန်းဆင်းဇုန် ၆ သင်းဖြစ်ပြီး ၎င်းတို့ကို ပုန်ကန်သူအဖွဲ့လို့တောင် ကင်ပွန်းတပ်ခဲ့ကြပါတယ်။ တနင်္လာနေ့ အစည်းအဝေးမှာတော့ ထပ်တိုး ပူးပေါင်းခဲ့တဲ့ ကလပ် ၃ သင်းဟာ လန်ဒန်အခြေစိုက် ကလပ်တွေဖြစ်ပြီး ချယ်ဆီး၊ စပါးနဲ့ အာဆင်နယ်အသင်းတို့ ဖြစ်ပါတယ်။
ကလပ်တွေက ဒေသခံ ရဲအဖွဲ့တွေရဲက ထောက်ပံ့ပေးမှုနဲ့ ကိုယ်ပိုင်းကွင်းတွေမှာပဲ ကစားကွင်းတွေကို လုံလုံခြုံခြုံ ရှိစေဖို့ကို လုပ်ဆောင်နိုင်မယ် ယုံကြည်ထားကြတယ်။ လန်ဒန်ကလပ်တွေကို ကွင်းကြီးတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းတွေ ဒီစာရင်းထဲ ပါဝင်ခဲ့တာက စပွန်ဆာ စာချုပ်ကြီးတွေ ချုပ်ဆိုထားမှုတွေ ရှိတဲ့အတွက် အိမ်ကွင်းမှာ မကစားရရင် ငွေကြေးတွေ ပြန်လျော်ရမှာဖြစ်ခြင်းကြောင့်လို့ သိရပါတယ်။
ကန့်ကွက်တဲ့ ကလပ်တွေဟာ ပရိသတ် မပါပဲ ကစားရမယ်ဆိုတာကို နားလည်ပေမယ့် အိမ်ကွင်း အားသာချက်ကို အဆုံးရံှူး မခံနိုင်တာကြောင့်လည်း အခုလို ကန့်ကွက်ခြင်းဖြစ်တယ်။ ၎င်းအသင်းတွေ နောက်ပိုင်းမှာ လက်စတာ၊ နယူးကာဆယ်နဲ့ အဲဗာတန်အသင်းတို့ကပါ ကြားကွင်း မကစားလိုခြင်းကြောင့် ကန့်ကွက်သူ ၁၂ သင်း ထိ ရောက်သွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှူဆောင်ချုပ် ရစ်ချတ် မာစတာက ကလပ်တွေက ကြားကွင်းကစားခြင်းကို ကန့်ကွက်ကြခြင်းကြောင့် ကိုယ်ပိုင် အိမ်ကွင်းတွေမှာပဲ ကစားခွင့်အတွက် ဒီအပတ်မှာ အာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာဖြစ်တယ်။ ဇွန်လ ၁ ရက်နေ့ကစပြီး ဘောလုံးကစားဖို့ အစိုးရက ခွင့်ပြုပေမယ့် ကိုယ်ပိုင် အိမ်ကွင်းတွေမှာ ကစားဖို့ကိုတော့ အားကစားဆိုင်ရာ လုံခြုံရေး အာဏာပိုင်အဖွဲ့ကပေးတဲ့ အကြံဉာဏ်က တစ်ဆင့် နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်ပါမယ်။
တနင်္လာနေ့ အစည်းအဝေးမှာပဲ မတ်လကစလို့ ဘောလုံးပွဲတွေ စတင်ရပ်နားပြီးနောက်ပိုင်း တွေ့ဆုံ ညိနှိုင်းမှုတွေအတွင်း ပထမဆုံးအကြိမ်အဖြစ် ဘောလုံးရာသီကို အဆုံးမသတ်နိုင်ရင် လိဂ်ကို ဘယ်လို စီမံမလဲဆိုတဲ့ အချက်ကိုပါ ဆွေးနွေးမှု လုပ်ခဲ့ကြပါတယ်။
ZAWGYI – မေလ ၁၁ ရက်နေ့ ပရီးမီးယားလိဂ် ရှယ်ယာရှင်များ အစည်းအဝေးမှာတော့ ကလပ်တွေက လိဂ်ပြန်စရေးမှာ ကြားကွင်းတွေမှာ ကစားဖို့ဆိုတဲ့ အချက်ကို ကလပ် ၁၂ သင်းထိ ကန့်ကွက်ခဲ့ကြပါတယ်။
ဗြိတိန်အာဏာပိုင်တွေနဲ့ ဗြိတိန်ဘောလုံးဆိုင်ရာ ရဲအရာရှိတွေက ၄င်းတို့ ထိန်းချုပ်နိုင်စွမ်းရှိမယ့် အခြေအနေတွေအရ ဘောလုံးပွဲ ပြန်စတင်မှုကို ကြားကွင်းမှာပဲ ကစားစေလိုပေမယ့် တန်းဆင်းဇုန် အပါအဝင် ကလပ် ၁၂ သင်းက ကန့်ကွက်ခြင်းကြောင့် သက်ဆိုင်ရာ အိမ်ကွင်း၊ အဝေးကွင်းတွေမှာ ကစားခွင့်ကိုပဲ အစိုးရထံ တင်ပြ တောင်းခံမှာဖြစ်တယ်။
ကန့်ကွက်တဲ့ ကလပ်တွေဟာ ပရိသတ် မပါပဲ ကစားရမယ်ဆိုတာကို နားလည်ပေမယ့် အိမ်ကွင်း အားသာချက်ကို အဆုံးရှူံး မခံနိုင်တာကြောင့်လည်း အခုလို ကန့်ကွက်ခြင်းဖြစ်တယ်။ ၄င်းအသင်းတွေ နောက်ပိုင်းမှာ လက်စတာ၊ နယူးကာဆယ်နဲ့ အဲဗာတန်အသင်းတို့ကပါ ကြားကွင်း မကစားလိုခြင်းကြောင့် ကန့်ကွက်သူ ၁၂ သင်း ထိ ရောက်သွားခဲ့ပါတယ်။