လီဗာပူးအတွက် ကစားပေးဖို့ စတီဗင်ဂျရတ်ကို ပြန်ခေါ်လိုကြောင်း ဝန်ခံလိုက်တဲ့ ယာဂင်ကလော့ပ်

UNICODE – မန်နေဂျာ ယာဂင်ကလော့ပ်က ကစားသမားဟောင်းတွေထဲက တစ်ဦးကို လီဗာပူအတွက် ပြန်ခေါ်လို့ရမယ်ဆိုရင် စတီဗင်ဂျရတ်ကို ပြန်ခေါ်လိုတယ်လို့ ဝန်ခံလိုက်ပါတယ်။

၂၀၁၅ ခုနှစ်မှာ အန်ဖီးကွင်းကနေ ထွက်ခွာသွားတဲ့ ဂျရတ်က ရိန်းဂျားအသင်းကို မန်နေဂျာအဖြစ် ကိုင်တွယ်နေတာပါ။ လီဗာပူးကစားသမားဘဝ ၁၇ နှစ်အတွင်း ပွဲပေါင်း ၇၁၀ လောက် ကစားပေးခဲ့တဲ့ ဂျရတ်ဟာ ရိန်းဂျားမှာ အောင်မြင်ဖို့ အဓိက အာရုံစိုက်မှာ ဖြစ်ပေမယ့် သူ့နှလုံးသားက လီဗာပူးမှာပဲဖြစ်ကာ အသင်းက အလိုရှိတဲ့ အချိန်တိုင်းမှာ အရောက်လာပါမယ်လို့လည်း ကိုဗစ်ကာလ အင်တာဗျူးမှာ ဖွင့်ဟထားပါသေးတယ်။

ကလော့ပ်ကော ဂျရတ်ပါ သက်ဆိုင်ရာ ကလပ်တွေမှာ ၂၀၂၄ ခုနှစ်ထိ တူညီတဲ့ စာချုပ်တွေ ရှိထားကြပြီး ဒါဟာ ၂၀၂၄ နောက်ပိုင်းမှာ ကလော့ပ်နေရာ ဆက်ခံသူအဖြစ် လီဗာပူးအသင်းက ဂျရတ်ကို ရည်မှန်းထားသလားဆိုတဲ့ မေးခွန်းတွေလည်း ရှိထားပါတယ်။

လီဗာပူးကစားသမားဟောင်းတွေထဲက ပြန်ခေါ်လို့ရရင် ဘယ်သူ့ကို ခေါ်လိုလဲဆိုတဲ့ အမေးကို ကလော့ပ်က ပြောရာမှာ ” စတီဗင်ကို ရွေးမှာပေါ့။ အဲ့တာက လွယ်လွယ်လေးပါ။ ဒါပေမယ့် ပွဲထွက်ခွင့်ရအောင်တောင် သူလည်း ကြိုးစား ယှဉ်ပြိုင်ရပါမယ်။ ” လို့ ဖြစ်ပါတယ်။

ကလေ့ပ်ကပဲ ဆက်ပြီး ပြောတာက ” ရယ်စရာကောင်းတာက ကျနေ်ာတို့က တူညီတဲ့ မြို့မှာ အတူ နေလာခဲ့တာ လေးနှစ်ခွဲလောက် ရှိပါပြီ။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မြို့ထဲမှာ မဆုံဖူးကြပါဘူး။ ကိုဗစ်ကြောင့် မြို့တွင်းမှာ အသွားအလာတွေ ကန့်သတ်လိုက်မှပဲ သူနဲ့ ခြောက်ကြိမ်၊ ခုနှစ်ကြိမ်လောက် ဆုံတွေ့ထားပါတယ်။

ကျနော် ခွေးနဲ့ လမ်းလျှောက်တာဖြစ်ဖြစ် ပြေးတာပဲဖြစ်ဖြစ် ဂျရတ်ကလည်း သူ့မိသားစုနဲ့ လမ်းလျှောက်လေ့ရှိတယ်။ ကျနော်တို့ လီဗာပူးမှာ အတူနေလာတဲ့ ကာလတစ်လျှောက်မှာ တွေ့ကြတာထက်ကို အခု အခြေအနေမှာ ပိုတွေ့ဖြစ်နေပါတယ် ” လို့ ဖြစ်ပါတယ်။

ကလော့ပ်ဟာ လီဗာပူးက သူ့ရဲ့ နေအိမ်ကနေ ပုံမှန် လမ်းလျှောက်ထွက်လေ့ရှိပြီး ဂျရတ်အိမ်ရှေ့ထိပါ အမြဲ ရောက်တာပါ။ သူနဲ့ ဂျရတ်တို့ဟာ တွေ့ဆုံစဉ်တွေမှာ စကားတွေ အမြဲပြောဖြစ်ခဲ့ပြီး ဂျရတ်ကိုယ်တိုင်ကလည်း ကိုဗစ်ကာလမှာ ကလော့ပ်နဲ့ စကားပြောခွင့်ရတာအတွက် ပျော်ပါတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးက အေးအေးဆေးဆေး ထိုင်ပြောခွင့်တော့ မရကြပဲ ကလော့ပ်က အိမ်ပြင်ကနေ ပြောပြီး ဂျရတ်က အိမ်ထဲကနေ ပြောတာမျိုးလိုပဲ တွေ့ဆုံခွင့်ရကြတယ်လို့ သိရပါတယ်။

ZAWGYI – မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ကစားသမားေဟာင္းေတြထဲက တစ္ဦးကို လီဗာပူအတြက္ ျပန္ေခၚလို႔ရမယ္ဆိုရင္ စတီဗင္ဂ်ရတ္ကို ျပန္ေခၚလိုတယ္လို႔ ဝန္ခံလိုက္ပါတယ္။

၂၀၁၅ ခုႏွစ္မွာ အန္ဖီးကြင္းကေန ထြက္ခြာသြားတဲ့ ဂ်ရတ္က ရိန္းဂ်ားအသင္းကို မန္ေနဂ်ာအျဖစ္ ကိုင္တြယ္ေနတာပါ။ လီဗာပူးကစားသမားဘဝ ၁၇ ႏွစ္အတြင္း ပြဲေပါင္း ၇၁၀ ေလာက္ ကစားေပးခဲ့တဲ့ ဂ်ရတ္ဟာ ရိန္းဂ်ားမွာ ေအာင္ျမင္ဖို႔ အဓိက အာရံုစိုက္မွာ ျဖစ္ေပမယ့္ သူ႔ႏွလံုးသားက လီဗာပူးမွာပဲျဖစ္ကာ အသင္းက အလိုရွိတဲ့ အခ်ိန္တိုင္းမွာ အေရာက္လာပါမယ္လို႔လည္း ကိုဗစ္ကာလ အင္တာဗ်ဴးမွာ ဖြင့္ဟထားပါေသးတယ္။

ကေလာ့ပ္ေကာ ဂ်ရတ္ပါ သက္ဆုိင္ရာ ကလပ္ေတြမွာ ၂၀၂၄ ခုႏွစ္ထိ တူညီတဲ့ စာခ်ဳပ္ေတြ ရွိထားၾကျပီး ဒါဟာ ၂၀၂၄ ေနာက္ပိုင္းမွာ ကေလာ့ပ္ေနရာ ဆက္ခံသူအျဖစ္ လီဗာပူးအသင္းက ဂ်ရတ္ကို ရည္မွန္းထားသလားဆိုတဲ့ ေမးခြန္းေတြလည္း ရွိထားပါတယ္။

လီဗာပူးကစားသမားေဟာင္းေတြထဲက ျပန္ေခၚလို႔ရရင္ ဘယ္သူ႔ကို ေခၚလိုလဲဆိုတဲ့ အေမးကို ကေလာ့ပ္က ေျပာရာမွာ ” စတီဗင္ကို ေရြးမွာေပါ့။ အဲ့တာက လြယ္လြယ္ေလးပါ။ ဒါေပမယ့္ ပြဲထြက္ခြင့္ရေအာင္ေတာင္ သူလည္း ၾကိဳးစား ယွဥ္ျပိဳင္ရပါမယ္။ ” လို႔ ျဖစ္ပါတယ္။

ကေလ့ပ္ကပဲ ဆက္ျပီး ေျပာတာက ” ရယ္စရာေကာင္းတာက က်ေန္ာတို႔က တူညီတဲ့ ျမိဳ႕မွာ အတူ ေနလာခဲ့တာ ေလးႏွစ္ခြဲေလာက္ ရွိပါျပီ။ ဒါေပမယ့္ တစ္ေယာက္နဲ႔ တစ္ေယာက္ ျမိဳ႕ထဲမွာ မဆံုဖူးၾကပါဘူး။ ကိုဗစ္ေၾကာင့္ ျမိဳ႕တြင္းမွာ အသြားအလာေတြ ကန္႔သတ္လိုက္မွပဲ သူနဲ႔ ေျခာက္ၾကိမ္၊ ခုႏွစ္ၾကိမ္ေလာက္ ဆံုေတြ႔ထားပါတယ္။

က်ေနာ္ ေခြးနဲ႔ လမ္းေလွ်ာက္တာျဖစ္ျဖစ္ ေျပးတာပဲျဖစ္ျဖစ္ ဂ်ရတ္ကလည္း သူ႔မိသားစုနဲ႔ လမ္းေလွ်ာက္ေလ့ရွိတယ္။ က်ေနာ္တို႔ လီဗာပူးမွာ အတူေနလာတဲ့ ကာလတစ္ေလွ်ာက္မွာ ေတြ႔ၾကတာထက္ကို အခု အေျခအေနမွာ ပိုေတြ႔ျဖစ္ေနပါတယ္ ” လို႔ ျဖစ္ပါတယ္။

ကေလာ့ပ္ဟာ လီဗာပူးက သူ႔ရဲ႕ ေနအိမ္ကေန ပံုမွန္ လမ္းေလွ်ာက္ထြက္ေလ့ရွိျပီး ဂ်ရတ္အိမ္ေရွ႔ထိပါ အျမဲ ေရာက္တာပါ။ သူနဲ႔ ဂ်ရတ္တို႔ဟာ ေတြ႔ဆံုစဥ္ေတြမွာ စကားေတြ အျမဲေျပာျဖစ္ခဲ့ျပီး ဂ်ရတ္ကိုယ္တိုင္ကလည္း ကိုဗစ္ကာလမွာ ကေလာ့ပ္နဲ႔ စကားေျပာခြင့္ရတာအတြက္ ေပ်ာ္ပါတယ္လို႔ ဆိုထားပါတယ္။ ဒါေပမယ့္ သူတို႔ႏွစ္ဦးက ေအးေအးေဆးေဆး ထိုင္ေျပာခြင့္ေတာ့ မရၾကပဲ ကေလာ့ပ္က အိမ္ျပင္ကေန ေျပာျပီး ဂ်ရတ္က အိမ္ထဲကေန ေျပာတာမ်ိဳးလိုပဲ ေတြ႔ဆံုခြင့္ရၾကတယ္လို႔ သိရပါတယ္။