စနေနေ့အတွက် နောက်ဆုံးရ ပရီးမီးယားလိဂ် ညနေခင်းသတင်းများ

UNICODE – ဘလွန်းဒီအော့ဆုကို ခံစစ်သမားတွေထဲက နောက်ဆုံးအကြိမ် အနိုင်ရထားတဲ့ အီတလီဂန္တဝင်ကြီး ကာနေဗာရိုးက ဗန်ဒိုက်ဟာ ထူးချွန်ပေမယ့် ဘောလုံးလောကမှာ တိုက်စစ်သမားတွေကိုပဲ အသားပေးကြောင်းနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် လီဗာပူးကို အနိုင်ရလိုတယ်လို့ ဆိုခဲ့ပါတယ်။

ချယ်ဆီး ကစားသမားဟောင်း ဖြစ်ပြီး လက်ရှိ ယူနိုက်တက် ကွင်းလယ်ကစားသမား မာတစ်က လတ်တလော အင်တာဗျူးမှာ ချယ်ဆီးအသင်းမှာ ရှိစဉ် အရမ်း ပျော်ရွှင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပေမယ့် လန်ဒန်ကနေ ထွက်ခွာခဲ့ရတဲ့ အကြောင်း မေးမြန်းရာမှာတော့ ဖြေဖို့ ငြင်းဆန်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပြန်စတင်ဖို့ကို ကလပ် အများအပြားက သဘောတူညီပေမယ့် သဘောမတူတဲ့ ကလပ်တွေလည်းရှိပြီး ဝတ်ဖိုဒ့်အသင်းကတော့ နောက်ဆုံးသော ကန့်ကွက်တဲ့အသင်းအဖြစ် ပါဝင်လာခဲ့ပါတယ်။

အေဂျက်အသင်း အကြီးအကဲဖြစ်သူ ဗန်ဒါးဆားက ယူနိုက်တက်က အလိုရှိနေတဲ့ ကလပ်ကြယ်ပွင့် ဗန်ဒါဘိခ်ကို ရောင်းထုတ်ပေးမှာ ဖြစ်ပေမယ့် ဈေးပေါပေါနဲ့တော့ မဟုတ်ပါဘူးလို့ ဖွင့်ပြောလိုက်ပါတယ်။

အာဆင်နယ် ကွင်းလယ်ကစားသမား မီဆွတ် အိုဇေးရဲ့ ဖန်တီးနိုင်စွမ်းတွေဟာ ထိပ်တန်းအဆင့်မှာ ရှိပေမယ့် ပရိသတ်တွေ အမြင်မှာ လျှော့တွက် ခံနေရတယ်လို့ အသင်းဖော် ဂိုးသမား လီနိုက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဘောလုံးပွဲတွေ ပြန်စတင်လို့ အစောပိုင်းပွဲတွေကို အနိုင်ကစားပြီး ချန်ပီယံဖြစ်ဖို့ သေချာသွားတာနဲ့တင် လီဗာပူးက လူငယ်တွေကိုပဲ ထုတ်သုံးသွားမှာကို ပရီးမီးယားလိဂ်ကလပ်တွေဘက်က စိုးရိမ်နေတယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။

အာဆင်နယ်အသင်းက ၎င်းတို့အသင်း အကယ်ဒမီထွက် ဘယ်အစွန်လူ ဆာကာကို ခေါ်ယူဖို့ လီဗာပူးက ကြိုးစားနေမှုကို အစွမ်းကုန် တားဆီးတဲ့ အနေနဲ့ ၅ နှစ် သက်တမ်းတိုးစာချုပ် ပေးနိုင်အောင် လုပ်ဆောင်မယ်လို့ သိရပါတယ်။

ချယ်ဆီး အသင်း ပစ်မှတ်ထားနေတဲ့ ရီးရဲလ်တိုက်စစ်မှူး ဂျိုဗစ်ဟာ အိမ်မှာ နေရတဲ့ ကာလအတွင်း လေ့ကျင့်ရင်း ဒဏ်ရာကြီး ရသွားတာကြောင့် လန်ဒန်အသင်းရဲ့ အပြောင်းအရွှေ့ အစီအစဉ် တချို့ ပြောင်းလဲရဖွယ် ရှိလာပါတယ်။

ရှက်ဖီးယူနိုက်တက် မန်နေဂျာ ခရစ် ဝိုင်ဒါက ဘောလုံးရာသီ အဆုံးသတ်တဲ့ အချိန်အထိ မန်ယူနိုက်တက်က ဟန်ဒါဆန်ကို အငှားချပေးမှုအား ကျင့်ဝတ်စောင့်ထိန်းပေးမယ်လို့ ယုံကြည်ကြောင်း ထုတ်ပြောလိုက်ပါတယ်။

အာဆင်နယ်အသင်းရဲ့ အိမ်ကွင်း အမ်းမရိတ် ပြင်ပမှာ ဂန္တဝင်မန်နေဂျာကြီး အာဆင်ဝင်းဂါးရဲ့ ပုံတူရုပ်တု ထားကာ ဂုဏ်ပြုပေးသင့်ကြောင်း ဂန်းနား ကြယ်ပွင့်ဟောင်းကြီးတွေဖြစ်တဲ့ ရေးပါလာနဲ့ မာတင်ကီယွန်တို့က ထောက်ခံစကားတွေ ပြောဆိုလိုက်ပါတယ်။

ဂျူဗင်တပ် ခံစစ်မှူး ဒီလစ်က လက်ရွေးစင် အသင်းဖော်ဖြစ်တဲ့ ဗန်ဒိုက်ရဲ့ ခံစစ်စွမ်းရည်ကို အထူးချီးကျူးလိုက်ပြီး လီဗာပူးခံစစ်သမားဟာ ခံစစ်သမားတိုင်း စံပြုရတဲ့ အရည်အချင်းကောင်းကို ပိုင်ဆိုင်ထားသူလို့ ဆိုပါတယ်။

ပြင်သစ်သား ကွင်းလယ်လူ ပေါ့ဘာအတွက် သတင်းဆိုးတစ်ခုကတော့ ဒီနွေမှာ သူ့ကို ခေါ်ယူမယ်လို့ အဓိက သတင်းကြီးထားတဲ့ ဂျူဗင်တပ်ကော ရီးရဲလ်မက်ဒရစ်ကပါ ဈေးကွက်ထဲမှာ ဝင်ရောက် ချိတ်ဆက်လာမှာ မဟုတ်တော့ပါဘူး။

ယူနိုက်တက် လူငယ်စတား ဂရင်းဝုဒ်ဟာ ဂျနုဇက်လို မဟုတ်ဘဲ ပျောက်ကွယ်သွားမယ့် ကြယ်ပွင့် မဟုတ်ဘူးလို့ ကစားသမားဟောင်းကြီး ဂယ်ရီနဗီးက ပြောဆိုပါတယ်။

ပရီးမီးယားလိဂ် ထိပ်ဆုံးအသင်းတွေဟာ ချန်ပီယံဖြစ်ဖို့၊ ဥရောပဝင်ခွင့်ရဖို့တွေပဲသိပြီး တန်းဆင်းဇုန်အသင်းတွေကို မငဲ့ကြကြောင်း ဝေဖန်မှုနဲ့အတူ အင်္ဂလန်လိဂ်ဟာ ဂိုဏ်းဂဏတွေ ကွဲပြားနေပြီး ထိပ်တန်းအသင်းတွေနဲ့ တန်းဆင်းဇုန်အသင်းတွေကြား ဆန့်ကျင်ဘက် တိုက်ခိုက်မှုအရှိန် ပိုမြင့်လာနေပါတယ်။

ZAWGYI – ဘလြန္းဒီေအာ့ဆုကို ခံစစ္သမားေတြထဲက ေနာက္ဆံုးအၾကိမ္ အႏုိင္ရထားတဲ့ အီတလီဂႏၱဝင္ၾကီး ကာေနဗာရိုးက ဗန္ဒိုက္ဟာ ထူးခၽြန္ေပမယ့္ ေဘာလံုးေလာကမွာ တိုက္စစ္သမားေတြကိုပဲ အသားေပးေၾကာင္းနဲ႔ ဒီရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ လီဗာပူးကို အႏုိင္ရလိုတယ္လို႔ ဆိုခဲ့ပါတယ္။

ခ်ယ္ဆီး ကစားသမားေဟာင္း ျဖစ္ျပီး လက္ရွိ ယူႏိုက္တက္ ကြင္းလယ္ကစားသမား မာတစ္က လတ္တေလာ အင္တာဗ်ဴးမွာ ခ်ယ္ဆီးအသင္းမွာ ရွိစဥ္ အရမ္း ေပ်ာ္ရႊင္ခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ေပမယ့္ လန္ဒန္ကေန ထြက္ခြာခဲ့ရတဲ့ အေၾကာင္း ေမးျမန္းရာမွာေတာ့ ေျဖဖို႔ ျငင္းဆန္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္ ျပန္စတင္ဖို႔ကို ကလပ္ အမ်ားအျပားက သေဘာတူညီေပမယ့္ သေဘာမတူတဲ့ ကလပ္ေတြလည္းရွိျပီး ဝတ္ဖိုဒ့္အသင္းကေတာ့ ေနာက္ဆံုးေသာ ကန္႔ကြက္တဲ့အသင္းအျဖစ္ ပါဝင္လာခဲ့ပါတယ္။

ေအဂ်က္အသင္း အၾကီးအကဲျဖစ္သူ ဗန္ဒါးဆားက ယူႏုိက္တက္က အလိုရွိေနတဲ့ ကလပ္ၾကယ္ပြင့္ ဗန္ဒါဘိခ္ကို ေရာင္းထုတ္ေပးမွာ ျဖစ္ေပမယ့္ ေစ်းေပါေပါနဲ႔ေတာ့ မဟုတ္ပါဘူးလို႔ ဖြင့္ေျပာလိုက္ပါတယ္။

အာဆင္နယ္ ကြင္းလယ္ကစားသမား မီဆြတ္ အိုေဇးရဲ႕ ဖန္တီးနိုင္စြမ္းေတြဟာ ထိပ္တန္းအဆင့္မွာ ရွိေပမယ့္ ပရိသတ္ေတြ အျမင္မွာ ေလွ်ာ့တြက္ ခံေနရတယ္လို႔ အသင္းေဖာ္ ဂိုးသမား လီနိုက ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ေဘာလံုးပြဲေတြ ျပန္စတင္လို႔ အေစာပိုင္းပြဲေတြကို အႏုိင္ကစားျပီး ခ်န္ပီယံျဖစ္ဖို႔ ေသခ်ာသြားတာနဲ႔တင္ လီဗာပူးက လူငယ္ေတြကိုပဲ ထုတ္သံုးသြားမွာကို ပရီးမီးယားလိဂ္ကလပ္ေတြဘက္က စိုးရိမ္ေနတယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပပါတယ္။

အာဆင္နယ္အသင္းက ၄င္းတို႔အသင္း အကယ္ဒမီထြက္ ဘယ္အစြန္လူ ဆာကာကို ေခၚယူဖို႔ လီဗာပူးက ၾကိဳးစားေနမႈကို အစြမ္းကုန္ တားဆီးတဲ့ အေနနဲ႔ ၅ ႏွစ္ သက္တမ္းတိုးစာခ်ဳပ္ ေပးႏုိင္ေအာင္ လုပ္ေဆာင္မယ္လို႔ သိရပါတယ္။

ခ်ယ္ဆီး အသင္း ပစ္မွတ္ထားေနတဲ့ ရီးရဲလ္တိုက္စစ္မွဴး ဂ်ိဳဗစ္ဟာ အိမ္မွာ ေနရတဲ့ ကာလအတြင္း ေလ့က်င့္ရင္း ဒဏ္ရာၾကီး ရသြားတာေၾကာင့္ လန္ဒန္အသင္းရဲ႕ အေျပာင္းအေရႊ႕ အစီအစဥ္ တခ်ိဳ႕ ေျပာင္းလဲရဖြယ္ ရွိလာပါတယ္။

ရွက္ဖီးယူႏုိက္တက္ မန္ေနဂ်ာ ခရစ္ ဝိုင္ဒါက ေဘာလံုးရာသီ အဆံုးသတ္တဲ့ အခ်ိန္အထိ မန္ယူႏုိက္တက္က ဟန္ဒါဆန္ကို အငွားခ်ေပးမႈအား က်င့္ဝတ္ေစာင့္ထိန္းေပးမယ္လို႔ ယံုၾကည္ေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ အိမ္ကြင္း အမ္းမရိတ္ ျပင္ပမွာ ဂႏၱဝင္မန္ေနဂ်ာၾကီး အာဆင္ဝင္းဂါးရဲ႕ ပံုတူ႐ုပ္တု ထားကာ ဂုဏ္ျပဳေပးသင့္ေၾကာင္း ဂန္းနား ၾကယ္ပြင့္ေဟာင္းၾကီးေတြျဖစ္တဲ့ ေရးပါလာနဲ႔ မာတင္ကီယြန္တို႔က ေထာက္ခံစကားေတြ ေျပာဆိုလိုက္ပါတယ္။

ဂ်ဴဗင္တပ္ ခံစစ္မွဴး ဒီလစ္က လက္ေရြးစင္ အသင္းေဖာ္ျဖစ္တဲ့ ဗန္ဒိုက္ရဲ႕ ခံစစ္စြမ္းရည္ကို အထူးခ်ီးက်ဴးလိုက္ျပီး လီဗာပူးခံစစ္သမားဟာ ခံစစ္သမားတိုင္း စံျပဳရတဲ့ အရည္အခ်င္းေကာင္းကို ပိုင္ဆိုင္ထားသူလို႔ ဆိုပါတယ္။

ျပင္သစ္သား ကြင္းလယ္လူ ေပါ့ဘာအတြက္ သတင္းဆိုးတစ္ခုကေတာ့ ဒီေႏြမွာ သူ႔ကို ေခၚယူမယ္လို႔ အဓိက သတင္းၾကီးထားတဲ့ ဂ်ဴဗင္တပ္ေကာ ရီးရဲလ္မက္ဒရစ္ကပါ ေစ်းကြက္ထဲမွာ ဝင္ေရာက္ ခ်ိတ္ဆက္လာမွာ မဟုတ္ေတာ့ပါဘူး။

ယူႏုိက္တက္ လူငယ္စတား ဂရင္းဝုဒ္ဟာ ဂ်ႏုဇက္လို မဟုတ္ဘဲ ေပ်ာက္ကြယ္သြားမယ့္ ၾကယ္ပြင့္ မဟုတ္ဘူးလို႔ ကစားသမားေဟာင္းၾကီး ဂယ္ရီနဗီးက ေျပာဆိုပါတယ္။

ပရီးမီးယားလိဂ္ ထိပ္ဆံုးအသင္းေတြဟာ ခ်န္ပီယံျဖစ္ဖို႔၊ ဥေရာပဝင္ခြင့္ရဖို႔ေတြပဲသိျပီး တန္းဆင္းဇုန္အသင္းေတြကို မငဲ့ၾကေၾကာင္း ေဝဖန္မႈနဲ႔အတူ အဂၤလန္လိဂ္ဟာ ဂိုဏ္းဂဏေတြ ကြဲျပားေနျပီး ထိပ္တန္းအသင္းေတြနဲ႔ တန္းဆင္းဇုန္အသင္းေတြၾကား ဆန္႔က်င္ဘက္ တိုက္ခိုက္မႈအရွိန္ ပိုျမင့္လာေနပါတယ္။