ဗန်ဒိုက်က မက်ဆီနဲ့ ယှဉ်ဖို့ ပွဲစကတည်းက တဂိုးကျောပေးခဲ့ရတယ်လို့ ဂန္တဝင်ကြီး ကာနေဗာရို ပြော

UNICODE – ဘလွန်းဒီအော့ဆုကို ခံစစ်သမားတွေထဲက နောက်ဆုံးအကြိမ် အနိုင်ရထားတဲ့ အီတလီဂန္တဝင်ကြီး ကာနေဗာရိုးက ဗန်ဒိုက်ဟာ ထူးချွန်ပေမယ့် ဘောလုံးလောကမှာ တိုက်စစ်သမားတွေကိုပဲ အသားပေးမှုကို နှိုင်းယှဉ်ပြောဆိုမှု ပြုလုပ်သွားပါတယ်။

၂၀၀၆ ခုနှစ်မှာ အီတလီအသင်းကို ကမ္ဘာဖလားအနိုင်ရအောင် အသင်းခေါင်းဆောင်အဖြစ် ကူညီပေးနိုင်ခဲ့တဲ့ ပါးမား၊ ဂျူဗင်တပ်၊ ရီးရဲလ်မက်ဒရစ် ခံစစ်မှူးဟောင်းဟာ အဆိုပါ ခုနှစ်မှာပဲ ဘလွန်းဒီအော့ဆုကို အနိုင်ရခဲ့တာပါ။ လွန်ခဲ့တဲ့ ၁၄ နှစ်ခန့်က ဘလွန်းဒီအော့ဆုကို ကာနေဗာရိုးကြီး ကိုင်မြောက်ပြီးနောက်ပိုင်း အနီးကပ်ဆုံး အနေအထားထိ ရောက်အောင် ကြိုးစားပြနိုင်ခဲ့သူဆိုလို့ ဗန်ဒိုက် တစ်ဦးတည်း ရှိပါတယ်။

လက်ရှိ တရုတ်ကလပ် ကွမ်ကျိုး အဲဗားဂရန်းကို ကိုင်တွယ်နေတဲ့ ကာနေဗာရိုးက တစ်ရက်မှာ ပရီးမီးယားလိဂ်ကလပ်ကို ကိုင်တွယ်လိုကြောင်းနဲ့ ဂွာဒီယိုလာ၊ ကလော့ပ်တို့ဟာ ကလပ်ကို ကိုင်တွယ်ရာမှာ သူ့အပေါ် လွှမ်းမိုးကြီးတယ်လို့ ဖွင့်ဟခဲ့တယ်။ ထပ်ပြီးလည်း ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် လီဗာပူးကို အနိုင်ရလိုတယ်လို့ ဆိုခဲ့ပါတယ်။

ကာနေဗာရိုးက ” လီဗာပူးက အရမ်းကောင်းတဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ထားသလို ချန်ပီယံအဖြစ် အောင်ပွဲခံခြင်းနဲ့အတူ အနိုင်ရဖို့ ထိုက်တန်းပါတယ်။ ဒါပေမယ့် ကျနေ်ာတို့က လက်ရှိ အခြေအနေကို ရင်ဆိုင်နေရပြီး လီဗာပူးအတွက်လည်း စိတ်ပျက်စရာပါပဲ။

ဘလွန်းဒီအော့ဆုကို ဗန်ဒိုက် စိန်ခေါ်နိုင်တာအတွက် သူ့ကို ဂုဏ်ပြုစကားလည်း ပြောခဲ့သေးတယ်။ ဒါပေမယ့် ခံစစ်သမား တစ်ယောက်အတွက် အဲ့ဆုကို အနိုင်ရဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ ကိုယ်က စွမ်းဆောင်ရည် ကောင်းနေရုံတင် မကပဲ ဆုဖလားတွေ အများကြီး အနိုင်ရဖို့ လိုပါတယ်။

ဒီဆုအတွက် မက်ဆီ၊ ရော်နယ်ဒိုလို ကစားသမားတွေ ကိုယ်ရှေ့မှာ ရေပန်းမစားနေဖို့လည်း လိုပါတယ်။ ဒါကပဲ ဘလွန်းဒီအော့ဆုအတွက် အရေးပါဆုံးပါ။ မက်ဆီ (သို့) ရော်နယ်ဒိုက ဒီစာရင်းထဲ ရှိနေတာဟာ ပွဲစကတည်းက တစ်လုံးအကျော့ပေးပြီး ကစားရသလိုပါပဲ။

ဆာလက်ကိုလည်း အများကြီး လေးစားပါတယ်။ သူက လီဗာပူးကို အများကြီး ပြောင်းလဲပေးခဲ့တယ်။ ကုန်ခဲ့တဲ့ သုံးနှစ်မှာ သူက စက်တစ်လုံးလိုပါပဲ။ မန်နေဂျာတိုင်း အတူလက်တွဲလိုတဲ့ ကစားသမားမျိုးဖြစ်ပြီး တိုက်စစ်ကော ခံစစ်မှာပါ ကစားနိုင်သလို ကွင်းရဲ့ နေရာစုံကို သွားပြီး ကစားနိုင်တယ်။ ဘယ်တော့မှလည်း လက်လျော့တတ်သူ မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – ဘလြန္းဒီေအာ့ဆုကို ခံစစ္သမားေတြထဲက ေနာက္ဆံုးအၾကိမ္ အႏုိင္ရထားတဲ့ အီတလီဂႏၱဝင္ၾကီး ကာေနဗာရိုးက ဗန္ဒိုက္ဟာ ထူးခၽြန္ေပမယ့္ ေဘာလံုးေလာကမွာ တိုက္စစ္သမားေတြကိုပဲ အသားေပးမႈကို ႏိႈင္းယွဥ္ေျပာဆိုမႈ ျပဳလုပ္သြားပါတယ္။

၂၀၀၆ ခုႏွစ္မွာ အီတလီအသင္းကို ကမၻာဖလားအႏုိင္ရေအာင္ အသင္းေခါင္းေဆာင္အျဖစ္ ကူညီေပးႏုိင္ခဲ့တဲ့ ပါးမား၊ ဂ်ဴဗင္တပ္၊ ရီးရဲလ္မက္ဒရစ္ ခံစစ္မွဴးေဟာင္းဟာ အဆိုပါ ခုႏွစ္မွာပဲ ဘလြန္းဒီေအာ့ဆုကို အႏုိင္ရခဲ့တာပါ။ လြန္ခဲ့တဲ့ ၁၄ ႏွစ္ခန္႔က ဘလြန္းဒီေအာ့ဆုကို ကာေနဗာရိုးၾကီး ကိုင္ေျမာက္ျပီးေနာက္ပိုင္း အနီးကပ္ဆံုး အေနအထားထိ ေရာက္ေအာင္ ၾကိဳးစားျပႏုိင္ခဲ့သူဆိုလို႔ ဗန္ဒိုက္ တစ္ဦးတည္း ရွိပါတယ္။

လက္ရွိ တရုတ္ကလပ္ ကြမ္က်ိဳး အဲဗားဂရန္းကို ကိုင္တြယ္ေနတဲ့ ကာေနဗာရိုးက တစ္ရက္မွာ ပရီးမီးယားလိဂ္ကလပ္ကို ကိုင္တြယ္လိုေၾကာင္းနဲ႔ ဂြာဒီယိုလာ၊ ကေလာ့ပ္တို႔ဟာ ကလပ္ကို ကိုင္တြယ္ရာမွာ သူ႔အေပၚ လႊမ္းမိုးၾကီးတယ္လို႔ ဖြင့္ဟခဲ့တယ္။ ထပ္ျပီးလည္း ဒီရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ လီဗာပူးကို အႏုိင္ရလိုတယ္လို႔ ဆိုခဲ့ပါတယ္။

ကာေနဗာရိုးက ” လီဗာပူးက အရမ္းေကာင္းတဲ့ ေဘာလံုးရာသီကို ပိုင္ဆိုင္ထားသလို ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံျခင္းနဲ႔အတူ အႏုိင္ရဖို႔ ထိုက္တန္းပါတယ္။ ဒါေပမယ့္ က်ေန္ာတို႔က လက္ရွိ အေျခအေနကို ရင္ဆိုင္ေနရျပီး လီဗာပူးအတြက္လည္း စိတ္ပ်က္စရာပါပဲ။

ဘလြန္းဒီေအာ့ဆုကို ဗန္ဒိုက္ စိန္ေခၚႏုိင္တာအတြက္ သူ႔ကို ဂုဏ္ျပဳစကားလည္း ေျပာခဲ့ေသးတယ္။ ဒါေပမယ့္ ခံစစ္သမား တစ္ေယာက္အတြက္ အဲ့ဆုကို အႏုိင္ရဖို႔ဆိုတာ ခက္ခဲလြန္းပါတယ္။ ကိုယ္က စြမ္းေဆာင္ရည္ ေကာင္းေနရံုတင္ မကပဲ ဆုဖလားေတြ အမ်ားၾကီး အႏုိင္ရဖို႔ လိုပါတယ္။

ဒီဆုအတြက္ မက္ဆီ၊ ေရာ္နယ္ဒိုလို ကစားသမားေတြ ကိုယ္ေရွ႔မွာ ေရပန္းမစားေနဖို႔လည္း လိုပါတယ္။ ဒါကပဲ ဘလြန္းဒီေအာ့ဆုအတြက္ အေရးပါဆံုးပါ။ မက္ဆီ (သို႔) ေရာ္နယ္ဒိုက ဒီစာရင္းထဲ ရွိေနတာဟာ ပြဲစကတည္းက တစ္လံုးအေက်ာ့ေပးျပီး ကစားရသလိုပါပဲ။

ဆာလက္ကိုလည္း အမ်ားၾကီး ေလးစားပါတယ္။ သူက လီဗာပူးကို အမ်ားၾကီး ေျပာင္းလဲေပးခဲ့တယ္။ ကုန္ခဲ့တဲ့ သံုးႏွစ္မွာ သူက စက္တစ္လံုးလိုပါပဲ။ မန္ေနဂ်ာတိုင္း အတူလက္တြဲလိုတဲ့ ကစားသမားမ်ိဳးျဖစ္ျပီး တိုက္စစ္ေကာ ခံစစ္မွာပါ ကစားႏုိင္သလို ကြင္းရဲ႕ ေနရာစံုကို သြားျပီး ကစားႏုိင္တယ္။ ဘယ္ေတာ့မွလည္း လက္ေလ်ာ့တတ္သူ မဟုတ္ပါဘူး ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။