ပရီးမီးယားလိဂ် ကြီး ၆ ကြီးကို တစ်ကိုယ်ကောင်းဆန်တဲ့ အသင်းတွေလို့ ဝတ်ဖိုဒ့် ပေါ်တင် ဝေဖန်

UNICODE – ပရီးမီးယားလိဂ် ပြန်စတင်ဖို့ကို ကလပ် အများအပြားက သဘောတူညီပေမယ့် သဘောမတူတဲ့ ကလပ်တွေလည်းရှိပြီး ဝတ်ဖိုဒ့်အသင်းကတော့ နောက်ဆုံးသော ကန့်ကွက်တဲ့အသင်းအဖြစ် ပါဝင်လာခဲ့ပါတယ်။

လက်ကျန်ပွဲကို ကြားကွင်းတွေမှာ ကစားဖို့ကို ဝတ်ဖိုဒ့်အသင်းက ပြင်းပြင်းထန်ထန် ကန့်ကွက်လာတာပါ။ နောက်ဆုံးအကြိမ် ဆွေးနွေးမှုမှာ ပရီးမီးယားလိဂ်အသင်းတွေက မိမိတို့ ကိုယ်ပိုင် အိမ်ကွင်းတွေကို ကစားရမှာ မဟုတ်ပဲ ဘောလုံးရာသီ အဆုံးသတ်တဲ့အထိ ကြားကွင်း ၈-၁၀ ကွင်းကြားမှာ ကစားရမှာဖြစ်တယ်။ ဒါကလည်း ရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေရဲ့ ဆုံးဖြတ်မှုကြောင့် ဖြစ်တယ်လို့ သိထားရတာဖြစ်ပါတယ်။

ဘရိုက်တန်နဲ့ အက်စတွန်ဗီလာတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတဲ့ ကိစ္စကို ဝတ်ဖိုဒ့် အမှုဆောင်ချုပ်ဖြစ်သူ စကော့ ဒက်စ်ဘူရီကလည်း ကန့်ကွက်ကြောင်း ပြောဆိုလာတာဖြစ်တယ်။ ပရီးမီးယားလိဂ်ဟာ ဂိုဏ်းဂဏတွေ ကွဲပြားနေပြီး ထိပ်တန်းအသင်းတွေနဲ့ တန်းဆင်းဇုန်အသင်းတွေကြား ဆန့်ကျင်ဘက် တိုက်ခိုက်မှုအရှိန် ပိုမြင့်လာနေပါတယ်။

ဒက်စ်ဘူရီက The Times သတင်းဌာနကနေ ရေးသားရာမှာ ” ပရီးမီးယားလိဂ်မှာ အများအကျိုးအတွက် စဉ်းစားပေးခြင်း မရှိဘူး။ ကလပ် တစ်သင်းချင်းကို ကာကွယ်ပေးဖို့အတွက် ကောင်းကောင်းမွန်မွန် လုပ်ဆောင်ခြင်း မရှိပါဘူး။

ကလပ်တွေက Project Restart အစီအစဉ်ကို ပြန်စတင်လိုတာက အပေါ်က အသင်းတွေရမယ့် အကျိုးအမြတ်တွေကြောင့်ပါ။ လီဗာပူးက ဖလားရမယ်၊ အခြားအသင်းတွေက နောက်ရာသီမှာ ဥရောပဝင်ခွင့်တွေရမယ်၊ အချို့အသင်းတွေက ပိုမြင့်တဲ့ အဆင့်တွေကနေ လုံခြုံနေချင်တာကြောင့်ပါ။

ဒါပေမယ့် တန်းဆင်းဇုန်နားက အသင်းတွေကျတော့ရော။ ဘယ်သူမှ မကြည့်ကြတော့ဘူးလား။ ပရီးမီးယားလိဂ် တာဝန်က ဒါတွေကို ဂရုစိုက်ပေးဖို့ပဲ မဟုတ်ဘူးလာ။ ကိုဗစ်ကြားမှာ ဘောလုံးကစားရတာ ကျနေ်ာတို့အတွက် လုံခြုံမှုလည်း မရှိဘူး။ ဘောလုံးပွဲတွေ ပြန်စရင် ပရိသတ်တွေ အားပေးမှာကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့ ရဲတွေကပြောတယ်။ ဒါပေမယ့် ကိုယ်ကွင်းမှာ ကိုယ်ကစားရရင် ဒါတွေကို ပိုပြီး ထိန်းချုပ်နိုင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

နောက်အပတ်ဟာ အင်္ဂလန်ဘောလုံးလောကအတွက် အရေးပါတဲ့ သီတင်းပတ်တစ်ခု ဖြစ်လာတော့မှာဖြစ်ပြီး ပရီးမီးယားလိဂ် အနာဂတ်နဲ့ ပက်သက်တဲ့ ဆုံးဖြတ်ချက်ကို ဆွေးနွေးမှု တနင်္လာနေ့မှာ အတည်ပြု လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ ျပန္စတင္ဖို႔ကို ကလပ္ အမ်ားအျပားက သေဘာတူညီေပမယ့္ သေဘာမတူတဲ့ ကလပ္ေတြလည္းရွိျပီး ဝတ္ဖိုဒ့္အသင္းကေတာ့ ေနာက္ဆံုးေသာ ကန္႔ကြက္တဲ့အသင္းအျဖစ္ ပါဝင္လာခဲ့ပါတယ္။

လက္က်န္ပြဲကို ၾကားကြင္းေတြမွာ ကစားဖို႔ကို ဝတ္ဖုိဒ့္အသင္းက ျပင္းျပင္းထန္ထန္ ကန္႔ကြက္လာတာပါ။ ေနာက္ဆံုးအၾကိမ္ ေဆြးေႏြးမႈမွာ ပရီးမီးယားလိဂ္အသင္းေတြက မိမိတို႔ ကိုယ္ပိုင္ အိမ္ကြင္းေတြကို ကစားရမွာ မဟုတ္ပဲ ေဘာလံုးရာသီ အဆံုးသတ္တဲ့အထိ ၾကားကြင္း ၈-၁၀ ကြင္းၾကားမွာ ကစားရမွာျဖစ္တယ္။ ဒါကလည္း ရဲတပ္ဖြဲ႔နဲ႔ အာဏာပိုင္ေတြရဲ႕ ဆံုးျဖတ္မႈေၾကာင့္ ျဖစ္တယ္လို႔ သိထားရတာျဖစ္ပါတယ္။

ဘရိုက္တန္နဲ႔ အက္စတြန္ဗီလာတို႔က ျပင္းျပင္းထန္ထန္ ကန္႔ကြက္ထားတဲ့ ကိစၥကို ဝတ္ဖိုဒ့္ အမႈေဆာင္ခ်ဳပ္ျဖစ္သူ စေကာ့ ဒက္စ္ဘူရီကလည္း ကန္႔ကြက္ေၾကာင္း ေျပာဆိုလာတာျဖစ္တယ္။ ပရီးမီးယားလိဂ္ဟာ ဂိုဏ္းဂဏေတြ ကြဲျပားေနျပီး ထိပ္တန္းအသင္းေတြနဲ႔ တန္းဆင္းဇုန္အသင္းေတြၾကား ဆန္႔က်င္ဘက္ တိုက္ခိုက္မႈအရွိန္ ပိုျမင့္လာေနပါတယ္။

ဒက္စ္ဘူရီက The Times သတင္းဌာနကေန ေရးသားရာမွာ ” ပရီးမီးယားလိဂ္မွာ အမ်ားအက်ိဳးအတြက္ စဥ္းစားေပးျခင္း မရွိဘူး။ ကလပ္ တစ္သင္းခ်င္းကို ကာကြယ္ေပးဖို႔အတြက္ ေကာင္းေကာင္းမြန္မြန္ လုပ္ေဆာင္ျခင္း မရွိပါဘူး။

ကလပ္ေတြက Project Restart အစီအစဥ္ကို ျပန္စတင္လိုတာက အေပၚက အသင္းေတြရမယ့္ အက်ိဳးအျမတ္ေတြေၾကာင့္ပါ။ လီဗာပူးက ဖလားရမယ္၊ အျခားအသင္းေတြက ေနာက္ရာသီမွာ ဥေရာပဝင္ခြင့္ေတြရမယ္၊ အခ်ိဳ႔အသင္းေတြက ပိုျမင့္တဲ့ အဆင့္ေတြကေန လံုျခံဳေနခ်င္တာေၾကာင့္ပါ။

ဒါေပမယ့္ တန္းဆင္းဇုန္နားက အသင္းေတြက်ေတာ့ေရာ။ ဘယ္သူမွ မၾကည့္ၾကေတာ့ဘူးလား။ ပရီးမီးယားလိဂ္ တာဝန္က ဒါေတြကို ဂရုစိုက္ေပးဖို႔ပဲ မဟုတ္ဘူးလာ။ ကိုဗစ္ၾကားမွာ ေဘာလံုးကစားရတာ က်ေန္ာတို႔အတြက္ လံုျခံဳမႈလည္း မရွိဘူး။ ေဘာလံုးပြဲေတြ ျပန္စရင္ ပရိသတ္ေတြ အားေပးမွာကို ထိန္းခ်ဳပ္ႏုိင္မွာ မဟုတ္ဘူးလို႔ ရဲေတြကေျပာတယ္။ ဒါေပမယ့္ ကိုယ္ကြင္းမွာ ကိုယ္ကစားရရင္ ဒါေတြကို ပိုျပီး ထိန္းခ်ဳပ္ႏုိင္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ေနာက္အပတ္ဟာ အဂၤလန္ေဘာလံုးေလာကအတြက္ အေရးပါတဲ့ သီတင္းပတ္တစ္ခု ျဖစ္လာေတာ့မွာျဖစ္ျပီး ပရီးမီးယားလိဂ္ အနာဂတ္နဲ႔ ပက္သက္တဲ့ ဆံုးျဖတ္ခ်က္ကို ေဆြးေႏြးမႈ တနလၤာေန႔မွာ အတည္ျပဳ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။