လီဗာပူးက ပရီးမီးယားလိဂ်ဖလားကို လူငယ်တွေနဲ့ အနိုင်ယူသွားမှာကို ကလပ်တွေ စိုးရိမ်

UNICODE – လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲ ၂၉ ပွဲ ကစားပြီးချိန်မှာ အမှတ်ပေးဇယားကို ၂၅ မှတ် သာဖြင့် ဦးဆောင်ထားတာဖြစ်ပြီး နှစ်ပွဲ အနိုင်ရင်ကို ချန်ပီယံဖြစ်သွားမှာဖြစ်တယ်။

ဘောလုံးပွဲတွေ ပြန်စတင်လို့ အစောပိုင်းပွဲတွေကို အနိုင်ကစားပြီး ချန်ပီယံဖြစ်ဖို့ သေချာသွားတာနဲ့တင် လီဗာပူးက လူငယ်တွေကိုပဲ ထုတ်သုံးသွားမှာကို ပရီးမီးယားလိဂ်ကလပ်တွေဘက်က စိုးရိမ်နေတယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။ ဒီရာသီမှာ ကာရာဘောင်းနဲ့ အက်ဖ်အေပြိုင်ပွဲတွေအတွင်း လီဗာပူးက လူငယ်တွေကိုပဲ ထုတ်သုံးမှုတွေ ရှိထားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကို ပြန်စတင်ဖို့ ကြိုးစားနေခြင်းက တန်းဆင်း တန်တက် အသင်းတွေ ပေါ်ထွက်ဖို့နဲ့ ဥရောပဝင်ခွင့်တွေ ခွဲခြမ်းနိုင်ဖို့ဖြစ်တယ်။ လီဗာပူးအသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ကို သေချာထားတဲ့ တစ်သင်းတည်းသော အင်္ဂလန်အသင်းဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ပါ အနီးကပ်ဆုံး ဖြစ်နေပါတယ်။ ဒါကြောင့် ရှရူဘူရီ၊ အဲဗာတန် အစရှိတဲ့ ပွဲတွေမှာ လုပ်ဆောင်ခဲ့တဲ့ လူငယ်တွေနဲ့ပဲ ပွဲထွက်လာမှာကို ကလပ်တွေက စိုးရိမ်နေတာပါ။

အမည်မဖော်ပြတဲ့ ပရီးမီးယားလိဂ်ကလပ် အမှူဆောင်ချုပ်က ‘ ဖလားပွဲတွေမှာ လီဗာပူးက လူငယ်တွေကိုပဲ ထုတ်သုံးသွားတာကို ကျနေ်ာတို့ မြင်ထားရတယ်။ ဒီတော့ ပရီးမီးယားလိဂ်ကို အနိုင်ရပြီးရင် တူညီတဲ့ နည်းလမ်းကို သူတို့ သုံးကောင်းသုံးသွားနိုင်တယ်။

ကလော့ပ်က လိဂ်ကို အနိုင်သိမ်းဖို့ အတိမ်းအစောင်းမခံတဲ့ ရမှတ်တွေကို ရယူပြီးရင် သူရဲ့ စီနီယာအသင်းသားတွေကို လုံခြုံစိတ်ချရဖို့ အဝေးမှာပဲ နေခိုင်းပြီး ချန်ပီယံဖြစ်ဖို့ သေချာသွားတာနဲ့ လူငယ်တွေနဲ့ပဲ ကစားခိုင်းလို့ရတာပဲ ‘ လို့ ဆိုခဲ့တာဖြစ်တယ်။

နောက်ဆုံးသိရတဲ့ အခြေအနေတွေအရ ပရီးမီးယားလိဂ်အသင်းတွေထဲ တန်းဆင်းဇုန် အန္တရာယ် ရင်ဆိုင်နေရတဲ့ အသင်းတွေက လိဂ်ကို ပြန်စဖို့ ဆွေးနွေးမှုတွေမှာ အဓိက ပုန်ကန်သူတွေဖြစ်ပြီး သူတို့တွေဟာ ကျန်တဲ့ ကလပ်တွေကို အဓိက ရင်ဆိုင်နေကြသူတွေလို့ သိရပါတယ်။

ZAWGYI – လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ပြဲ ၂၉ ပြဲ ကစားျပီးခ်ိန္မွာ အမွတ္ေပးဇယားကို ၂၅ မွတ္ သာျဖင့္ ဦးေဆာင္ထားတာျဖစ္ျပီး ႏွစ္ပြဲ အႏုိင္ရင္ကို ခ်န္ပီယံျဖစ္သြားမွာျဖစ္တယ္။

ေဘာလံုးပြဲေတြ ျပန္စတင္လို႔ အေစာပိုင္းပြဲေတြကို အႏုိင္ကစားျပီး ခ်န္ပီယံျဖစ္ဖို႔ ေသခ်ာသြားတာနဲ႔တင္ လီဗာပူးက လူငယ္ေတြကိုပဲ ထုတ္သံုးသြားမွာကို ပရီးမီးယားလိဂ္ကလပ္ေတြဘက္က စိုးရိမ္ေနတယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပပါတယ္။ ဒီရာသီမွာ ကာရာေဘာင္းနဲ႔ အက္ဖ္ေအျပိဳင္ပြဲေတြအတြင္း လီဗာပူးက လူငယ္ေတြကိုပဲ ထုတ္သံုးမႈေတြ ရွိထားခဲ့ပါတယ္။

ပရီးမီးယားလိဂ္ကို ျပန္စတင္ဖို႔ ၾကိဳးစားေနျခင္းက တန္းဆင္း တန္တက္ အသင္းေတြ ေပၚထြက္ဖို႔နဲ႔ ဥေရာပဝင္ခြင့္ေတြ ခြဲျခမ္းႏုိင္ဖို႔ျဖစ္တယ္။ လီဗာပူးအသင္းကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ေသခ်ာထားတဲ့ တစ္သင္းတည္းေသာ အဂၤလန္အသင္းျဖစ္ျပီး ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ဖို႔ပါ အနီးကပ္ဆံုး ျဖစ္ေနပါတယ္။ ဒါေၾကာင့္ ရွရူဘူရီ၊ အဲဗာတန္ အစရွိတဲ့ ပြဲေတြမွာ လုပ္ေဆာင္ခဲ့တဲ့ လူငယ္ေတြနဲ႔ပဲ ပြဲထြက္လာမွာကို ကလပ္ေတြက စိုးရိမ္ေနတာပါ။

အမည္မေဖာ္ျပတဲ့ ပရီးမီးယားလိဂ္ကလပ္ အမွဴေဆာင္ခ်ဳပ္က ‘ ဖလားပြဲေတြမွာ လီဗာပူးက လူငယ္ေတြကိုပဲ ထုတ္သံုးသြားတာကို က်ေန္ာတုိ႔ ျမင္ထားရတယ္။ ဒီေတာ့ ပရီးမီးယားလိဂ္ကို အႏုိင္ရျပီးရင္ တူညီတဲ့ နည္းလမ္းကို သူတို႔ သံုးေကာင္းသံုးသြားႏုိင္တယ္။

ကေလာ့ပ္က လိဂ္ကို အႏုိင္သိမ္းဖို႔ အတိမ္းအေစာင္းမခံတဲ့ ရမွတ္ေတြကို ရယူျပီးရင္ သူရဲ႕ စီနီယာအသင္းသားေတြကို လံုျခံဳစိတ္ခ်ရဖို႔ အေဝးမွာပဲ ေနခိုင္းျပီး ခ်န္ပီယံျဖစ္ဖို႔ ေသခ်ာသြားတာနဲ႔ လူငယ္ေတြနဲ႔ပဲ ကစားခိုင္းလို႔ရတာပဲ ‘ လို႔ ဆိုခဲ့တာျဖစ္တယ္။

ေနာက္ဆံုးသိရတဲ့ အေျခအေနေတြအရ ပရီးမီးယားလိဂ္အသင္းေတြထဲ တန္းဆင္းဇုန္ အႏၱရာယ္ ရင္ဆိုင္ေနရတဲ့ အသင္းေတြက လိဂ္ကို ျပန္စဖို႔ ေဆြးေႏြးမႈေတြမွာ အဓိက ပုန္ကန္သူေတြျဖစ္ျပီး သူတို႔ေတြဟာ က်န္တဲ့ ကလပ္ေတြကို အဓိက ရင္ဆိုင္ေနၾကသူေတြလို႔ သိရပါတယ္။