ကွင်းလယ်လူ ဗန်ဒါဘိခ်ရဲ့ တန်ကြေးနဲ့ ပက်သက်ပြီး အေဂျက် အကြီးအကဲ ထုတ်ပြော

UNICODE- အေဂျက်အသင်း အကြီးအကဲဖြစ်သူ ဗန်ဒါးဆားက ကလပ်ကြယ်ပွင့် ဗန်ဒါဘိခ်ကို ရောင်းထုတ်ပေးမှာ ဖြစ်ပေမယ့် ဈေးပေါပေါနဲ့တော့ မဟုတ်ပါဘူးလို့ ဖွင့်ပြောလိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကွင်းလယ်တိုက်စစ် အားသန် ကစားသမားဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၃၇ ပွဲ ကစားပြီး သွင်းဂိုး ၁၀ ဂိုး ရယူထားသလို ဂိုးထောက်ပံ့မှု ၁၁ ကြိမ် လုပ်ထားနိုင်ပါတယ်။ ကိုရိုနာ ကပ်ဘေးကြောင့် ကစားသမား တန်ကြေးကျမှုတွေ ရှိမှာဖြစ်ပေမယ့် ဗန်ဒါဘိခ်ကို ၅၀% ဒစ်စကော့င့်နဲ့ရဖို့ မမျှော်လင့်ဖို့လည်း ဗန်ဒါးဆားက ပြောပါတယ်။

ဗန်ဒါးဆားက ပြောရာမှာ “ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကျနေ်ာတို့တွေ ကစားသမား ၇ ဦး ၈ ဦးထိ ဆုံးရံှူးမယ်လို့ လူတွေ ပြောခဲ့ကြပေမယ့် အဓိက ကစားသမား နှစ်ဦးကိုပဲ ဆုံးရံှူးခဲ့ပါတယ်။ ဘိုင်ယန်မြူနစ်လို အသင်းက အပြောင်းအရွှေ့ ဈေးကွက်တွေမှာ ကစားသမား တန်ကြေး ကျမှုတွေ ရှိလာမယ်လို့ ပြောပါတယ်။ သူတို့က ဝယ်မယ့်အသင်းဆိုတော့ ဒါမျိုး ပြောမှာပေါ့။

ကစားသမားတစ်ယောက်အတွက် ယူရို ၁၅၀-၂၀၀ သန်းလောက် သုံးတာတွေတော့ ရှိလာမယ် မထင်ပါဘူး။ ဒါပေမယ့် အေဂျက်က ကစားသမားတွေကို ခေါ်ယူမယ်ဆိုရင် တန်ကြေးတွေ ပေးရဦးမှာပါ။ သူတို့တွေက ကောင်းကောင်း သင်ပြခံထားရပြီး အနိုင်ရဖို့ အတွေ့အကြုံ ရှိသလို ဥရောပတွေမှာလည်း ကစားနေကျသူတွေဖြစ်တယ်။

မနှစ်တုန်းက အိုနာနာ၊ ဗန်ဒါဘိခ်တို့လို ကစားသမားတွေကို နောက်ထပ် တစ်ရာသီ ဆက်ထိန်းထားဖို့ ညိနှိုင်းနိုင်ခဲ့တယ်။ ကျနေ်ာတို့တွေက သူတို့တွေရဲ့ ကစားသမားဘဝ နောက်ထပ် တစ်ဆင့်ကို တက်နိုင်ဖို့လည်း ကြည့်ရပါမယ်။ အပြောင်းအလဲတွေ သိပ်မရှိပါဘူး။ သူတို့အတွက် ၅၀% လောက် ဈေးချပေးမှာ မဟုတ်ဘူး။ အဲ့လိုမျိုး ဈေးချပေးတာ လိုချင်ရင်တော့ ခေါ်ဖို့ မေ့လိုက်ကြပါ ” လို့ ပြောဆိုခဲ့တာဖြစ်တယ်။

ဇန်နဝါရီ နောက်ပိုင်းမှာပဲ အေဂျက်ဟာ သူတို့အသင်းသားဖြစ်သူ ဇီယက်ကို လန်ဒန်အသင်းထံ ပေါင် ၃၆ သန်းနဲ့တင် ရောင်းထုတ်ဖို့ သဘောတူညီခဲ့သေးတာဖြစ်ပါတယ်။

ZAWGYI – ေအဂ်က္အသင္း အၾကီးအကဲျဖစ္သူ ဗန္ဒါးဆားက ကလပ္ၾကယ္ပြင့္ ဗန္ဒါဘိခ္ကို ေရာင္းထုတ္ေပးမွာ ျဖစ္ေပမယ့္ ေစ်းေပါေပါနဲ႔ေတာ့ မဟုတ္ပါဘူးလို႔ ဖြင့္ေျပာလိုက္ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ကြင္းလယ္တုိက္စစ္ အားသန္ ကစားသမားဟာ ဒီရာသီမွာ ျပိဳင္ပြဲစံု ၃၇ ပြဲ ကစားျပီး သြင္းဂိုး ၁၀ ဂိုး ရယူထားသလို ဂိုးေထာက္ပံ့မႈ ၁၁ ၾကိမ္ လုပ္ထားႏုိင္ပါတယ္။ ကိုရိုနာ ကပ္ေဘးေၾကာင့္ ကစားသမား တန္ေၾကးက်မႈေတြ ရွိမွာျဖစ္ေပမယ့္ ဗန္ဒါဘိခ္ကို ၅၀% ဒစ္စေကာ့င့္နဲ႔ရဖို႔ မေမွ်ာ္လင့္ဖို႔လည္း ဗန္ဒါးဆားက ေျပာပါတယ္။

ဗန္ဒါးဆားက ေျပာရာမွာ “ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ က်ေန္ာတို႔ေတြ ကစားသမား ၇ ဦး ၈ ဦးထိ ဆံုးရံွဴးမယ္လို႔ လူေတြ ေျပာခဲ့ၾကေပမယ့္ အဓိက ကစားသမား နွစ္ဦးကိုပဲ ဆံုးရံွဴးခဲ့ပါတယ္။ ဘိုင္ယန္ျမဴနစ္လို အသင္းက အေျပာင္းအေရႊ႔ ေစ်းကြက္ေတြမွာ ကစားသမား တန္ေၾကး က်မႈေတြ ရွိလာမယ္လို႔ ေျပာပါတယ္။ သူတို႔က ဝယ္မယ့္အသင္းဆိုေတာ့ ဒါမ်ိဳး ေျပာမွာေပါ့။

ကစားသမားတစ္ေယာက္အတြက္ ယူရို ၁၅၀-၂၀၀ သန္းေလာက္ သံုးတာေတြေတာ့ ရွိလာမယ္ မထင္ပါဘူး။ ဒါေပမယ့္ ေအဂ်က္က ကစားသမားေတြကို ေခၚယူမယ္ဆိုရင္ တန္ေၾကးေတြ ေပးရဦးမွာပါ။ သူတို႔ေတြက ေကာင္းေကာင္း သင္ျပခံထားရျပီး အႏုိင္ရဖို႔ အေတြ႔အၾကံဳ ရွိသလို ဥေရာပေတြမွာလည္း ကစားေနက်သူေတြျဖစ္တယ္။

မႏွစ္တုန္းက အိုနာနာ၊ ဗန္ဒါဘိခ္တို႔လို ကစားသမားေတြကို ေနာက္ထပ္ တစ္ရာသီ ဆက္ထိန္းထားဖို႔ ညိႏိႈင္းႏုိင္ခဲ့တယ္။ က်ေန္ာတို႔ေတြက သူတို႔ေတြရဲ႕ ကစားသမားဘဝ ေနာက္ထပ္ တစ္ဆင့္ကို တက္ႏုိင္ဖို႔လည္း ၾကည့္ရပါမယ္။ အေျပာင္းအလဲေတြ သိပ္မရွိပါဘူး။ သူတို႔အတြက္ ၅၀% ေလာက္ ေစ်းခ်ေပးမွာ မဟုတ္ဘူး။ အဲ့လိုမ်ိဳး ေစ်းခ်ေပးတာ လိုခ်င္ရင္ေတာ့ ေခၚဖို႔ ေမ့လိုက္ၾကပါ ” လို႔ ေျပာဆိုခဲ့တာျဖစ္တယ္။

ဇန္နဝါရီ ေနာက္ပိုင္းမွာပဲ ေအဂ်က္ဟာ သူတို႔အသင္းသားျဖစ္သူ ဇီယက္ကို လန္ဒန္အသင္းထံ ေပါင္ ၃၆ သန္းနဲ႔တင္ ေရာင္းထုတ္ဖို႔ သေဘာတူညီခဲ့ေသးတာျဖစ္ပါတယ္။