ယူနိုက်တက်လို ဖယ်ယာရီကားကို မကျာ်နိုင်ပါဘူးဆိုပြီး ဟန်ဒါဆန်ကို အငှားထပ်တောင်းတဲ့ ဝိုက်ဒါ

UNICODE – ရှက်ဖီးယူနိုက်တက် မန်နေဂျာ ခရစ် ဝိုင်ဒါက ဘောလုံးရာသီ အဆုံးသတ်တဲ့ အချိန်အထိ မန်ယူနိုက်တက်က ဟန်ဒါဆန်ကို အငှားချပေးမှုအား ကျင့်ဝတ်စောင့်ထိန်းပေးမယ်လို့ ယုံကြည်ကြောင်း ထုတ်ပြောလာပါတယ်။

ဒီရာသီမှာ မန်ယူနိုက်တက်ကနေ ရှက်ဖီးကို အငှားထွက်ကစားနေတဲ့ ဟန်ဒါဆန်ဟာ လိဂ်အကောင်းဆုံး ဂိုးသမားတစ်ဦးအဖြစ် လက်စွမ်းပြနေတာပါ။ တစ်ဘက်မှာ မိခင်ကလပ်ဖြစ်တဲ့ မန်ယူနိုက်တက်နဲ့ အငှားကစားနေတဲ့ ရှက်ဖီးယူနိုက်တက်တို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်မှာပါ အပြိုင်ဖြစ်နေကြပါတယ်။

အသက် ၂၃ နှစ်အရွယ် ဂိုးသမားက ဒီရာသီ clean sheet ၁၀ ကြိမ်ထိ ရယူထားသူဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲတွေ ပြန်စတင်တဲ့အခါ ရှက်ဖီးအတွက် ပွဲထွက်ပေးဦးမှာပါ။ သို့သော်လည်း အငှားစာချုပ်က ဇွန်လ ၃၀ ရက်နေ့ထိပဲဖြစ်ကာ အဆိုပါ ကာလ ကျော်လွန်သွားရင် မိခင်အသင်းထံ ပြန်ရမှာဖြစ်တယ်။ ဒီကိစ္စအပေါ်မှာ လူကြီးလူကောင်းဆန်ပေးဖို့ ဝိုင်ဒါက မျှော်လင့်နေတာဖြစ်ပါတယ်။

ဝိုင်ဒါက “ ဟန်ဒါဆန်ကို လက်ကျန် ၁၀ ပွဲလုံး ရှက်ဖီးအတွက် ကစားစေဖို့ ကျင့်ဝတ်စောင့်ထိန်းပေးမယ်လို့ ယုံကြည်ပါတယ်။ အခြေအနေကို သိပေမယ့် အငှားကာလ ကုန်ဆုံးတဲ့ အခါ ဆက်လက်ပြီး ဆုံးဖြတ်ဆိုတာက ယူနိုက်တက်ရဲ့ လက်ထဲမှာပဲ ရှိတာပါ။

ကျနေ်ာတို့ကလည်း ယူနိုက်တက်ကို ခွင့်ပြုပေးရမယ်ဆိုပြီး လုပ်ဆောင်မှာတော့ မဟုတ်ပါဘူး။ ကစားသမားကို ဘောလုံးရာသီကောင်း ကျော်ဖြတ်ခွင့် ပေးမယ်ဆိုရင် သူတို့လည်း ပျော်ရွှင်ရမယ်ဆိုတာ သေချာပြောရဲပါတယ်။ ကျနော်တို့ကတော့ ဖယ်ယာရီကို ဖိုဒ့်က မကျော်နိုင်သလို မန်ယူနိုက်တက်ကို ကျော်နိုင်မှာ မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ယူနိုက်တက်နဲ့ ရှက်ဖီးက ရမှတ်ကွာဟမှု နည်းနေပြီး လက်ကျန် တစ်ပွဲကို ရှက်ဖီး အနိုင်ရရင် အဆင့် ၅ နေရာကို ကျော်တက်နိုင်မှာပါ။ နှစ်သင်းလုံးဟာ မန်စီးတီး ချန်ပီယံလိဂ် ဝင်ခွင့်မရရင် အဆင့် ၅ နေရာက ဝင်နိုင်ဖို့ထိပါ အခွင့်အရေး ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI – ရွက္ဖီးယူႏုိက္တက္ မန္ေနဂ်ာ ခရစ္ ဝိုင္ဒါက ေဘာလံုးရာသီ အဆံုးသတ္တဲ့ အခ်ိန္အထိ မန္ယူႏုိက္တက္က ဟန္ဒါဆန္ကို အငွားခ်ေပးမႈအား က်င့္ဝတ္ေစာင့္ထိန္းေပးမယ္လို႔ ယံုၾကည္ေၾကာင္း ထုတ္ေျပာလာပါတယ္။

ဒီရာသီမွာ မန္ယူႏုိက္တက္ကေန ရွက္ဖီးကို အငွားထြက္ကစားေနတဲ့ ဟန္ဒါဆန္ဟာ လိဂ္အေကာင္းဆံုး ဂိုးသမားတစ္ဦးအျဖစ္ လက္စြမ္းျပေနတာပါ။ တစ္ဘက္မွာ မိခင္ကလပ္ျဖစ္တဲ့ မန္ယူႏုိက္တက္နဲ႔ အငွားကစားေနတဲ့ ရွက္ဖီးယူႏုိက္တက္တို႔ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္မွာပါ အျပိဳင္ျဖစ္ေနၾကပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ဂိုးသမားက ဒီရာသီ clean sheet ၁၀ ၾကိမ္ထိ ရယူထားသူျဖစ္ျပီး ပရီးမီးယားလိဂ္ပြဲေတြ ျပန္စတင္တဲ့အခါ ရွက္ဖီးအတြက္ ပြဲထြက္ေပးဦးမွာပါ။ သို႔ေသာ္လည္း အငွားစာခ်ဳပ္က ဇြန္လ ၃၀ ရက္ေန႔ထိပဲျဖစ္ကာ အဆိုပါ ကာလ ေက်ာ္လြန္သြားရင္ မိခင္အသင္းထံ ျပန္ရမွာျဖစ္တယ္။ ဒီကိစၥအေပၚမွာ လူၾကီးလူေကာင္းဆန္ေပးဖို႔ ဝိုင္ဒါက ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

ဝိုင္ဒါက “ ဟန္ဒါဆန္ကို လက္က်န္ ၁၀ ပြဲလံုး ရွက္ဖီးအတြက္ ကစားေစဖို႔ က်င့္ဝတ္ေစာင့္ထိန္းေပးမယ္လို႔ ယံုၾကည္ပါတယ္။ အေျခအေနကို သိေပမယ့္ အငွားကာလ ကုန္ဆံုးတဲ့ အခါ ဆက္လက္ျပီး ဆံုးျဖတ္ဆိုတာက ယူႏုိက္တက္ရဲ႕ လက္ထဲမွာပဲ ရွိတာပါ။

က်ေန္ာတို႔ကလည္း ယူႏုိက္တက္ကို ခြင့္ျပဳေပးရမယ္ဆိုျပီး လုပ္ေဆာင္မွာေတာ့ မဟုတ္ပါဘူး။ ကစားသမားကို ေဘာလံုးရာသီေကာင္း ေက်ာ္ျဖတ္ခြင့္ ေပးမယ္ဆိုရင္ သူတို႔လည္း ေပ်ာ္ရႊင္ရမယ္ဆိုတာ ေသခ်ာေျပာရဲပါတယ္။ က်ေနာ္တို႔ကေတာ့ ဖယ္ယာရီကို ဖိုဒ့္က မေက်ာ္ႏုိင္သလို မန္ယူႏုိက္တက္ကို ေက်ာ္ႏုိင္မွာ မဟုတ္ပါဘူး ” လုိ႔ ဆိုခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ ယူႏုိက္တက္နဲ႔ ရွက္ဖီးက ရမွတ္ကြာဟမႈ နည္းေနျပီး လက္က်န္ တစ္ပြဲကို ရွက္ဖီး အနိုင္ရရင္ အဆင့္ ၅ ေနရာကို ေက်ာ္တက္ႏုိင္မွာပါ။ ႏွစ္သင္းလံုးဟာ မန္စီးတီး ခ်န္ပီယံလိဂ္ ဝင္ခြင့္မရရင္ အဆင့္ ၅ ေနရာက ဝင္ႏုိင္ဖို႔ထိပါ အခြင့္အေရး ရွိေနတာ ျဖစ္ပါတယ္။