လီဗာပူးနဲ့ ပက်သက်ပြီး အားလုံး လုပ်နိုင်တာက လက်ခုပ်တီးပေးလိုက်ကြဖို့ပဲ ရှိပါတယ်ဆိုတဲ့ ရိုဒရီ

UNICODE – မန်စီးတီးကွင်းလယ်လူ ရိုဒရီက ပရီးမီးယားလိဂ်မှာ ၎င်းတို့ကို ရမှတ် ၂၅ မှတ်ထိ ဖြတ်ထားတဲ့ လီဗာပူးအား အထင်ကြီးတဲ့ ချီးကျူးစကား ပြောဆိုလိုက်ပါတယ်။

ရိုဒရီက လီဗာပူးရဲ့ အံမခန်း တောက်ပမှုကို ငြင်းချက်တွေ ထုတ်မနေပဲ လက်ခုပ်တီးပေးသင့်တဲ့ အသင်းကောင်းတစ်သင်းလို့ စကိုင်းစပေါ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တယ်။ ပရီးမီးယားလိဂ်ကို အပြည့်အဝ အာရုံစိုက်ထားတဲ့ လီဗာပူးအသင်းက အရမ်းကို ကောင်းနေသလို မန်စီးတီးမှာလည်း ပြဿနာတွေ ရှိနေတယ်လို့ ရိုဒရီက ဝန်ခံပါတယ်။

ရိုဒရီက ပြောရာမှာ ” တစ်ခါတစ်လေမှာ ဘောလုံးဆိုတာက ဒီလိုပါပဲ။ ဒီရာသီမှာတော့ ပရီးမီးယားလိဂ်မှာ လီဗာပူးက အရမ်းကို ကောင်းပါတယ်။ သူတို့ရဲ့ စိတ်အာရုံတစ်ခုလုံးကို ပရီးမီးယားလိဂ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားကြတယ်။ ဒီအခြေအနေမှာ ကျနေ်ာတို့လုပ်နိုင်တာ တစ်ခုတည်းက သူတို့ကို လက်ခုပ်တီးပေးကြဖို့ပါပဲ။

ကျနေ်ာတို့ ကိုယ်တိုင်လည်း ဒီရာသီမှာ ပြဿနာတွေ အများကြီး ရှိထားပါတယ်။ ဒဏ်ရာရ ကစားသမားတွေများတယ်၊ အဓိက ကစားသမားတွေ မကစားနိုင်ဘူး။ ဒါပေမယ့် ဒုတိယနေရာက ရှိနေတဲ့ ကျနေ်ာတို့အတွက် အရမ်းဆိုးတဲ့ ဘောလုံးရာသီ တစ်ခုလည်း မဟုတ်ပါဘူး။

ဒီနေရာက ကျနေ်ာတို့ ရလိုတဲ့ နေရာ မဟုတ်ပေမယ့် တစ်ခါတစ်လေမှာ ဒါမျိုးတွေ ရှိတတ်ပြီး ဆက်ပြီး ကြိုးစားနေရပါမယ်။ တစ်ဦးချင်းအရ ပြောရမယ်ဆိုရင် ကျနော်အတွက်လည်း အရမ်းဆိုးတဲ့ ဘောလုံးရာသီ မဟုတ်ပဲ ကျေနပ်အားရမှု ရှိပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်တယ်။

ရိုဒရီဟာ နွေအပြောင်းအရွှေ့မှာ အက်သလက်တီကိုကနေ မန်စီးတီးကို ပြောင်းလာခဲ့သူပါ။ သူဟာ အင်္ဂလန်နဲ့ ဥရောပမှာ အကောင်းဆုံး အသင်းတွေထဲက တစ်သင်း အပါအဝင်ဖြစ်တဲ့ လီဗာပူးကို ဒီမတိုင်ခင်ကလည်း ချီးကျူးမှုတွေ လုပ်ခဲ့ဖူးပြီး လုပ်အားနှုန်းနဲ့ ကစားရာမှာကော၊ လွှမ်းမိုးမှုနဲ့ ကစားရာမှာပါ သားရဲကြီးတွေလို ကစားနိုင်တဲ့ အသင်းလို့ ဆိုထားပါသေးတယ်။

ZAWGYI – မန္စီးတီးကြင္းလယ္လူ ရိုဒရီက ပရီးမီးယားလိဂ္မွာ ၄င္းတို႔ကို ရမွတ္ ၂၅ မွတ္ထိ ျဖတ္ထားတဲ့ လီဗာပူးအား အထင္ၾကီးတဲ့ ခ်ီးက်ဴးစကား ေျပာဆိုလိုက္ပါတယ္။

ရိုဒရီက လီဗာပူးရဲ႕ အံမခန္း ေတာက္ပမႈကို ျငင္းခ်က္ေတြ ထုတ္မေနပဲ လက္ခုပ္တီးေပးသင့္တဲ့ အသင္းေကာင္းတစ္သင္းလို႔ စကိုင္းစေပါ့ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့တယ္။ ပရီးမီးယားလိဂ္ကို အျပည့္အဝ အာရံုစိုက္ထားတဲ့ လီဗာပူးအသင္းက အရမ္းကို ေကာင္းေနသလို မန္စီးတီးမွာလည္း ျပႆနာေတြ ရွိေနတယ္လို႔ ရိုဒရီက ဝန္ခံပါတယ္။

ရိုဒရီက ေျပာရာမွာ ” တစ္ခါတစ္ေလမွာ ေဘာလံုးဆိုတာက ဒီလိုပါပဲ။ ဒီရာသီမွာေတာ့ ပရီးမီးယားလိဂ္မွာ လီဗာပူးက အရမ္းကို ေကာင္းပါတယ္။ သူတို႔ရဲ႕ စိတ္အာရံုတစ္ခုလံုးကို ပရီးမီးယားလိဂ္မွာပဲ အျပည့္အဝ အာရံုစိုက္ထားၾကတယ္။ ဒီအေျခအေနမွာ က်ေန္ာတို႔လုပ္ႏုိင္တာ တစ္ခုတည္းက သူတို႔ကို လက္ခုပ္တီးေပးၾကဖို႔ပါပဲ။

က်ေန္ာတို႔ ကိုယ္တိုင္လည္း ဒီရာသီမွာ ျပႆနာေတြ အမ်ားၾကီး ရွိထားပါတယ္။ ဒဏ္ရာရ ကစားသမားေတြမ်ားတယ္၊ အဓိက ကစားသမားေတြ မကစားႏုိင္ဘူး။ ဒါေပမယ့္ ဒုတိယေနရာက ရွိေနတဲ့ က်ေန္ာတို႔အတြက္ အရမ္းဆိုးတဲ့ ေဘာလံုးရာသီ တစ္ခုလည္း မဟုတ္ပါဘူး။

ဒီေနရာက က်ေန္ာတို႔ ရလိုတဲ့ ေနရာ မဟုတ္ေပမယ့္ တစ္ခါတစ္ေလမွာ ဒါမ်ိဳးေတြ ရွိတတ္ျပီး ဆက္ျပီး ၾကိဳးစားေနရပါမယ္။ တစ္ဦးခ်င္းအရ ေျပာရမယ္ဆိုရင္ က်ေနာ္အတြက္လည္း အရမ္းဆိုးတဲ့ ေဘာလံုးရာသီ မဟုတ္ပဲ ေက်နပ္အားရမႈ ရွိပါတယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္တယ္။

ရိုဒရီဟာ ေႏြအေျပာင္းအေရႊ႔မွာ အက္သလက္တီကိုကေန မန္စီးတီးကို ေျပာင္းလာခဲ့သူပါ။ သူဟာ အဂၤလန္နဲ႔ ဥေရာပမွာ အေကာင္းဆံုး အသင္းေတြထဲက တစ္သင္း အပါအဝင္ျဖစ္တဲ့ လီဗာပူးကို ဒီမတိုင္ခင္ကလည္း ခ်ီးက်ဴးမႈေတြ လုပ္ခဲ့ဖူးျပီး လုပ္အားႏႈန္းနဲ႔ ကစားရာမွာေကာ၊ လႊမ္းမိုးမႈနဲ႔ ကစားရာမွာပါ သားရဲၾကီးေတြလို ကစားႏုိင္တဲ့ အသင္းလို႔ ဆိုထားပါေသးတယ္။