လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို ယူနိုက်တက်က လီဗာပူးနဲ့အပြိုင် လုလိမ့်မယ်လို့ နဗီး ထောက်ခံ

UNICODE – နဗီးက ယူနိုက်တက်အပေါ် သူ့ရဲ့ ယုံကြည်မှုက မြင့်မားနေပြီဖြစ်ပြီး လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို လီဗာပူးနဲ့အပြိုင် စိန်ခေါ်နိုင်လိမ့်မယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ ဒီရာသီမှာ ရမှတ် ၃၇ မှတ်ထိ ကွာဟနေပြီး လီဗာပူးက ၂ ပွဲနိုင်ရင် အမှတ်ပေးဖလား အနိုင်ရဖို့ ရှိနေကာ ယူနိုက်တက်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားနေရဆဲပါ။ ဒါပေမယ့် ဒီကွာခြားမှုက မကြာခင်မှာ အဆုံးသတ်မှာဖြစ်ပြီး ယူနိုက်တက်က တစ်ကျော့ ပြန်လာပြီလို့ နဗီး ယုံကြည်နေတာပါ။

ခံစစ်သမားဟောင်းက ‘ ယူနိုက်တက်က လုပ်ခနဲ့ ငွေကြေးပိုင်းတွေကို ထိန်းချုပ်ဖို့ နည်းလမ်းတွေ ရှာရမှာဖြစ်ပေမယ့် ဒီနွေမှာ အင်အားတောင့်တင်းလာအောင် လုပ်ဆောင်ရပါမယ်။ အဲ့တာက အရမ်း အရေးကြီးပါတယ်။ ကိုဗစ် မဖြစ်ခင်မှာ သူတို့က ပုံစံကောင်းတွေကိုလည်း ရှာဖွေတွေ့ထားပါပြီ။

ယူနိုက်တက်ဆိုတဲ့ ရေခွက်က ဘာမှ မရှိတာထက်စာရင် အခုချိန်မှာတော့ တစ်ဝက်လောက် ရှိလာပါပြီ။ လီဗာပူးနဲ့ ရမှတ် ၃၀ လောက် ကွာတာဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ လာမယ့်ရာသီမှာ ယူနိုက်တက်က တုန့်ပြန် စိန်ခေါ်လာနိုင်လိမ့်မယ်လို့ စပြီး ယုံကြည်နေမိပါပြီ ‘ လို့ ဆိုခဲ့တာပါ။

ပထမရာသီဝက်မှာ ယူနိုက်တက်က စွမ်းဆောင်ရည် မတည်ငြိမ်ခဲ့ပေမယ့် ချယ်ဆီးနဲ့ မန်စီးတီးတို့ကို အနိုင်ယူထားနိုင်ခဲ့တယ်။ ယူနိုက်တက် အဓိက ရုန်းကန်နေခဲ့ရတာက အသင်းငယ်တွေကို အနိုင်ယူမှုပိုင်းမှာဖြစ်တယ်။ ဇန်နဝါရီမှာ ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်တဲ့နောက် ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်က တည်ငြိမ်လာခဲ့ပါတယ်။

‘ ယူနိုက်တက်က ကစားသမား ခေါ်ယူမှု သုံး လေးခုလောက်ကို လုပ်ဖို့တော့ လိုပါတယ်။ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူမှုတွေ လုပ်ဖို့လိုတယ်။ ယူနိုက်တက်ကနေ ပေါ့ဘာ ထွက်သွားမယ်လို့ ပြောကြပေမယ့် ကိုဗစ်ကြောင့် ဘောလုံးလောကက သက်ရောက်မှု ရှိလာပါမယ်။ ဘယ်လိုအသင်းက ပေါ့ဘာလို လုပ်ခမြင့်တဲ့ ကစားသမားကို ခေါ်ယူဖို့နဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၉၀ ပေးဖို့တွေကို လုပ်မှာလဲ။

လာမယ့် ၁၂-၁၈ လလောက်ထိ ပေါ့ဘာက ယူနိုက်တက်မှာပဲ ဆက်ရှိနေပါလိမ့်မယ်။ သူကလည်း ဖာနန်ဒက်စ်နဲ့ တွဲကစားလိုမှာပါ။ ယူနိုက်တက်ရဲ့ လူစာရင်းက အရွယ်ကောင်းတွေမှာ ရှိနေကြတာပါ ‘ လို့ နဗီးက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI – နဗီးက ယူႏုိက္တက္အေပၚ သူ႔ရဲ႕ ယံုၾကည္မႈက ျမင့္မားေနျပီျဖစ္ျပီး လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ဖလားကို လီဗာပူးနဲ႔အျပိဳင္ စိန္ေခၚႏုိင္လိမ့္မယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

လီဗာပူးနဲ႔ ယူႏုိက္တက္တို႔ဟာ ဒီရာသီမွာ ရမွတ္ ၃၇ မွတ္ထိ ကြာဟေနျပီး လီဗာပူးက ၂ ပြဲႏုိင္ရင္ အမွတ္ေပးဖလား အႏုိင္ရဖို႔ ရွိေနကာ ယူႏုိက္တက္ကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ၾကိဳးစားေနရဆဲပါ။ ဒါေပမယ့္ ဒီကြာျခားမႈက မၾကာခင္မွာ အဆံုးသတ္မွာျဖစ္ျပီး ယူႏုိက္တက္က တစ္ေက်ာ့ ျပန္လာျပီလို႔ နဗီး ယံုၾကည္ေနတာပါ။

ခံစစ္သမားေဟာင္းက ‘ ယူႏုိက္တက္က လုပ္ခနဲ႔ ေငြေၾကးပိုင္းေတြကို ထိန္းခ်ဳပ္ဖို႔ နည္းလမ္းေတြ ရွာရမွာျဖစ္ေပမယ့္ ဒီေႏြမွာ အင္အားေတာင့္တင္းလာေအာင္ လုပ္ေဆာင္ရပါမယ္။ အဲ့တာက အရမ္း အေရးၾကီးပါတယ္။ ကိုဗစ္ မျဖစ္ခင္မွာ သူတို႔က ပံုစံေကာင္းေတြကိုလည္း ရွာေဖြေတြ႔ထားပါျပီ။

ယူႏုိက္တက္ဆိုတဲ့ ေရခြက္က ဘာမွ မရွိတာထက္စာရင္ အခုခ်ိန္မွာေတာ့ တစ္ဝက္ေလာက္ ရွိလာပါျပီ။ လီဗာပူးနဲ႔ ရမွတ္ ၃၀ ေလာက္ ကြာတာျဖစ္ျဖစ္ ဘာပဲျဖစ္ျဖစ္ေပါ့ဗ်ာ လာမယ့္ရာသီမွာ ယူႏုိက္တက္က တုန္႔ျပန္ စိန္ေခၚလာႏုိင္လိမ့္မယ္လို႔ စျပီး ယံုၾကည္ေနမိပါျပီ ‘ လို႔ ဆိုခဲ့တာပါ။

ပထမရာသီဝက္မွာ ယူႏုိက္တက္က စြမ္းေဆာင္ရည္ မတည္ျငိမ္ခဲ့ေပမယ့္ ခ်ယ္ဆီးနဲ႔ မန္စီးတီးတို႔ကို အႏုိင္ယူထားႏုိင္ခဲ့တယ္။ ယူႏုိက္တက္ အဓိက ရုန္းကန္ေနခဲ့ရတာက အသင္းငယ္ေတြကို အႏုိင္ယူမႈပုိင္းမွာျဖစ္တယ္။ ဇန္နဝါရီမွာ ဖာနန္ဒက္စ္ကို ေခၚယူႏုိင္တဲ့ေနာက္ ယူႏုိက္တက္ရဲ႕ စြမ္းေဆာင္ရည္က တည္ျငိမ္လာခဲ့ပါတယ္။

‘ ယူႏုိက္တက္က ကစားသမား ေခၚယူမႈ သံုး ေလးခုေလာက္ကို လုပ္ဖို႔ေတာ့ လိုပါတယ္။ အေျပာင္းအေရႊ႔မွာ ကစားသမား ေခၚယူမႈေတြ လုပ္ဖို႔လိုတယ္။ ယူႏုိက္တက္ကေန ေပါ့ဘာ ထြက္သြားမယ္လို႔ ေျပာၾကေပမယ့္ ကိုဗစ္ေၾကာင့္ ေဘာလံုးေလာကက သက္ေရာက္မႈ ရွိလာပါမယ္။ ဘယ္လိုအသင္းက ေပါ့ဘာလို လုပ္ချမင့္တဲ့ ကစားသမားကို ေခၚယူဖို႔နဲ႔ ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၉၀ ေပးဖို႔ေတြကို လုပ္မွာလဲ။

လာမယ့္ ၁၂-၁၈ လေလာက္ထိ ေပါ့ဘာက ယူႏုိက္တက္မွာပဲ ဆက္ရွိေနပါလိမ့္မယ္။ သူကလည္း ဖာနန္ဒက္စ္နဲ႔ တြဲကစားလိုမွာပါ။ ယူႏုိက္တက္ရဲ႕ လူစာရင္းက အရြယ္ေကာင္းေတြမွာ ရွိေနၾကတာပါ ‘ လို႔ နဗီးက ေျပာဆိုခဲ့တာျဖစ္ပါတယ္။