ဟန်ဒါဆန်က ပါရမီရှင်အဖြစ် မွေးဖွားခဲ့သူ မဟုတ်ပဲ ကိုယ်တိုင် ထုဆစ်ခဲ့သူလို့ ဖာဒီနန် ချီးကျူး

UNICODE – ဘောလုံးသမားတွေမှာ မွေးရာပါ ပါရမီရှင်တွေရှိသလို အချို့တွေကတော့ ထိပ်ဆုံးအဆင့်တွေအတွက် ကိုယ်တိုင် ကြိုးစားခဲ့ကြသူတွေဖြစ်တယ်။ ဟန်ဒါဆန်ဟာ ကိုယ်တိုင် ဇွဲကြီးစွာ ကြိုးစားခဲ့သူလို့ အင်္ဂလန်ခံစစ်မှူးဟောင်း ဖာဒီနန်က ပြောပါတယ်။

စတီဗင်ဂျရတ်လို ပါရမီရှင် အသင်းခေါင်းဆောင်နေရာကို အစားဝင်ခဲ့ရတဲ့ ဟန်ဒါဆန်ဟာ နိမ့်ချမှုတွေ စော်ကားမှုတွေကို ကြံ့ကြံ့ခံပြီး အခုချိန်မှာတော့ လီဗာပူးရဲ့ ခေါင်းဆောင်ကောင်းအဖြစ် အသင်းအဝတ်လဲခန်း တစ်ခုလုံးက ယုံကြည်ကိုးစားရသူ ဖြစ်နေခဲ့ပါပြီ။

ဖာဒီနန်က ” အချို့သူတွေက ကစားသမားဘဝ အစောပိုင်းတည်းက ခေါင်းဆောင်မှု ပါရမီတွေ ပါလာခဲ့ကြတယ်၊ အချို့ကတော့ တာဝန်ယူရင်းမှပဲ တိုးတက်လာခဲ့ကြတယ်။ ဟန်ဒါဆန်က ဒုတိယအမျိုးအစားထဲ ပါတယ်လို့ ထင်ပါတယ်။

သူက တကယ်ကို ကြီးကျယ်တဲ့ အစားဝင်မှုကို လုပ်ဖို့ လိုခဲ့တာပါ၊ ဘောလုံးအသင်းတွေမှာ အစားထိုးဖို့ အခက်ခဲဆုံး ကိစ္စမျိုး ဖြစ်နိုင်တဲ့ စတီဗင်ဂျရတ်နေရာ ဆက်ခံပေးခဲ့ရတာပါ။ ဒါပေမယ့် အရမ်းကောင်းကောင်းပဲ သူလုပ်နိုင်ခဲ့ပါတယ်။ ဒါကပဲ သူ့အတွက် ဂုဏ်ယူစရာပါ၊ အရမ်းကို ဇွဲကြီးပြီး ခိုင်ခိုင်မာမာကို ကြိုးစားခဲ့ရတာဖြစ်ပါတယ်။

သူ့ရဲ့ တိုးတက်လာမှုတွေက လီဗာပူးအသင်းခေါင်းဆောင် လက်ပတ်နဲ့ ထိုက်တန်လှပါတယ်။ သူ့နဲ့ တကယ်ကို ကိုက်ညီတဲ့ တာဝန်ဖြစ်ပါတယ်။ သူက လီဗာပူးပရိသတ်တွေရဲ့ကြားမှာ အမှတ်တရကောင်းတွေနဲ့အတူ လီဗာပူးသမိုင်းမှာ အချိန်အကြာကြီး ဆက်ရှိနေမယ့်သူပါ။ လီဗာပူးအသင်းမှာ သူမရှိဘူးဆိုရင် လိုအပ်ချက်တွေ ရှိနေပြီး ကောင်းကောင်း မလည်ပတ်နိုင်တာကို ခင်ဗျားတို့လည်း မြင်ကြမှာပါ။

ဂျော်ဒန်ဟန်ဒါဆန်က အသင်းခေါင်းဆောင်ပါ၊ သူက ဦးဆောင်သူပါ၊ သူက လုံ့ဆော်မှု ပေးနိုင်တဲ့သူပါ ” လို့ ချီးကျူးပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှုတွေ လုပ်နိုင်တဲ့ ဖန်တီးနိုင်စွမ်းမြင့်တဲ့ ကွင်းလယ်သမားတွေကနေ ကွဲထွက်ပြီး လီဗာပူးအတွက် အင်အားနဲ့ ပြင်းပြတဲ့ စိတ်ဓါတ်ကို ပေးနိုင်စွမ်းရှိတဲ့ ဟန်ဒါဆန်ဟာ ကလော့ပ်ရဲ့ နည်းစနစ်ကို ပုံရိပ်ထင်ဟပ်စေသူပါ။ ဒါကြောင့်လည်း သူဟာ ပရိုကစားသမားအဖွဲ့က ရွေးတဲ့ ဒီနှစ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိဖို့ ရေပန်းစားနေတာဖြစ်တယ်။

ကမ္ဘာအကောင်းဆုံး ကစားသမားတွေ စုဖွဲ့နေတဲ့ လီဗာပူးလူစာရင်းကို တည်ငြိမ်စေပြီး လိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံး အသင်းတစ်သင်းကို ဦးဆောင်နေတဲ့ ဟန်ဒါဆန်ဟာ ပရီးမီးယားလိဂ်ရဲ့ အထင်ကရ အသင်းခေါင်းဆောင်တွေထဲ ပါဝင်သွားနိုင်မလား လာမယ့်ရာသီတွေမှာ ဆက်လက် စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ZAWGYI – ေဘာလံုးသမားေတြမွာ ေမြးရာပါ ပါရမီရွင္ေတြရွိသလို အခ်ိဳ႕ေတြကေတာ့ ထိပ္ဆံုးအဆင့္ေတြအတြက္ ကိုယ္တိုင္ ၾကိဳးစားခဲ့ၾကသူေတြျဖစ္တယ္။ ဟန္ဒါဆန္ဟာ ကိုယ္တိုင္ ဇြဲၾကီးစြာ ၾကိဳးစားခဲ့သူလို႔ အဂၤလန္ခံစစ္မွဴးေဟာင္း ဖာဒီနန္က ေျပာပါတယ္။

စတီဗင္ဂ်ရတ္လို ပါရမီရွင္ အသင္းေခါင္းေဆာင္ေနရာကို အစားဝင္ခဲ့ရတဲ့ ဟန္ဒါဆန္ဟာ နိမ့္ခ်မႈေတြ ေစာ္ကားမႈေတြကို ၾကံ႕ၾကံ႕ခံျပီး အခုခ်ိန္မွာေတာ့ လီဗာပူးရဲ႕ ေခါင္းေဆာင္ေကာင္းအျဖစ္ အသင္းအဝတ္လဲခန္း တစ္ခုလံုးက ယံုၾကည္ကိုးစားရသူ ျဖစ္ေနခဲ့ပါျပီ။

ဖာဒီနန္က ” အခ်ိဳ႔သူေတြက ကစားသမားဘဝ အေစာပိုင္းတည္းက ေခါင္းေဆာင္မႈ ပါရမီေတြ ပါလာခဲ့ၾကတယ္၊ အခ်ိဳ႔ကေတာ့ တာဝန္ယူရင္းမွပဲ တိုးတက္လာခဲ့ၾကတယ္။ ဟန္ဒါဆန္က ဒုတိယအမ်ိဳးအစားထဲ ပါတယ္လို႔ ထင္ပါတယ္။

သူက တကယ္ကို ၾကီးက်ယ္တဲ့ အစားဝင္မႈကို လုပ္ဖို႔ လိုခဲ့တာပါ၊ ေဘာလံုးအသင္းေတြမွာ အစားထိုးဖို႔ အခက္ခဲဆံုး ကိစၥမ်ိဳး ျဖစ္ႏုိင္တဲ့ စတီဗင္ဂ်ရတ္ေနရာ ဆက္ခံေပးခဲ့ရတာပါ။ ဒါေပမယ့္ အရမ္းေကာင္းေကာင္းပဲ သူလုပ္ႏုိင္ခဲ့ပါတယ္။ ဒါကပဲ သူ႔အတြက္ ဂုဏ္ယူစရာပါ၊ အရမ္းကို ဇြဲၾကီးျပီး ခိုင္ခိုင္မာမာကို ၾကိဳးစားခဲ့ရတာျဖစ္ပါတယ္။

သူ႔ရဲ႕ တိုးတက္လာမႈေတြက လီဗာပူးအသင္းေခါင္းေဆာင္ လက္ပတ္နဲ႔ ထိုက္တန္လွပါတယ္။ သူ႔နဲ႔ တကယ္ကို ကိုက္ညီတဲ့ တာဝန္ျဖစ္ပါတယ္။ သူက လီဗာပူးပရိသတ္ေတြရဲ႕ၾကားမွာ အမွတ္တရေကာင္းေတြနဲ႔အတူ လီဗာပူးသမိုင္းမွာ အခ်ိန္အၾကာၾကီး ဆက္ရွိေနမယ့္သူပါ။ လီဗာပူးအသင္းမွာ သူမရွိဘူးဆိုရင္ လိုအပ္ခ်က္ေတြ ရွိေနျပီး ေကာင္းေကာင္း မလည္ပတ္ႏုိင္တာကို ခင္ဗ်ားတို႔လည္း ျမင္ၾကမွာပါ။

ေဂ်ာ္ဒန္ဟန္ဒါဆန္က အသင္းေခါင္းေဆာင္ပါ၊ သူက ဦးေဆာင္သူပါ၊ သူက လံု႔ေဆာ္မႈ ေပးႏုိင္တဲ့သူပါ ” လို႔ ခ်ီးက်ဴးေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

သြင္းဂိုးနဲ႔ ဂိုးေထာက္ပံ့မႈေတြ လုပ္ႏုိင္တဲ့ ဖန္တီးႏုိင္စြမ္းျမင့္တဲ့ ကြင္းလယ္သမားေတြကေန ကြဲထြက္ျပီး လီဗာပူးအတြက္ အင္အားနဲ႔ ျပင္းျပတဲ့ စိတ္ဓါတ္ကို ေပးႏုိင္စြမ္းရွိတဲ့ ဟန္ဒါဆန္ဟာ ကေလာ့ပ္ရဲ႕ နည္းစနစ္ကို ပံုရိပ္ထင္ဟပ္ေစသူပါ။ ဒါေၾကာင့္လည္း သူဟာ ပရိုကစားသမားအဖြဲ႔က ေရြးတဲ့ ဒီႏွစ္ရဲ႕ အေကာင္းဆံုး ကစားသမားဆုကို ရရွိဖို႔ ေရပန္းစားေနတာျဖစ္တယ္။

ကမၻာအေကာင္းဆံုး ကစားသမားေတြ စုဖြဲ႔ေနတဲ့ လီဗာပူးလူစာရင္းကို တည္ျငိမ္ေစျပီး လိဂ္သမိုင္းတစ္ေလွ်ာက္ အေကာင္းဆံုး အသင္းတစ္သင္းကို ဦးေဆာင္ေနတဲ့ ဟန္ဒါဆန္ဟာ ပရီးမီးယားလိဂ္ရဲ႕ အထင္ကရ အသင္းေခါင္းေဆာင္ေတြထဲ ပါဝင္သြားႏုိင္မလား လာမယ့္ရာသီေတြမွာ ဆက္လက္ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။