Confirmed: ဒေါ့မွန် V ရှော်ကေး ဒါဘီပွဲဖြင့် စဖွင့်မယ့် ဘွန်ဒက်လီဂါ ပွဲစဉ်များရဲ့ ပွဲချိန်ဇယားများ

UNICODE – မေလ ၁၆ ရက်နေ့မှာတော့ ဘွန်ဒက်လီဂါဟာ ကွင်းပိတ်ကစားမှုနဲ့အတူ ဂျာမနီ အဆင့်မြင့်တန်း ပွဲတွေကို တရားဝင် ပြန်စ ကစားသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ပွဲတွေအတွက် ပထမအပတ် ပွဲစဉ်ဇယားနဲ့ ပွဲချိန်တွေ ထွက်ရှိလာပါပြီ။

ပြန်လည်စတင်မယ့် ဘွန်ဒက်လီဂါ ပထမဆုံးပွဲက ဒေါ့မွန်နဲ့ ရှော်ကေး ဒါဘီပွဲဖြစ်ပြီး မေလ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် ည ၈ နာရီမှာ ယှဉ်ပြိုင်ကစားပါမယ်။ ဒေါ့မွန်ဒါဘီပွဲဟာ နှစ်လထိ ဥရောပဘောလုံးပွဲတွေ ရပ်နားအပြီးမှာ ပထမဆုံး ယှဉ်ပြိုင်ကစားမယ့် ဥရောပ အဆင့်မြင့်တန်းပွဲလည်း ဖြစ်ပါတယ်။

ဘွန်ဒက်လီဂါ ပွဲစဉ်တွေကို ပြသခွင့်အား ဗြိတိန်အားကစား ရုပ်သံလွှင့်ကုမ္ပဏီ BT Sport က ပိုင်ဆိုင်ထားပြီး ဒီရာသီ ကွင်းပိတ်ကစားမယ့် လက်ကျန်ပွဲအားလုံးကို ပြသခွင့်လည်း ရှိထားတယ်။ နောက်အပတ်ကနေစပြီး ပြန်လည် စတင်တော့မယ့် ဘွန်ဒက်လီဂါပွဲတွေကို အခမဲ့ ထုတ်လွှင့်ပေးဖို့ BT Sport က စကားပြောမှု လုပ်နေပါတယ်။

BT Sport နဲ့ ဂျာမနီလိဂ် ထိပ်တန်းအသင်းတွေကြားမှာ ရုပ်သံလွှင့်ကိစ္စ စကားပြောနေဆဲဖြစ်ပြီး ကိုဗစ်ကာလအတွင်း ပိတ်ဆို့မှုတွေကြားမှာ ဘောလုံးပွဲကို နေအိမ်တွေကနေ ကြည့်နိုင်ဖို့ အခုလို စီစဉ်လာတာပါ။ အပတ်တိုင်းရဲ့ စနေ့နေ့မှာ ယှဉ်ပြိုင်မယ့် ဘွန်ဒက်လီဂါပွဲတွေကို နှစ်လလုံးပြသနိုင်ဖို့ ကြိုးစားနေခြင်းလို့လည်း သိရတယ်။

ဘွန်ဒက်လီဂါ ပွဲစဉ်များ နေ့ရက်နဲ့ အချိန်များ (မြန်မာစံတော်ချိန်)

မေလ (၁၆) ရက်၊ စနေနေ့ ည ၈ နာရီ

Dortmund-Schalke
Leipzig-Freiburg
Hoffenheim-Hertha
Fortuna-Paderborn
Augsburg-Wolfsburg

ည ၁၁ နာရီ

Frankfurt-Gladbach

မေလ (၁၇) ရက်၊ တနင်္ဂနွေနေ့ ည ၈ နာရီ

Cologne-Mainz

ည ၁၀ နာရီခွဲ

Union-Bayern

မေလ (၁၈) ရက်၊ တနင်္လာနေ့ မနက် ၁ နာရီ

Bremen-Leverkusen

ZAWGYI – ေမလ ၁၆ ရက္ေန႔မွာေတာ့ ဘြန္ဒက္လီဂါဟာ ကြင္းပိတ္ကစားမႈနဲ႔အတူ ဂ်ာမနီ အဆင့္ျမင့္တန္း ပြဲေတြကို တရားဝင္ ျပန္စ ကစားသြားမွာ ျဖစ္ပါတယ္။ အဆိုပါ ပြဲေတြအတြက္ ပထမအပတ္ ပြဲစဥ္ဇယားနဲ႔ ပြဲခ်ိန္ေတြ ထြက္ရွိလာပါျပီ။

ျပန္လည္စတင္မယ့္ ဘြန္ဒက္လီဂါ ပထမဆံုးပြဲက ေဒါ့မြန္နဲ႔ ေရွာ္ေကး ဒါဘီပြဲျဖစ္ျပီး ေမလ ၁၆ ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ ည ၈ နာရီမွာ ယွဥ္ျပိဳင္ကစားပါမယ္။ ေဒါ့မြန္ဒါဘီပြဲဟာ ႏွစ္လထိ ဥေရာပေဘာလံုးပြဲေတြ ရပ္နားအျပီးမွာ ပထမဆံုး ယွဥ္ျပိဳင္ကစားမယ့္ ဥေရာပ အဆင့္ျမင့္တန္းပြဲလည္း ျဖစ္ပါတယ္။

ဘြန္ဒက္လီဂါ ပြဲစဥ္ေတြကို ျပသခြင့္အား ျဗိတိန္အားကစား ရုပ္သံလႊင့္ကုမၸဏီ BT Sport က ပိုင္ဆိုင္ထားျပီး ဒီရာသီ ကြင္းပိတ္ကစားမယ့္ လက္က်န္ပြဲအားလံုးကို ျပသခြင့္လည္း ရွိထားတယ္။ ေနာက္အပတ္ကေနစျပီး ျပန္လည္ စတင္ေတာ့မယ့္ ဘြန္ဒက္လီဂါပြဲေတြကို အခမဲ့ ထုတ္လႊင့္ေပးဖို႔ BT Sport က စကားေျပာမႈ လုပ္ေနပါတယ္။

BT Sport နဲ႔ ဂ်ာမနီလိဂ္ ထိပ္တန္းအသင္းေတြၾကားမွာ ရုပ္သံလႊင့္ကိစၥ စကားေျပာေနဆဲျဖစ္ျပီး ကိုဗစ္ကာလအတြင္း ပိတ္ဆို႔မႈေတြၾကားမွာ ေဘာလံုးပြဲကို ေနအိမ္ေတြကေန ၾကည့္ႏုိင္ဖို႔ အခုလို စီစဥ္လာတာပါ။ အပတ္တိုင္းရဲ႕ စေန႔ေန႔မွာ ယွဥ္ျပိဳင္မယ့္ ဘြန္ဒက္လီဂါပြဲေတြကို ႏွစ္လလံုးျပသႏုိင္ဖို႔ ၾကိဳးစားေနျခင္းလို႔လည္း သိရတယ္။

ဘြန္ဒက္လီဂါ ပြဲစဥ္မ်ား ေန႔ရက္နဲ႔ အခ်ိန္မ်ား (ျမန္မာစံေတာ္ခ်ိန္)

ေမလ (၁၆) ရက္၊ စေနေန႔ ည ၈ နာရီ

Dortmund-Schalke
Leipzig-Freiburg
Hoffenheim-Hertha
Fortuna-Paderborn
Augsburg-Wolfsburg

ည ၁၁ နာရီ

Frankfurt-Gladbach

ေမလ (၁၇) ရက္၊ တနဂၤေႏြေန႔ ည ၈ နာရီ

Cologne-Mainz

ည ၁၀ နာရီခြဲ

Union-Bayern

ေမလ (၁၈) ရက္၊ တနလၤာေန႔ မနက္ ၁ နာရီ

Bremen-Leverkusen