ဟန်ဒါဆန် ဦးဆောင်ပြီး ဖာနန်ဒက်စ် ပါဝင်လာတဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးအသင်း

UNICODE – ဗြိတိန် သတင်းဌာနကြီးဖြစ်တဲ့ BBC Sport က ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးအသင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် လီဗာပူးအသင်း ကွင်းလယ်လူ ဟန်ဒါဆန်၊ တိုက်စစ်သမား မာနေးနဲ့ မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းတို့ သုံးဦး အပြိုင်ဖြစ်ခဲ့ပြီး ဟန်ဒါဆန်က မဲ ၂၃% ဖြင့် အနိုင်ရခဲ့ကာ မာနေး ၁၇%နဲ့ ဒီဘရိုင်း ၁၄% တို့ ရရှိခဲ့တယ်။

နောက်ထပ် လီဗာပူး အသင်းသား နှစ်ဦးဖြစ်တဲ့ ထရန့် ၁၁% နဲ့ ဗန်ဒိုက် ၁၀% တို့ကလည်း အနီးကပ် စိန်ခေါ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ အကောင်းဆုံး ဂိုးသမားအဖြစ်တော့ လီဗာပူးဂိုးသမား အယ်လီဆန်က ၅၂%၊ ရှက်ဖီး ယူနိုက်တက် ဂိုးသမား ဒင်းဟန်ဒါဆန်က ၃၇%၊ မန်စီးတီးဂိုးသမား အီဒါဆန်က ၄% တို့ ရခဲ့ကြပါတယ်။

အကောင်းဆုံးဆု အားလုံးနီးပါးကို ဒီရာသီ အမှတ်ပေးဇယားအား ဒုတိယနေရာက မန်စီးတီးကိုယ်တောင် ၂၅ မှတ် ဖြတ်ထားတဲ့ လီဗာပူးအသင်းကပဲ ရယူသွားခဲ့တာပါ။ လီဗာပူးဟာ အမှတ်ပေးပွဲ ၂၉ ပွဲ ကစားထားပြီး နောက်ထပ် ၂ ပွဲ အနိုင်ရရင်ကို လက်ကျန်ပွဲ ရလဒ်တွေ ကြည့်စရာမလိုပဲ ပရီးမီးယားလိဂ်ချန်ပီယံဖလား ကိုင်မြောက်နိုင်မှာဖြစ်တယ်။

အကောင်းဆုံး မန်နေဂျာဆုကို ယာဂင်ကလော့ပ်၊ အကောင်းဆုံး လူငယ်ဆုကို ထရန့်၊ တစ်ရာသီလုံး အံ့အားသင့်စရာ အကောင်းဆုံးပွဲကို ဝတ်ဖိုဒ့် ၃-၀ လီဗာပူး ပွဲတို့ ရရှိခဲ့တယ်။ အကောင်းဆုံး လက်မှတ်ထိုးမှုအဖြစ် ရှက်ဖီးဂိုး ဟန်ဒါဆန်၊ အကောင်းဆုံးသွင်းဂိုးကို စပါးမှ ဆွန်ရဲ့ ဘန်လေနဲ့သွင်းဂိုး၊ ဒီရာသီ အံ့အားသင့်ဖွယ် အကောင်းဆုံး ကစားသမားအဖြစ် ဝုဗ်မှ ထရာအိုရေးတို့ ရရှိသွားပါတယ်။

ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး အသင်းမှာတော့ ဂိုး- အယ်လီဆန်၊ ခံစစ်- ထရန့်၊ ဗန်ဒိုက်၊ ဆိုရန်ချိူ၊ ရော်ဘတ်ဆန်၊ ကွင်းလယ် – ဟန်ဒါဆန်၊ ဖာနန်ဒက်စ်၊ ဒီဘရိုင်းနဲ့ တိုက်စစ်- မာနေး၊ အဂွယ်ရို၊ ဆာလက်တို့က ရရှိသွားခဲ့ပါတယ်။ ဒီလူစာရင်းမှာ ပါခဲ့တဲ့ ဖာနန်ဒက်စ်ကတော့ ပွဲအနည်းဆုံး ကစားသူအဖြစ် ပရီးမီးယားလိဂ်ပွဲ ၅ ပွဲပဲ ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။

ZAWGYI – ျဗိတိန္ သတင္းဌာနၾကီးျဖစ္တဲ့ BBC Sport က ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီအတြက္ ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုးအသင္းကို ထုတ္ျပန္လိုက္ျပီျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားအျဖစ္ လီဗာပူးအသင္း ကြင္းလယ္လူ ဟန္ဒါဆန္၊ တိုက္စစ္သမား မာေနးနဲ႔ မန္စီးတီး ကြင္းလယ္လူ ဒီဘရိုင္းတို႔ သံုးဦး အျပိဳင္ျဖစ္ခဲ့ျပီး ဟန္ဒါဆန္က မဲ ၂၃% ျဖင့္ အႏုိင္ရခဲ့ကာ မာေနး ၁၇%နဲ႔ ဒီဘရိုင္း ၁၄% တို႔ ရရွိခဲ့တယ္။

ေနာက္ထပ္ လီဗာပူး အသင္းသား ႏွစ္ဦးျဖစ္တဲ့ ထရန္႔ ၁၁% နဲ႔ ဗန္ဒိုက္ ၁၀% တို႔ကလည္း အနီးကပ္ စိန္ေခၚသူေတြ ျဖစ္ခဲ့ၾကပါတယ္။ အေကာင္းဆံုး ဂိုးသမားအျဖစ္ေတာ့ လီဗာပူးဂိုးသမား အယ္လီဆန္က ၅၂%၊ ရွက္ဖီး ယူႏုိက္တက္ ဂိုးသမား ဒင္းဟန္ဒါဆန္က ၃၇%၊ မန္စီးတီးဂိုးသမား အီဒါဆန္က ၄% တို႔ ရခဲ့ၾကပါတယ္။

အေကာင္းဆံုးဆု အားလံုးနီးပါးကို ဒီရာသီ အမွတ္ေပးဇယားအား ဒုတိယေနရာက မန္စီးတီးကိုယ္ေတာင္ ၂၅ မွတ္ ျဖတ္ထားတဲ့ လီဗာပူးအသင္းကပဲ ရယူသြားခဲ့တာပါ။ လီဗာပူးဟာ အမွတ္ေပးပြဲ ၂၉ ပြဲ ကစားထားျပီး ေနာက္ထပ္ ၂ ပြဲ အႏုိင္ရရင္ကို လက္က်န္ပြဲ ရလဒ္ေတြ ၾကည့္စရာမလိုပဲ ပရီးမီးယားလိဂ္ခ်န္ပီယံဖလား ကိုင္ေျမာက္ႏုိင္မွာျဖစ္တယ္။

အေကာင္းဆံုး မန္ေနဂ်ာဆုကို ယာဂင္ကေလာ့ပ္၊ အေကာင္းဆံုး လူငယ္ဆုကို ထရန္႔၊ တစ္ရာသီလံုး အံ့အားသင့္စရာ အေကာင္းဆံုးပြဲကို ဝတ္ဖိုဒ့္ ၃-၀ လီဗာပူး ပြဲတို႔ ရရွိခဲ့တယ္။ အေကာင္းဆံုး လက္မွတ္ထိုးမႈအျဖစ္ ရွက္ဖီးဂိုး ဟန္ဒါဆန္၊ အေကာင္းဆံုးသြင္းဂိုးကို စပါးမွ ဆြန္ရဲ႕ ဘန္ေလနဲ႔သြင္းဂိုး၊ ဒီရာသီ အံ့အားသင့္ဖြယ္ အေကာင္းဆံုး ကစားသမားအျဖစ္ ဝုဗ္မွ ထရာအိုေရးတို႔ ရရွိသြားပါတယ္။

ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုး အသင္းမွာေတာ့ ဂိုး- အယ္လီဆန္၊ ခံစစ္- ထရန္႔၊ ဗန္ဒိုက္၊ ဆိုရန္ခ်ိဴ၊ ေရာ္ဘတ္ဆန္၊ ကြင္းလယ္ – ဟန္ဒါဆန္၊ ဖာနန္ဒက္စ္၊ ဒီဘရိုင္းနဲ႔ တိုက္စစ္- မာေနး၊ အဂြယ္ရို၊ ဆာလက္တို႔က ရရွိသြားခဲ့ပါတယ္။ ဒီလူစာရင္းမွာ ပါခဲ့တဲ့ ဖာနန္ဒက္စ္ကေတာ့ ပြဲအနည္းဆံုး ကစားသူအျဖစ္ ပရီးမီးယားလိဂ္ပြဲ ၅ ပြဲပဲ ပါဝင္ကစားခဲ့သူျဖစ္ပါတယ္။