ယူနိုက်တက်ဟာ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အခွင့်အရေး နည်းလာပြီး ဂရီလစ်ဘက်ကို ဦးတည်

UNICODE – ဒီနွေမှာ ဆန်ချိုဟာ အသင်းပြောင်းခြင်းတွေ မလုပ်ပဲ ဂျာမနီမှာပဲ ဆက်နေမယ်လို့ မျှော်လင့်ထားကြောင်း ဒေါ့မွန် အကြီးအကဲ Watzke က ထုတ်ပြောလိုက်ခြင်းနဲ့အတူ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ကိစ္စဟာ ပိုမို အားနည်းလာခဲ့ပါပြီ။

၂၀၂၂ ခုနှစ်ထိပဲ ဒေါ့မွန်နဲ့ စာချုပ်ရှိထားတဲ့ ဆန်ချိုကို လာမယ့် ရာသီမှ ရောင်းထုတ်မယ်ဆိုရင် စာချုပ် တစ်နှစ်ပဲ ကျန်ရှိမှာဖြစ်လို့ စွန့်စားမှု ဖြစ်စေမှာပါ။ ဆန်ချိုဟာ ဒေါ့မွန်နဲ့ စာချုပ် သက်တမ်းတိုးဖို့ အရိပ်အယောင် မရှိပေမယ့်ဒေါ့မွန်ဘက်ကလည်း ကလပ် အလိုရှိတဲ့ ပေါင် သန်း ၁၀၀ ဝန်းကျင်ကို မရပဲ ကစားသမားကို လက်လွတ်ခံဖို့ ဆန္ဒမရှိပါဘူး။

ကမ္ဘာကပ်ဘေးကြီးကို ရင်ဆိုင် ကျော်ဖြတ်နေရချိန်မှာ ဆန်ချိုအတွက် ပေါင် သန်း ၁၀၀ ရင်းနှီးမြုပ်နှံခြင်းက မှန်ကန်တဲ့ လုပ်ရပ် မဟုတ်နိုင်ဘူးလို့ ယူနိုက်တက် အကြီးအကဲတွေက ဆုံးဖြတ်လာတာဖြစ်တယ်။ အပြောင်းအရွှေ့ စကားပြောမှုဟာ တစ်နှစ် နောက်ဆုတ်သွားမယ်လို့ မန်ချက်စတာ သတင်းတွေက ဖော်ပြထားမှုကို ဒေါ့မွန်ဘက်ကလည်း အတည်ပြုသဘော ပြောလာခဲ့တာဖြစ်တယ်။

Watzke က ” ကစားသမားရဲ့ ဆန္ဒကိုလဲ ကျနော်တို့က အမြဲတမ်း လေးစားပါတယ်။ ကိုဗစ်ကပ်ဘေး မဖြစ်ခင်တည်းကလည်း ဆန်ချို အသင်းမှာပဲ ဆက်နေစေဖို့ကို ကျနေ်ာတို့က ပိုမို လိုလာခဲ့တာပါ။ ” လို့ ဆန်ချို့ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်။

ယူနိုက်တက်ကတော့ မန်နေဂျာဆိုးရှား အလိုရှိနေတဲ့ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂရီလစ်ကို အားစိုက် ခေါ်ယူဖို့ကို ပိုမို လုပ်ဆောင်ပေးမှာဖြစ်ပြီး ဗီလာ တန်းဆင်းခဲ့ရမယ်ဆိုရင် ဂရီလစ်ကို ပေါင် သန်း ၄၀ နဲ့ ခေါ်ယူခွင့် ရှိမှာ ဖြစ်ပါတယ်။

ZAWGYI – ဒီေႏြမွာ ဆန္ခ်ိဳဟာ အသင္းေျပာင္းျခင္းေတြ မလုပ္ပဲ ဂ်ာမနီမွာပဲ ဆက္ေနမယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း ေဒါ့မြန္ အၾကီးအကဲ Watzke က ထုတ္ေျပာလိုက္ျခင္းနဲ႔အတူ ယူႏုိက္တက္ထံ ေျပာင္းေရႊ႔ဖို႔ကိစၥဟာ ပိုမို အားနည္းလာခဲ့ပါျပီ။

၂၀၂၂ ခုႏွစ္ထိပဲ ေဒါ့မြန္နဲ႔ စာခ်ဳပ္ရွိထားတဲ့ ဆန္ခ်ိဳကို လာမယ့္ ရာသီမွ ေရာင္းထုတ္မယ္ဆိုရင္ စာခ်ဳပ္ တစ္ႏွစ္ပဲ က်န္ရွိမွာျဖစ္လို႔ စြန္႔စားမႈ ျဖစ္ေစမွာပါ။ ဆန္ခ်ိဳဟာ ေဒါ့မြန္နဲ႔ စာခ်ဳပ္ သက္တမ္းတိုးဖို႔ အရိပ္အေယာင္ မရွိေပမယ့္ေဒါ့မြန္ဘက္ကလည္း ကလပ္ အလိုရွိတဲ့ ေပါင္ သန္း ၁၀၀ ဝန္းက်င္ကို မရပဲ ကစားသမားကို လက္လြတ္ခံဖို႔ ဆႏၵမရွိပါဘူး။

ကမၻာကပ္ေဘးၾကီးကို ရင္ဆိုင္ ေက်ာ္ျဖတ္ေနရခ်ိန္မွာ ဆန္ခ်ိဳအတြက္ ေပါင္ သန္း ၁၀၀ ရင္းႏွီးျမဳပ္ႏွံျခင္းက မွန္ကန္တဲ့ လုပ္ရပ္ မဟုတ္ႏိုင္ဘူးလို႔ ယူႏုိက္တက္ အၾကီးအကဲေတြက ဆံုုးျဖတ္လာတာျဖစ္တယ္။ အေျပာင္းအေရႊ႔ စကားေျပာမႈဟာ တစ္ႏွစ္ ေနာက္ဆုတ္သြားမယ္လို႔ မန္ခ်က္စတာ သတင္းေတြက ေဖာ္ျပထားမႈကို ေဒါ့မြန္ဘက္ကလည္း အတည္ျပဳသေဘာ ေျပာလာခဲ့တာျဖစ္တယ္။

Watzke က ” ကစားသမားရဲ႕ ဆႏၵကိုလဲ က်ေနာ္တို႔က အျမဲတမ္း ေလးစားပါတယ္။ ကိုဗစ္ကပ္ေဘး မျဖစ္ခင္တည္းကလည္း ဆန္ခ်ိဳ အသင္းမွာပဲ ဆက္ေနေစဖို႔ကို က်ေန္ာတို႔က ပိုမို လိုလာခဲ့တာပါ။ ” လို႔ ဆန္ခ်ိဳ႔ရဲ႕ အနာဂတ္နဲ႔ ပက္သက္ျပီး ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္။

ယူႏုိက္တက္ကေတာ့ မန္ေနဂ်ာဆိုးရွား အလိုရွိေနတဲ့ အက္စတြန္ဗီလာ အသင္းေခါင္းေဆာင္ ဂရီလစ္ကို အားစိုက္ ေခၚယူဖို႔ကို ပိုမို လုပ္ေဆာင္ေပးမွာျဖစ္ျပီး ဗီလာ တန္းဆင္းခဲ့ရမယ္ဆိုရင္ ဂရီလစ္ကို ေပါင္ သန္း ၄၀ နဲ႔ ေခၚယူခြင့္ ရွိမွာ ျဖစ္ပါတယ္။