ကြာသပတေးနေ့အတွက် နောက်ဆုံးရ ပရီးမီးယားလိဂ် ညနေခင်းသတင်းများ

UNICODE – ပရီးမီးယားလိဂ်က လာမယ့် အပတ်မှာ ကလပ် ၂၀ မှ အသင်းခေါင်းဆောင်တွေနဲ့ လေ့ကျင့်ရေးမှာ ဘာတွေ လုပ်ဆောင်ရမယ်ဆိုတဲ့ ကိစ္စကို ရှင်းလင်းပြောဆိုမှုတွေ လုပ်ပေးမှာဖြစ်တယ်။ နောက်ထပ် အစီအစဉ်အဖြစ် ကလပ် ၂၀ ရဲ့ မန်နေဂျာတွေအပြင် ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့၊ ပရော်ဖက်ရှင်နယ် မန်နေဂျာများအဖွဲ့တွေနဲ့ ဘောလုံးရာသီ ဘယ်လို ရှေ့ဆက်မလဲ အစီအစဉ်တွေကို သဘောတူညီမှု ယူမှာဖြစ်ပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က စပိန်မြေမှာ သွားကန်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်က စပါးနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အနိုင်ရခဲ့ခြင်းက သူ့ဘဝမှာ အအောင်မြင်ဆုံး ကာလအဖြစ် အမှတ်တရ ပြန်ပြောင်း ပြောဆိုခဲ့ပါတယ်။

ဂယ်ရီ နဗီးက “ ယူနိုက်တက်မှာ ဒီမာရီယာက တကယ်ကို ညံ့ဖျင်းတာပါ။ မျှော်လင့်ချက်တွေ အများကြီးနဲ့ ခေါ်ယူခဲ့ပြီး ထိပ်တန်းကစားသမားအဖြစ် လက်မှတ်ထိုးမှုနဲ့အတူ ကလပ်ကို ရောက်လာခဲ့တယ်။ ပထမနေ့ကတည်းကကို သူက စိတ်မဝင်စားတာပါ။ ” လို့ ဝေဖန်လိုက်ပါတယ်။

မန်စီးတီးဟာ နွေအပြောင်းအရွှေ့မှာ ဆာနေးကို ပေါင် ၃၅ သန်းပေးပြီး ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဘိုင်ယန်မြူးနစ်ကို ငြင်းဆန်ပြီး နောက်နှစ်နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ခံဖို့ထိ ဆုံးဖြတ်ထားပါတယ်။

လီဗာပူးအသင်းဟာ ဘယ်ဂျီယံကလပ် KV Mechelen အသင်းက အသက် ၁၇ နှစ်သား ကွင်းလယ်လူ Aster Vranckx ကို ခေါ်ယူနိုင်ဖို့ မန်စီးတီးနဲ့အပြိုင် ကြိုးစားနေပါတယ်။

စာချုပ် ကုန်ဆုံးတော့မှာ ဖြစ်လို့ စတန်းဖို့ဘရစ်ချ်ကနေ ထွက်ခွာရတော့မယ့် ချယ်ဆီး တိုက်စစ်သမား ပက်ဒရိုကို အမေရိကန် မေဂျာလိဂ်ဘက် ပြောင်းရွှေ့ ကစားဖို့ အကြံပြုမှု ထွက်ပေါ်လာပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ မြက်ခင်းစိမ်းတွေနဲ့ ပြန် ထိတွေ့ခွင့်ရရင် သူ့ရည်မှန်းချက်က ကမ္ဘာ့အကောင်းဆုံး ဂုဏ်ပုဒ်တစ်ခုကို ပိုင်ဆိုင်ဖို့အတွက် အစွမ်းကုန် ပေးဆပ် ကစားသွားမယ်လို့ ပြင်သစ်သားက ထုတ်ဖော် ပြောဆိုလာပါတယ်။

ဘောလုံးကမ္ဘာရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုပုံစံဟာ အသွင်သစ်တစ်မျိုးနဲ့ ဝင်ရောက်လာမှာဖြစ်ပြီး ကလပ်တွေကြား ကစားသမား ဒဲ့လဲမှုတွေ ပိုများလာလိမ့်မယ်လို့ စပါးနဲ့ လီဗာပူးအသင်း အားကစားဒါရိုက်တာဟောင်း ကိုမိုလီက သုံးသပ် ပြောဆိုလိုက်ပါတယ်။

လူမှုယွန်ယက် အင်စတာဂရမ်ကနေ ဝင်ငွေ ရရှိနေမှုကို eMarketer ကနေ စစ်တမ်းဖော်ပြမှုမှာ ယူနိုက်တက်နဲ့ ဆီးဘယ်လော့တို့က ဝင်ငွေ ရမှု အမြင့်ဆုံးဖြစ်တယ်လို့ သိရပါတယ်။

တံတွေးထွေးခြင်း၊ ပွဲအပြီး ဂျာစီလဲခြင်း၊ ရေဗူးတွေကို မျှသုံးခြင်းနဲ့ အသင်းလိုက် အောင်ပွဲခံခြင်းတွေဟာ ဘောလုံးပွဲတွေ ပြန်စတင်ချိန်မှာ ပိတ်ပင်ခြင်း ခံရဖွယ် ရှိနေပါတယ်။

ယူနိုက်တက် ကွင်းလယ်လူ ဖရတ်ဟာ မန်ချက်စတာမှာ အသားကျနေပြီဖြစ်ကြောင်းနဲ့ မန်ချက်စတာ နှစ်သင်းအနက် ယူနိုက်တက်ကို ရွေးချယ်ခဲ့ခြင်းက မန်နေဂျာမော်ရင်ညိုကြောင့်ဖြစ်ကြောင်း ထုတ်ပြောလိုက်ပါတယ်။

ယူအီးအက်ဖ်အေဟာ ပွဲတွေပိတ်ထားရတဲ့ ချန်ပီယံလိဂ်ပွဲကို သြဂုတ်လ ၈ ရက်မှာ ပြန်လည် စတင်ဖို့ လက်မှတ်ထိုးခဲ့ကြောင်း ပြင်သစ် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

ယူနိုက်တက်ကစားသမားဟောင်းနဲ့ ဝေးလ်လက်ရွေးစင်မန်နေဂျာ ဂစ်က သူရဲ့ လက်ရွေးစင်အသင်းမှာ တိုက်စစ်ပိုင်း ကစားဟန်မှာ ကလော့ပ်ရဲ့ နည်းစနစ်ကို ဆင့်ပွှားယူ ကစားဖို့ ကြိုးစားခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္က လာမယ့္ အပတ္မွာ ကလပ္ ၂၀ မွ အသင္းေခါင္းေဆာင္ေတြနဲ႔ ေလ့က်င့္ေရးမွာ ဘာေတြ လုပ္ေဆာင္ရမယ္ဆိုတဲ့ ကိစၥကို ရွင္းလင္းေျပာဆိုမႈေတြ လုပ္ေပးမွာျဖစ္တယ္။ ေနာက္ထပ္ အစီအစဥ္အျဖစ္ ကလပ္ ၂၀ ရဲ႕ မန္ေနဂ်ာေတြအျပင္ ပေရာ္ဖက္ရွင္နယ္ ေဘာလံုးသမားမ်ားအဖြဲ႔၊ ပေရာ္ဖက္ရွင္နယ္ မန္ေနဂ်ာမ်ားအဖြဲ႔ေတြနဲ႔ ေဘာလံုးရာသီ ဘယ္လို ေရွ႔ဆက္မလဲ အစီအစဥ္ေတြကို သေဘာတူညီမႈ ယူမွာျဖစ္ပါတယ္။

လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္က စပိန္ေျမမွာ သြားကန္ခဲ့တဲ့ ျပီးခဲ့တဲ့နွစ္က စပါးနဲ႕ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို အႏုိင္ရခဲ့ျခင္းက သူ႔ဘဝမွာ အေအာင္ျမင္ဆံုး ကာလအျဖစ္ အမွတ္တရ ျပန္ေျပာင္း ေျပာဆိုခဲ့ပါတယ္။

ဂယ္ရီ နဗီးက “ ယူႏုိက္တက္မွာ ဒီမာရီယာက တကယ္ကို ညံ့ဖ်င္းတာပါ။ ေမွ်ာ္လင့္ခ်က္ေတြ အမ်ားၾကီးနဲ႔ ေခၚယူခဲ့ျပီး ထိပ္တန္းကစားသမားအျဖစ္ လက္မွတ္ထိုးမႈနဲ႔အတူ ကလပ္ကို ေရာက္လာခဲ့တယ္။ ပထမေန႔ကတည္းကကို သူက စိတ္မဝင္စားတာပါ။ ” လို႔ ေဝဖန္လိုက္ပါတယ္။

မန္စီးတီးဟာ ေႏြအေျပာင္းအေရႊ႔မွာ ဆာေနးကို ေပါင္ ၃၅ သန္းေပးျပီး ေခၚယူဖို႔ ၾကိဳးစားေနတဲ့ ဘိုင္ယန္ျမဴးနစ္ကို ျငင္းဆန္ျပီး ေနာက္ႏွစ္ေႏြမွာ အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ လက္လြတ္ခံဖို႔ထိ ဆံုးျဖတ္ထားပါတယ္။

လီဗာပူးအသင္းဟာ ဘယ္ဂ်ီယံကလပ္ KV Mechelen အသင္းက အသက္ ၁၇ ႏွစ္သား ကြင္းလယ္လူ Aster Vranckx ကို ေခၚယူႏုိင္ဖို႔ မန္စီးတီးနဲ႔အျပိဳင္ ၾကိဳးစားေနပါတယ္။

စာခ်ဳပ္ ကုန္ဆံုးေတာ့မွာ ျဖစ္လို႔ စတန္းဖို႔ဘရစ္ခ်္ကေန ထြက္ခြာရေတာ့မယ့္ ခ်ယ္ဆီး တိုက္စစ္သမား ပက္ဒရိုကို အေမရိကန္ ေမဂ်ာလိဂ္ဘက္ ေျပာင္းေရႊ႕ ကစားဖို႔ အၾကံျပဳမႈ ထြက္ေပၚလာပါတယ္။

ယူနိုက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာဟာ ျမက္ခင္းစိမ္းေတြနဲ႕ ျပန္ ထိေတြ႔ခြင့္ရရင္ သူ႔ရည္မွန္းခ်က္က ကမာၻ႔အေကာင္းဆုံး ဂုဏ္ပုဒ္တစ္ခုကို ပိုင္ဆိုင္ဖို႔အတြက္ အစြမ္းကုန္ ေပးဆပ္ ကစားသြားမယ္လို႔ ျပင္သစ္သားက ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။

ေဘာလံုးကမၻာရဲ႕ အေျပာင္းအေရႊ႔ လႈပ္ရွားမႈပံုစံဟာ အသြင္သစ္တစ္မ်ိဳးနဲ႔ ဝင္ေရာက္လာမွာျဖစ္ျပီး ကလပ္ေတြၾကား ကစားသမား ဒဲ့လဲမႈေတြ ပိုမ်ားလာလိမ့္မယ္လို႔ စပါးနဲ႔ လီဗာပူးအသင္း အားကစားဒါရိုက္တာေဟာင္း ကိုမိုလီက သံုးသပ္ ေျပာဆိုလိုက္ပါတယ္။

လူမႈယြန္ယက္ အင္စတာဂရမ္ကေန ဝင္ေငြ ရရွိေနမႈကို eMarketer ကေန စစ္တမ္းေဖာ္ျပမႈမွာ ယူႏုိက္တက္နဲ႔ ဆီးဘယ္ေလာ့တို႔က ဝင္ေငြ ရမႈ အျမင့္ဆံုးျဖစ္တယ္လို႔ သိရပါတယ္။

တံေတြးေထြးျခင္း၊ ပြဲအျပီး ဂ်ာစီလဲျခင္း၊ ေရဗူးေတြကို မွ်သံုးျခင္းနဲ႔ အသင္းလိုက္ ေအာင္ပြဲခံျခင္းေတြဟာ ေဘာလံုးပြဲေတြ ျပန္စတင္ခ်ိန္မွာ ပိတ္ပင္ျခင္း ခံရဖြယ္ ရွိေနပါတယ္။

ယူႏုိက္တက္ ကြင္းလယ္လူ ဖရတ္ဟာ မန္ခ်က္စတာမွာ အသားက်ေနျပီျဖစ္ေၾကာင္းနဲ႔ မန္ခ်က္စတာ ႏွစ္သင္းအနက္ ယူႏုိက္တက္ကို ေရြးခ်ယ္ခဲ့ျခင္းက မန္ေနဂ်ာေမာ္ရင္ညိဳေၾကာင့္ျဖစ္ေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။

ယူအီးအက္ဖ္ေအဟာ ပြဲေတြပိတ္ထားရတဲ့ ခ်န္ပီယံလိဂ္ပြဲကို ၾသဂုတ္လ ၈ ရက္မွာ ျပန္လည္ စတင္ဖို႔ လက္မွတ္ထိုးခဲ့ေၾကာင္း ျပင္သစ္ သတင္းဌာနေတြက ေဖာ္ျပလာပါတယ္။

ယူႏုိက္တက္ကစားသမားေဟာင္းနဲ႔ ေဝးလ္လက္ေရြးစင္မန္ေနဂ်ာ ဂစ္က သူရဲ႕ လက္ေရြးစင္အသင္းမွာ တုိက္စစ္ပိုင္း ကစားဟန္မွာ ကေလာ့ပ္ရဲ႕ နည္းစနစ္ကို ဆင့္ပႊားယူ ကစားဖို႔ ၾကိဳးစားခဲ့တယ္လို႔ ဝန္ခံလိုက္ပါတယ္။