မန်ချက်စတာကို -ျီးထုပ်လို့ ဝေဖန်တဲ့ ဒီမာရီယာရဲ့ မိန်းမကို တုန့်ပြန် ဝေဖန်လိုက်တဲ့ ဂယ်ရီနဗီး

UNICODE – ယူနိုက်တက်ဂန္တဝင်ကြီး ဂယ်ရီနဗီးက အင်္ဂလန်ကို -ျီးထုပ်လို့ စော်ကားပြောဆိုခဲ့ပြီး ယူနိုက်တက်အကြောင်း မကောင်းပြောခဲ့တဲ့ ဒီမာရီယာရဲ့ ဇနီးဖြစ်သူကို တုန့်ပြန်မှုတစ်ခု ပြုလုပ်သွားပါတယ်။

၂၀၁၄ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကနေ ယူနိုက်တက်ကို ပြောင်းလာခဲ့ပြီး ကျောနံပါတ် ၇ ဂျာစီကိုပါ ဝတ်ဆင်ခွင့်ရခဲ့တဲ့ ဒီမာရီယာဟာ ဂျင်းကစားသမားတစ်ဦး ဖြစ်ခဲ့သူပါ။ သူဟာ မန်နေဂျာဗန်ဟား ခေါ်ယူမှုမှာ သရဲနီတွေအတွက် တစ်ရာသီ ကစားပေးခဲ့ပြီးနောက် ပီအက်ဂျီအသင်းထံ ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဒီရက်ပိုင်းမှာ ဒီမာရီယာရဲ့ ဇနီးဖြစ်သူက သူမဟာ ခင်ပွန်းသည် စပိန်မှာ ကစားနေစဉ်ကတည်းက သူငယ်ချင်းဖြစ်သူ အဂွယ်ရိုရဲ့ ဇနီးဟောင်း (Gianinna Maradona) ထံ အလည်လာစဉ် မန်ချက်စတာရဲ့ အနေအထားကို သိခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်လိုခဲ့ဘူးလို့ ဆိုတယ်။ မန်ချက်စတာမှာ သူမကြိုက်တာ ဘာတစ်ခုမှကို မရှိအောင်ပါပဲဆိုပြီး ခင်ပွန်းသည်ရဲ့ အင်္ဂလန်လိဂ်မှာ ကျင်လည်ခဲ့စဉ် အခြေအနေတွေကို ထုတ်ပြောခဲ့တာပါ။

ဒီမာရီယာရဲ့ ဇနီးက “ ရီးရဲလ်မက်ဒရစ်မှာ ခွင့်ရတုန်းက သူငယ်ချင်းဖြစ်တဲ့ Gianinna ရှိရာ မန်ချက်စတာကို နှစ်ရက် သုံးရက်လောက် အလည်သွားခဲ့တယ်။ တကယ်ကို ဆိုးတာပါ၊ အကုန်လုံးက ဆိုးဆိုးရွားရွားပါပဲ။ အဲ့တည်းက ကြိုက်တဲ့ တိုင်းပြည်သွား အင်္ဂလန်တော့ မသွားဘူးလို့ လုပ်ခဲ့တယ်။ တစ်နှစ်လောက်ကြာတော့ အင်္ဂလန်ကို လာခဲ့ရတယ်။ တကယ်ကို ဆိုးရွားပြီး -ျီးထုပ်တွေပါပဲ ” လို့ ဆိုခဲ့တာပါ။

နဗီးက “ ကျနော် ပြောချင်တာကတော့ ယူနိုက်တက်မှာ ဒီမာရီယာ ကစားခဲ့သလို အသင်းတစ်သင်းမှာ ဆိုးရွားတဲ့ ကစားပုံမျိုး ရှိခဲ့တဲ့ ကစားသမားတိုင်း သူတို့ ခြေစွမ်းမပြနိုင်ခဲ့တဲ့ နေရာအကြောင်း ဝေဖန်တဲ့ ဇာတ်လမ်းတွေ အများကြီးကို ကျနေ်ာတို့ ကြားဖူးကြပါတယ်။

ဒီမာရီယာက တကယ်ကို ညံ့ဖျင်းတာပါ။ မျှော်လင့်ချက်တွေ အများကြီးနဲ့ ခေါ်ယူခဲ့ပြီး ထိပ်တန်းကစားသမားအဖြစ် လက်မှတ်ထိုးမှုနဲ့အတူ ကလပ်ကို ရောက်လာခဲ့တယ်။ ပထမနေ့ကတည်းကကို သူက စိတ်မဝင်စားတာပါ။ ရောက်လာကတည်းက သူလုပ်ချင်တာက လမ်းတွေကို ကျော်ဖြတ်ပြီး အာဂျင်တိုင်းသားတွေဖြစ်တဲ့ အဂွယ်ရို၊ ဇာဘလက်တာတို့နဲ့ သွားတွေ့ဖို့ပါပဲ။

ကျနော်ကတော့ ကိုယ်ရဲ့ မြို့ကို ကာကွယ်ရမှာပါ။ ကံဆိုးစွာပဲ ဒီမာရီယာရဲ့ ဇနီးက မန်ချက်စတာမြို့အတွင်းမှာ လုယက်မှုကို ရင်ဆိုင်ခဲ့ရတော့ စိတ်ပိုင်းဆိုင်ရာမှာ အဆိုးမြင်ပြီး မြို့ကို အကဲဖြတ်မှုတွေမှာ မကောင်းမြင်သွားခဲ့တာပါ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္ဂႏၱဝင္ၾကီး ဂယ္ရီနဗီးက အဂၤလန္ကို -်ီးထုပ္လို႔ ေစာ္ကားေျပာဆိုခဲ့ျပီး ယူႏုိက္တက္အေၾကာင္း မေကာင္းေျပာခဲ့တဲ့ ဒီမာရီယာရဲ႕ ဇနီးျဖစ္သူကို တုန္႔ျပန္မႈတစ္ခု ျပဳလုပ္သြားပါတယ္။

၂၀၁၄ ခုႏွစ္မွာ ရီးရဲလ္မက္ဒရစ္ကေန ယူႏုိက္တက္ကို ေျပာင္းလာခဲ့ျပီး ေက်ာနံပါတ္ ၇ ဂ်ာစီကိုပါ ဝတ္ဆင္ခြင့္ရခဲ့တဲ့ ဒီမာရီယာဟာ ဂ်င္းကစားသမားတစ္ဦး ျဖစ္ခဲ့သူပါ။ သူဟာ မန္ေနဂ်ာဗန္ဟား ေခၚယူမႈမွာ သရဲနီေတြအတြက္ တစ္ရာသီ ကစားေပးခဲ့ျပီးေနာက္ ပီအက္ဂ်ီအသင္းထံ ေျပာင္းေရႊ႔သြားခဲ့ပါတယ္။

ဒီရက္ပိုင္းမွာ ဒီမာရီယာရဲ႕ ဇနီးျဖစ္သူက သူမဟာ ခင္ပြန္းသည္ စပိန္မွာ ကစားေနစဥ္ကတည္းက သူငယ္ခ်င္းျဖစ္သူ အဂြယ္ရိုရဲ႕ ဇနီးေဟာင္း (Gianinna Maradona) ထံ အလည္လာစဥ္ မန္ခ်က္စတာရဲ႕ အေနအထားကို သိခဲ့တာေၾကာင့္ အေျပာင္းအေရႊ႔ မျဖစ္လိုခဲ့ဘူးလို႔ ဆိုတယ္။ မန္ခ်က္စတာမွာ သူမၾကိဳက္တာ ဘာတစ္ခုမွကို မရွိေအာင္ပါပဲဆိုျပီး ခင္ပြန္းသည္ရဲ႕ အဂၤလန္လိဂ္မွာ က်င္လည္ခဲ့စဥ္ အေျခအေနေတြကို ထုတ္ေျပာခဲ့တာပါ။

ဒီမာရီယာရဲ႕ ဇနီးက “ ရီးရဲလ္မက္ဒရစ္မွာ ခြင့္ရတုန္းက သူငယ္ခ်င္းျဖစ္တဲ့ Gianinna ရွိရာ မန္ခ်က္စတာကို ႏွစ္ရက္ သံုးရက္ေလာက္ အလည္သြားခဲ့တယ္။ တကယ္ကို ဆိုးတာပါ၊ အကုန္လံုးက ဆိုးဆိုးရြားရြားပါပဲ။ အဲ့တည္းက ၾကိဳက္တဲ့ တိုင္းျပည္သြား အဂၤလန္ေတာ့ မသြားဘူးလို႔ လုပ္ခဲ့တယ္။ တစ္ႏွစ္ေလာက္ၾကာေတာ့ အဂၤလန္ကို လာခဲ့ရတယ္။ တကယ္ကို ဆိုးရြားျပီး -်ီးထုပ္ေတြပါပဲ ” လို႔ ဆိုခဲ့တာပါ။

နဗီးက “ က်ေနာ္ ေျပာခ်င္တာကေတာ့ ယူႏုိက္တက္မွာ ဒီမာရီယာ ကစားခဲ့သလို အသင္းတစ္သင္းမွာ ဆိုးရြားတဲ့ ကစားပံုမ်ိဳး ရွိခဲ့တဲ့ ကစားသမားတိုင္း သူတို႔ ေျခစြမ္းမျပႏုိင္ခဲ့တဲ့ ေနရာအေၾကာင္း ေဝဖန္တဲ့ ဇာတ္လမ္းေတြ အမ်ားၾကီးကို က်ေန္ာတို႔ ၾကားဖူးၾကပါတယ္။

ဒီမာရီယာက တကယ္ကို ညံ့ဖ်င္းတာပါ။ ေမွ်ာ္လင့္ခ်က္ေတြ အမ်ားၾကီးနဲ႔ ေခၚယူခဲ့ျပီး ထိပ္တန္းကစားသမားအျဖစ္ လက္မွတ္ထိုးမႈနဲ႔အတူ ကလပ္ကို ေရာက္လာခဲ့တယ္။ ပထမေန႔ကတည္းကကို သူက စိတ္မဝင္စားတာပါ။ ေရာက္လာကတည္းက သူလုပ္ခ်င္တာက လမ္းေတြကို ေက်ာ္ျဖတ္ျပီး အာဂ်င္တိုင္းသားေတြျဖစ္တဲ့ အဂြယ္ရို၊ ဇာဘလက္တာတို႔နဲ႔ သြားေတြ႔ဖို႔ပါပဲ။

က်ေနာ္ကေတာ့ ကိုယ္ရဲ႕ ျမိဳ႕ကို ကာကြယ္ရမွာပါ။ ကံဆိုးစြာပဲ ဒီမာရီယာရဲ႕ ဇနီးက မန္ခ်က္စတာျမိဳ႕အတြင္းမွာ လုယက္မႈကို ရင္ဆိုင္ခဲ့ရေတာ့ စိတ္ပိုင္းဆိုင္ရာမွာ အဆိုးျမင္ျပီး ျမိဳ႕ကို အကဲျဖတ္မႈေတြမွာ မေကာင္းျမင္သြားခဲ့တာပါ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။