ကိုဗစ်ကြောင့် ဒီနွေကစလို့ ဥရောပအပြောင်းအရွှေ့ဟာ ပုံစံအသစ်ဖြင့် ပြန်လည် ပေါ်ထွက်လာမည်

UNICODE – ဘောလုံးကမ္ဘာရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုပုံစံဟာ အသွင်သစ်တစ်မျိုးနဲ့ ဝင်ရောက်လာလိမ့်မယ်လို့ စပါးနဲ့ လီဗာပူးအသင်း အားကစားဒါရိုက်တာဟောင်း ကိုမိုလီက သုံးသပ် ပြောဆိုလိုက်ပါတယ်။

ကိုဗစ်ဖြစ်ရပ်ကြောင့် ကမ္ဘာစီးပွားရေး လုပ်ငန်းစုတွေနည်းတူ ဘောလုံးကလပ်တွေက ဘဏ္ဍာရေးပိုင်း အကြီးအကျယ် ထိခိုက်ကြမှာဖြစ်ပြီး ဒီကာလဟာ လမယ့် ၁၆ လလောက်ထိ ဆက်ရှိနေနိုင်ပါတယ်။ ဒါ့အပြင် ကလပ်တွေ ပြန်လည် ထူထောင်ဖို့ကလည်း နှစ်အနည်းငယ် အချိန်ယူရဖွယ် ရှိနေတာပါ။

အနီးစပ်ဆုံး ရောက်လာမယ့် နွေဈေးကွက်မှာ အပြောင်းအရွှေ့ လှုပ်ရှားမှုက စံချိန်တင် ကျဆင်းမယ်လို့ အားကစားပိုင်း ကျွမ်းကျင်သူတွေက သုံးသပ်ထားကြတယ်။ ဒါ့အပြင် တစ်ကြိမ်မှ မမြင်ဖူးတဲ့ ဥရောပပြင်ပက ကစားသမား အပြောင်းအရွှေ့မျိုးကို ကလပ်တွေက ကျင့်သုံးလာနိုင်ပါတယ်။ အဆိုပါ စနစ်ကတော့ အမေရိကန်မှာ ပရော်ဖက်ရှင်နယ် ဘက်စကတ်ဘောအသင်းတွေကြား ကျင့်သုံးတဲ့ အပြောင်းအရွှေ့ စနစ်မျိုးပါပဲ။

ကိုမိုလီက ပြောရာမှာ ” အရာအားလုံး ပြောင်းလဲသွားပါမယ်။ ကျနေ်ာတို့တွေ တစ်ကြိမ်မှ မမြင်ဖူးတဲ့ အခြေအနေမျိုး ဖြစ်သွားပါလိမ့်မယ်။ ကမ္ဘာဘောလုံးလောကမှာ လုပ်ဆောင်တဲ့ စီးပွားရေးပုံစံတွေက ပြောင်းလဲသွားပါမယ်။ ကလပ်တွေက လူငယ်ကစားသမားတွေအပေါ် ရင်းနှီးမြုပ်နှံမှုတွေ တိုးမြင့်လာမှာဖြစ်ပြီး ကစားသမားတွေအတွက် ငွေကြေးသုံးမှု လုံးဝမရှိတာတွေ ဖြစ်လာပါလိမ့်မယ်။

ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာမှာ ကလပ်တွေက အီတလီကလပ်တွေ လုပ်ဆောင်ကြသလိုပဲ ကစားသမားတွေကို ဒဲ့လဲလှယ်တာမျိုးတွေ ရှိလာပါမယ်။ ကစားသမား တစ်ဦး နှစ်ဦးလောက်ကို ငွေသား အနည်းငယ်တွေနဲ့ လဲကြတာမျိုးတွေ ဖြစ်လာပါမယ်။ ကလပ်တွေဟာ လုပ်ခပိုင်းကို လျော့ချဖို့ ကစားသမား ရောင်းချခြင်းတွေ လုပ်ဆောင်ရ ခက်ခဲတဲ့အခါ အငှားချခြင်းတွေကို လုပ်ဆောင်လာပါလိမ့်မယ်။

အပြောင်းအရွှေ့ လောကကြီးမှာ အလွတ်ပြောင်းရွှေ့ကြေးက စိတ်ဝင်စားစရာ ကိစ္စ ဖြစ်လာပါလိမ့်မယ်။ ဘောလုံးကမ္ဘာရဲ့ ထိပ်တန်း အသင်း ၂၀ လောက်က ဒီကိစ္စထဲကို ဝင်ရောက်လာလိမ့်မယ်။ ဘာလို့လည်းဆိုတော့ သူတို့ရဲ့ နာမည်ကျော်တွေအတွက် ပြောင်းရွှေ့ကြေးတွေ သက်မှတ်လို့ ရတော့မှာ မဟုတ်လို့ပါပဲ။

ထိပ်တန်း ကစားသမားတွေအတွက် ပေးချရတဲ့ ပေးငွေတွေက မြင့်မားနေဆဲဖြစ်ပြီး ပိုမို မြင့်မားနိုင်ပေမယ့် စာချုပ်ကုန်ပြီး အလွတ်နဲ့ ပြောင်းလို့ရမယ့် ကစားသမားတွေအတွက် လက်မှတ်ထိုးကြေးတွေကတော့ နည်းပါးသွားပါလိမ့်မယ် ” လို့ သုံးသပ်ပြခဲ့တယ်။

ကစားသမားတွေကြား ငွေကြေးအနည်းငယ်တွေနဲ့ အလဲအထပ် ပုံစံတွေကို စီးရီးအေက လုပ်ဆောင်နေခဲ့တာ နှစ်အနည်းငယ် ကြာခဲ့ပါပြီ။ သို့ပေမယ့် ဒီနွေမှာတော့ ကစားသမား ဒဲ့လဲမှုတွေက ပိုမို များလာလိမ့်မယ်လို့ ဂျူဗင်တပ်အားကစား ဒါရိုက်တာ ဖေဘီယို ပါရာတီဆီကလည်း ခန်းမှန်းထားပါတယ်။

ZAWGYI – ေဘာလံုးကမၻာရဲ႕ အေျပာင္းအေရႊ႔ လႈပ္ရွားမႈပံုစံဟာ အသြင္သစ္တစ္မ်ိဳးနဲ႔ ဝင္ေရာက္လာလိမ့္မယ္လို႔ စပါးနဲ႔ လီဗာပူးအသင္း အားကစားဒါရိုက္တာေဟာင္း ကိုမိုလီက သံုးသပ္ ေျပာဆိုလိုက္ပါတယ္။

ကိုဗစ္ျဖစ္ရပ္ေၾကာင့္ ကမၻာစီးပြားေရး လုပ္ငန္းစုေတြနည္းတူ ေဘာလံုးကလပ္ေတြက ဘ႑ာေရးပိုင္း အၾကီးအက်ယ္ ထိခိုက္ၾကမွာျဖစ္ျပီး ဒီကာလဟာ လမယ့္ ၁၆ လေလာက္ထိ ဆက္ရွိေနႏုိင္ပါတယ္။ ဒါ့အျပင္ ကလပ္ေတြ ျပန္လည္ ထူေထာင္ဖို႔ကလည္း ႏွစ္အနည္းငယ္ အခ်ိန္ယူရဖြယ္ ရွိေနတာပါ။

အနီးစပ္ဆံုး ေရာက္လာမယ့္ ေႏြေစ်းကြက္မွာ အေျပာင္းအေရႊ႔ လႈပ္ရွားမႈက စံခ်ိန္တင္ က်ဆင္းမယ္လို႔ အားကစားပိုင္း ကၽြမ္းက်င္သူေတြက သံုးသပ္ထားၾကတယ္။ ဒါ့အျပင္ တစ္ၾကိမ္မွ မျမင္ဖူးတဲ့ ဥေရာပျပင္ပက ကစားသမား အေျပာင္းအေရႊ႔မ်ိဳးကို ကလပ္ေတြက က်င့္သံုးလာႏုိင္ပါတယ္။ အဆိုပါ စနစ္ကေတာ့ အေမရိကန္မွာ ပေရာ္ဖက္ရွင္နယ္ ဘက္စကတ္ေဘာအသင္းေတြၾကား က်င့္သံုးတဲ့ အေျပာင္းအေရႊ႔ စနစ္မ်ိဳးပါပဲ။

ကိုမိုလီက ေျပာရာမွာ ” အရာအားလံုး ေျပာင္းလဲသြားပါမယ္။ က်ေန္ာတို႔ေတြ တစ္ၾကိမ္မွ မျမင္ဖူးတဲ့ အေျခအေနမ်ိဳး ျဖစ္သြားပါလိမ့္မယ္။ ကမၻာေဘာလံုးေလာကမွာ လုပ္ေဆာင္တဲ့ စီးပြားေရးပံုစံေတြက ေျပာင္းလဲသြားပါမယ္။ ကလပ္ေတြက လူငယ္ကစားသမားေတြအေပၚ ရင္းႏွီးျမဳပ္ႏွံမႈေတြ တိုးျမင့္လာမွာျဖစ္ျပီး ကစားသမားေတြအတြက္ ေငြေၾကးသံုးမႈ လံုးဝမရွိတာေတြ ျဖစ္လာပါလိမ့္မယ္။

ပထမဆံုးအၾကိမ္အျဖစ္ ကမၻာလံုးဆိုင္ရာ အတိုင္းအတာမွာ ကလပ္ေတြက အီတလီကလပ္ေတြ လုပ္ေဆာင္ၾကသလိုပဲ ကစားသမားေတြကို ဒဲ့လဲလွယ္တာမ်ိဳးေတြ ရွိလာပါမယ္။ ကစားသမား တစ္ဦး ႏွစ္ဦးေလာက္ကို ေငြသား အနည္းငယ္ေတြနဲ႔ လဲၾကတာမ်ိဳးေတြ ျဖစ္လာပါမယ္။ ကလပ္ေတြဟာ လုပ္ခပိုင္းကို ေလ်ာ့ခ်ဖို႔ ကစားသမား ေရာင္းခ်ျခင္းေတြ လုပ္ေဆာင္ရ ခက္ခဲတဲ့အခါ အငွားခ်ျခင္းေတြကို လုပ္ေဆာင္လာပါလိမ့္မယ္။

အေျပာင္းအေရႊ႔ ေလာကၾကီးမွာ အလြတ္ေျပာင္းေရႊ႔ေၾကးက စိတ္ဝင္စားစရာ ကိစၥ ျဖစ္လာပါလိမ့္မယ္။ ေဘာလံုးကမၻာရဲ႕ ထိပ္တန္း အသင္း ၂၀ ေလာက္က ဒီကိစၥထဲကို ဝင္ေရာက္လာလိမ့္မယ္။ ဘာလို႔လည္းဆိုေတာ့ သူတို႔ရဲ႕ နာမည္ေက်ာ္ေတြအတြက္ ေျပာင္းေရႊ႔ေၾကးေတြ သက္မွတ္လို႔ ရေတာ့မွာ မဟုတ္လို႔ပါပဲ။

ထိပ္တန္း ကစားသမားေတြအတြက္ ေပးခ်ရတဲ့ ေပးေငြေတြက ျမင့္မားေနဆဲျဖစ္ျပီး ပိုမို ျမင့္မားႏုိင္ေပမယ့္ စာခ်ဳပ္ကုန္ျပီး အလြတ္နဲ႔ ေျပာင္းလို႔ရမယ့္ ကစားသမားေတြအတြက္ လက္မွတ္ထိုးေၾကးေတြကေတာ့ နည္းပါးသြားပါလိမ့္မယ္ ” လို႔ သံုးသပ္ျပခဲ့တယ္။

ကစားသမားေတြၾကား ေငြေၾကးအနည္းငယ္ေတြနဲ႔ အလဲအထပ္ ပံုစံေတြကို စီးရီးေအက လုပ္ေဆာင္ေနခဲ့တာ ႏွစ္အနည္းငယ္ ၾကာခဲ့ပါျပီ။ သို႔ေပမယ့္ ဒီေႏြမွာေတာ့ ကစားသမား ဒဲ့လဲမႈေတြက ပိုမို မ်ားလာလိမ့္မယ္လို႔ ဂ်ဴဗင္တပ္အားကစား ဒါရိုက္တာ ေဖဘီယို ပါရာတီဆီကလည္း ခန္းမွန္းထားပါတယ္။