အင်စတာဂရမ် ဝင်ငွေတွေမှာ ဦးဆောင်နေတဲ့ ပရီးမီးယားလိဂ် ကလပ်နဲ့ ကစားသမား

UNICOE – ကိုဗစ်ကာလအတွင်းမှာ လူမှုယွန်ယက် အင်စတာဂရမ်ကနေ ဝင်ငွေ ရရှိနေမှုကို eMarketer ကနေ စစ်တမ်းဖော်ပြမှုမှာ ယူနိုက်တက်နဲ့ ဆီးဘယ်လော့တို့က ဝင်ငွေ ရမှု အမြင့်ဆုံးဖြစ်တယ်လို့ သိရပါတယ်။

ကလပ်တွေထဲမှာ ယူနိုက်တက်က အင်စတာဂရမ် စပွန်ဆာတွေကနေ ဝင်ငွေရမှု များနေတာဖြစ်ပြီး ကစားသမားတွေထဲမှာတော့ အာဆင်နယ်ကစားသမား ဆီးဘယ်လော့က ဝင်ငွေရမှု မြင့်မားတာဖြစ်ပါတယ်။ ဘောလုံးနယ်ပယ်တွေဟာ အင်စတာဂရမ်အပြင် YouTube ဗီဒီယိုတွေ ကနေလည်း ဝင်ငွေ ရမှုတွေ ရှိထားကြတာဖြစ်ပါတယ်။

ဘောလုံးသမားတွေဟာ အင်စတာဂရမ်ကို အသုံးပြုမှုနဲ့ တွစ်တာကို အသုံးပြုမှုတွေ များပြားပြီး ကိုဗစ်ကာလ နေအိမ်တွင်း စိန်ခေါ်မှု အသေးစားတွေ၊ အင်တာဗျူးတွေကို အင်စတာဂရမ်မှာ လုပ်လေ့ရှိတာဖြစ်ပါတယ်။ တစ်ဘက်မှာ ဒါက ပရိသတ်တွေနဲ့ ကစားသမားတွေကြား တိုက်ရိုက် ထိတွေ့ခွင့်ရခြင်း ဖြစ်သလို တစ်ဘက်မှာလည်း အားကစား ကုမ္ပဏီတွေကနေပြီး သူတို့ရဲ့ ထုတ်ကုန်တွေကို အင်စတာဂရမ်မှာပဲ ကစားသမားတွေက တစ်ဆင့် ကြေညာတတ်ကြပါတယ်။

Pepsi, Adidas, Nike အစရှိတဲ့ ကုမ္ပဏီတွေက ကစားသမားတွေရဲ့ ပုံရိပ်ကို အသုံးပြုပြီး ကြေညာလေ့ရှိတယ်။ ကလပ်အသင်းတွေရဲ့ သက်ဆိုင်ရာ အဓိက စပွန်ဆာတွေကလည်း လူမှုကွန်ယက်ကနေပဲ ကလပ်တွေရဲ့ ပုံရိပ်ကို အသုံးပြုပြီး ကြေညာမှုတွေ လုပ်လေ့ရှိပါတယ်။

သို့ပေမယ့် အချို့သော ကစားသမားတွေကတော့ အင်စတာဂရမ်ကို ငွေကြေးဆိုင်ရာ အကျိုးအမြတ်အတွက် အသုံးပြုခြင်း မဟုတ်ပဲ လူမှုယွန်ယက်တစ်ခုအဖြစ်ပဲ အသုံးပြုတတ်ကြပါတယ်။

အင်စတာဂရမ် ဝင်ငွေနဲ့ ပက်သက်တဲ့ စစ်တမ်းမှာတော့ ” အင်စတာဂရမ်မှာ ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ followers အရည်အတွက်တွေ၊ အပတ်တိုင်းမှာ ငွေကြေးဖြင့် ဖော်ပြတဲ့ ပိုစ့် အရည်အတွက်တွေအရ ဒီစစ်တမ်းကို ဖော်ပြခြင်းဖြစ်တယ်။ ရာသီစတင်လာကတည်းက ကစားသမားတွေရဲ့ ငွေကြေးရယူပြီး ဖော်ပြတဲ့ ပိုစ့်တွေ၊ အသင်းတွေက ဖော်ပြတဲ့ ပိုစ့်တွေအရ ဒီဝင်ငွေစာရင်းကို တွက်ချက်ထားခြင်း ဖြစ်တယ် ” လို့ ဖော်ပြထားပါတယ်။

ZAWGYI – ကိုဗစ္ကာလအတြင္းမွာ လူမႈယြန္ယက္ အင္စတာဂရမ္ကေန ဝင္ေငြ ရရွိေနမႈကို eMarketer ကေန စစ္တမ္းေဖာ္ျပမႈမွာ ယူႏုိက္တက္နဲ႔ ဆီးဘယ္ေလာ့တို႔က ဝင္ေငြ ရမႈ အျမင့္ဆံုးျဖစ္တယ္လို႔ သိရပါတယ္။

ကလပ္ေတြထဲမွာ ယူႏုိက္တက္က အင္စတာဂရမ္ စပြန္ဆာေတြကေန ဝင္ေငြရမႈ မ်ားေနတာျဖစ္ျပီး ကစားသမားေတြထဲမွာေတာ့ အာဆင္နယ္ကစားသမား ဆီးဘယ္ေလာ့က ဝင္ေငြရမႈ ျမင့္မားတာျဖစ္ပါတယ္။ ေဘာလံုးနယ္ပယ္ေတြဟာ အင္စတာဂရမ္အျပင္ YouTube ဗီဒီယိုေတြ ကေနလည္း ဝင္ေငြ ရမႈေတြ ရွိထားၾကတာျဖစ္ပါတယ္။

ေဘာလံုးသမားေတြဟာ အင္စတာဂရမ္ကို အသံုးျပဳမႈနဲ႔ တြစ္တာကို အသံုးျပဳမႈေတြ မ်ားျပားျပီး ကိုဗစ္ကာလ ေနအိမ္တြင္း စိန္ေခၚမႈ အေသးစားေတြ၊ အင္တာဗ်ဴးေတြကို အင္စတာဂရမ္မွာ လုပ္ေလ့ရွိတာျဖစ္ပါတယ္။ တစ္ဘက္မွာ ဒါက ပရိသတ္ေတြနဲ႔ ကစားသမားေတြၾကား တိုက္ရိုက္ ထိေတြ႔ခြင့္ရျခင္း ျဖစ္သလို တစ္ဘက္မွာလည္း အားကစား ကုမၸဏီေတြကေနျပီး သူတို႔ရဲ႕ ထုတ္ကုန္ေတြကို အင္စတာဂရမ္မွာပဲ ကစားသမားေတြက တစ္ဆင့္ ေၾကညာတတ္ၾကပါတယ္။

Pepsi, Adidas, Nike အစရွိတဲ့ ကုမၸဏီေတြက ကစားသမားေတြရဲ႕ ပံုရိပ္ကို အသံုးျပဳျပီး ေၾကညာေလ့ရွိတယ္။ ကလပ္အသင္းေတြရဲ႕ သက္ဆုိင္ရာ အဓိက စပြန္ဆာေတြကလည္း လူမႈကြန္ယက္ကေနပဲ ကလပ္ေတြရဲ႕ ပုံရိပ္ကို အသံုးျပဳျပီး ေၾကညာမႈေတြ လုပ္ေလ့ရွိပါတယ္။

သို႔ေပမယ့္ အခ်ိဳ႔ေသာ ကစားသမားေတြကေတာ့ အင္စတာဂရမ္ကို ေငြေၾကးဆိုင္ရာ အက်ိဳးအျမတ္အတြက္ အသံုးျပဳျခင္း မဟုတ္ပဲ လူမႈယြန္ယက္တစ္ခုအျဖစ္ပဲ အသံုးျပဳတတ္ၾကပါတယ္။

အင္စတာဂရမ္ ဝင္ေငြနဲ႔ ပက္သက္တဲ့ စစ္တမ္းမွာေတာ့ ” အင္စတာဂရမ္မွာ ကစားသမားေတြ ပိုင္ဆိုင္ထားတဲ့ followers အရည္အတြက္ေတြ၊ အပတ္တိုင္းမွာ ေငြေၾကးျဖင့္ ေဖာ္ျပတဲ့ ပိုစ့္ အရည္အတြက္ေတြအရ ဒီစစ္တမ္းကို ေဖာ္ျပျခင္းျဖစ္တယ္။ ရာသီစတင္လာကတည္းက ကစားသမားေတြရဲ႕ ေငြေၾကးရယူျပီး ေဖာ္ျပတဲ့ ပိုစ့္ေတြ၊ အသင္းေတြက ေဖာ္ျပတဲ့ ပိုစ့္ေတြအရ ဒီဝင္ေငြစာရင္းကို တြက္ခ်က္ထားျခင္း ျဖစ္တယ္ ” လို႔ ေဖာ္ျပထားပါတယ္။