NEWS: အောင်ပွဲခံခြင်း၊ ဂျာစီလဲခြင်း၊ ရေဗူးမျှသောက်ခြင်းတွေကို ပိတ်ပင်သွားမယ့် ပရီးမီးယားလိဂ်

UNICODE – တံတွေးထွေးခြင်း၊ ပွဲအပြီး ဂျာစီလဲခြင်း၊ ရေဗူးတွေကို မျှသုံးခြင်းနဲ့ အသင်းလိုက် အောင်ပွဲခံခြင်းတွေဟာ ဘောလုံးပွဲတွေ ပြန်စတင်ချိန်မှာ ပိတ်ပင်ခြင်း ခံရမယ်လို့ တယ်လီဂရပ်က ဖော်ပြသွားပါတယ်။

အဆိုပါ အချက်တွေက ပရီးမီးယားလိဂ်ဘက်က ကွင်းပိတ်စနစ်ဖြင့် လိဂ်ပွဲတွေ ပြန်စတင်ရင် လုပ်ဆောင်ဖို့ လိုအပ်မယ့် လုပ်ထုံးလုပ်နည်း စည်းကမ်းချက်တွေကို စုစည်းမှုထဲမှာ ပါဝင်တဲ့ အချက်တွေဖြစ်တယ်။ ပရီးမီးယားလိဂ် ဒါရိုက်တာ ရစ်ချက် ဂါလစ်က ကိုဗစ်ကာလ လိဂ်ပြိုင်ပွဲအတွက် တားမြစ်ချက်တွေပါမယ့် စာမျက်နှာ ၇ မျက်နှာပါ စာရွက်စာတမ်းတစ်စောင် ပြုစုထားတာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု အန္တရာယ်ကို လျော့ချဖို့အတွက် အကူအညီဖြစ်စေမယ့် စည်းကမ်းချက်သစ်တွေကို နောက်လမှာ စတင်မယ့် ပရီးမီးယားလိဂ်ပွဲတွေနဲ့ ဒီလထဲမှာ စတင်မယ့် လေ့ကျင့်ရေး အစီအစဉ်တွေမှာ အသုံးပြုဖို့ကို တိုင်းတာ ဆွေးနွေးဖို့ကိုလည်း လိဂ်တာဝန်ရှိသူတွေ အစီအစဉ် ပြုလုပ်ထားပါတယ်။

ဒီသက်မှတ်ချက်တွေက လက်ကျန် ပရီးမီးယားလိဂ်ပွဲတွေတင် မဟုတ်ဘဲ ဒီရာသီအကုန် နောက်ထပ် ၁၂ လ ကာလအတွက်လည်း အကျုံးဝင်မှာဖြစ်တယ်။ နောက်အပတ်ဟာ အင်္ဂလန်ဘောလုံးလောကအတွက် အရေးပါတဲ့ သီတင်းပတ်တစ်ခု ဖြစ်လာတော့မှာဖြစ်ပြီး ပရီးမီးယားလိဂ် အနာဂတ်နဲ့ ပက်သက်တဲ့ ဆုံးဖြတ်ချက်ကို ဆွေးနွေးမှု လုပ်ဆောင်သွားမှာဖြစ်တယ်။

မေလ ၈ ရက်မှာ ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်ရဲ့ ဗြိတိန်ပြည်တွင်းမှာ ကိုရိုနာကပ်ဘေး ပိတ်ဆို့မှု ကန့်သတ်ခြင်းအပေါ် သတင်းသစ်ထုတ်ပြန်မှု ထွက်ပေါ်လာမှာပါ။ မေလ ၁၁ ရက်နေ့ တနင်္လာနေ့မှာတော့ ပရီးမီးယားလိဂ်က အာဏာပိုင်တွေရဲ့ ကြေညာမှုအပေါ် မူတည်ပြီး လိဂ် အစည်းအဝေး လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။

ပရီးမီးယားလိဂ်ကတော့ လာမယ့် အပတ်မှာပဲ ကလပ် ၂၀ မှ အသင်းခေါင်းဆောင်တွေနဲ့ လေ့ကျင့်ရေးမှာ ဘာတွေ လုပ်ဆောင်ရမယ်ဆိုတဲ့ ကိစ္စကို ရှင်းလင်းပြောဆိုမှုတွေ လုပ်ပေးမှာဖြစ်တယ်။ နောက်ထပ် အစီအစဉ်အဖြစ် ကလပ် ၂၀ ရဲ့ မန်နေဂျာတွေအပြင် ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့၊ ပရော်ဖက်ရှင်နယ် မန်နေဂျာများအဖွဲ့တွေနဲ့ ဘောလုံးရာသီ ဘယ်လို ရှေ့ဆက်မလဲ အစီအစဉ်တွေကို သဘောတူညီမှု ယူမှာဖြစ်ပါတယ်။

ZAWGYI – တံေတြးေထြးျခင္း၊ ပြဲအျပီး ဂ်ာစီလဲျခင္း၊ ေရဗူးေတြကို မွ်သံုးျခင္းနဲ႔ အသင္းလိုက္ ေအာင္ပြဲခံျခင္းေတြဟာ ေဘာလံုးပြဲေတြ ျပန္စတင္ခ်ိန္မွာ ပိတ္ပင္ျခင္း ခံရမယ္လို႔ တယ္လီဂရပ္က ေဖာ္ျပသြားပါတယ္။

အဆိုပါ အခ်က္ေတြက ပရီးမီးယားလိဂ္ဘက္က ကြင္းပိတ္စနစ္ျဖင့္ လိဂ္ပြဲေတြ ျပန္စတင္ရင္ လုပ္ေဆာင္ဖို႔ လိုအပ္မယ့္ လုပ္ထံုးလုပ္နည္း စည္းကမ္းခ်က္ေတြကို စုစည္းမႈထဲမွာ ပါဝင္တဲ့ အခ်က္ေတြျဖစ္တယ္။ ပရီးမီးယားလိဂ္ ဒါရိုက္တာ ရစ္ခ်က္ ဂါလစ္က ကိုဗစ္ကာလ လိဂ္ျပိဳင္ပြဲအတြက္ တားျမစ္ခ်က္ေတြပါမယ့္ စာမ်က္ႏွာ ၇ မ်က္ႏွာပါ စာရြက္စာတမ္းတစ္ေစာင္ ျပဳစုထားတာျဖစ္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ပ်ံ႔ႏွံ႔မႈ အႏၱရာယ္ကို ေလ်ာ့ခ်ဖို႔အတြက္ အကူအညီျဖစ္ေစမယ့္ စည္းကမ္းခ်က္သစ္ေတြကို ေနာက္လမွာ စတင္မယ့္ ပရီးမီးယားလိဂ္ပြဲေတြနဲ႔ ဒီလထဲမွာ စတင္မယ့္ ေလ့က်င့္ေရး အစီအစဥ္ေတြမွာ အသံုးျပဳဖို႔ကို တိုင္းတာ ေဆြးေႏြးဖို႔ကိုလည္း လိဂ္တာဝန္ရွိသူေတြ အစီအစဥ္ ျပဳလုပ္ထားပါတယ္။

ဒီသက္မွတ္ခ်က္ေတြက လက္က်န္ ပရီးမီးယားလိဂ္ပြဲေတြတင္ မဟုတ္ဘဲ ဒီရာသီအကုန္ ေနာက္ထပ္ ၁၂ လ ကာလအတြက္လည္း အက်ံဳးဝင္မွာျဖစ္တယ္။ ေနာက္အပတ္ဟာ အဂၤလန္ေဘာလံုးေလာကအတြက္ အေရးပါတဲ့ သီတင္းပတ္တစ္ခု ျဖစ္လာေတာ့မွာျဖစ္ျပီး ပရီးမီးယားလိဂ္ အနာဂတ္နဲ႔ ပက္သက္တဲ့ ဆံုးျဖတ္ခ်က္ကို ေဆြးေႏြးမႈ လုပ္ေဆာင္သြားမွာျဖစ္တယ္။

ေမလ ၈ ရက္မွာ ျဗိတိန္ဝန္ၾကီးခ်ဳပ္ ေဘာ္ရစ္ဂၽြန္ဆင္ရဲ႕ ျဗိတိန္ျပည္တြင္းမွာ ကိုရိုနာကပ္ေဘး ပိတ္ဆို႔မႈ ကန္႔သတ္ျခင္းအေပၚ သတင္းသစ္ထုတ္ျပန္မႈ ထြက္ေပၚလာမွာပါ။ ေမလ ၁၁ ရက္ေန႔ တနလၤာေန႔မွာေတာ့ ပရီးမီးယားလိဂ္က အာဏာပိုင္ေတြရဲ႔ ေၾကညာမႈအေပၚ မူတည္ျပီး လိဂ္ အစည္းအေဝး လုပ္ဖို႔ ဆံုးျဖတ္ထားပါတယ္။

ပရီးမီးယားလိဂ္ကေတာ့ လာမယ့္ အပတ္မွာပဲ ကလပ္ ၂၀ မွ အသင္းေခါင္းေဆာင္ေတြနဲ႔ ေလ့က်င့္ေရးမွာ ဘာေတြ လုပ္ေဆာင္ရမယ္ဆိုတဲ့ ကိစၥကို ရွင္းလင္းေျပာဆိုမႈေတြ လုပ္ေပးမွာျဖစ္တယ္။ ေနာက္ထပ္ အစီအစဥ္အျဖစ္ ကလပ္ ၂၀ ရဲ႕ မန္ေနဂ်ာေတြအျပင္ ပေရာ္ဖက္ရွင္နယ္ ေဘာလံုးသမားမ်ားအဖြဲ႔၊ ပေရာ္ဖက္ရွင္နယ္ မန္ေနဂ်ာမ်ားအဖြဲ႔ေတြနဲ႔ ေဘာလံုးရာသီ ဘယ္လို ေရွ႔ဆက္မလဲ အစီအစဥ္ေတြကို သေဘာတူညီမႈ ယူမွာျဖစ္ပါတယ္။