ဂွာဒီယိုလာရှိတဲ့ မန်စီးတီးကို ငြင်းဆန်ပြီး ယူနိုက်တက်ကို ပြောင်းရခြင်းကို ဖရတ် ထုတ်ပြော

UNICODE – ယူနိုက်တက် ကွင်းလယ်လူ ဖရတ်ဟာ မန်ချက်စတာမှာ အသားကျနေပြီဖြစ်ကြောင်းနဲ့ အကောင်းအဆိုးတွေ ဒွန်တွဲနေတဲ့ အမှတ်တရတွေကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ကြောင်း ထုတ်ပြောလာပါတယ်။

အင်္ဂလန်မှာ ဘောလုံးရာသီ နှစ်ခုနီးပါးကို ကျော်ဖြတ်လာခဲ့တဲ့ ဖရတ်ဟာ ပထမဆုံး ရာသီမှာတော့ ခက်ခဲမှုတွေ ရင်ဆိုင်ခဲ့ရတာပါ။ အင်္ဂလန်မှာ အသားမကျခဲ့တဲ့နောက် ကွင်းတွင်း စွမ်းဆောင်ရည်တွေကလည်း အထင်ကြီးဖို့ မကောင်းခဲ့ပါဘူး။ ဒါပေမယ့် သူဟာ သားလေးမွေးခြင်းနဲ့အတူ ပျော်စရာ အမှတ်တရလည်း ရှိခဲ့ပါသေးတယ်။

ဖရတ်က ” ပထမဆုံးရာသီက ကျနော်အတွက် ခက်ခဲခဲ့ပါတယ်။ ဒီမှာ အခြေကျဖို့က တိုးတက်မှုတွေ ရှာဖို့ လိုခဲ့တယ်။ ဒါပေမယ့် အခြားသော ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတွေလည်း ဒီမှာပဲ ဖြစ်ခဲ့ပါတယ်။ ကျနော်ရဲ့ သားက ဒီမှာ မွေးခဲ့တာပါ။ ဒီတော့ ပထမဆုံး ရာသီက ကောင်းမွန်မှုတွေကော အခြားကိစ္စတွေပါ ရောထွေးနေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် အခုချိန်မှာတော့ ကျနေ်ာ အထိုင်ကျလာခဲ့ပါပြီ ” လို့ ဆိုပါတယ်။

ဂွာဒီယိုလာရဲ့ စိတ်ဝင်စားခံရပေမယ့် ယူနိုက်တက်ထံ ပြောင်းခဲ့ခြင်းက မန်နေဂျာတွေနဲ့ ဆိုင်တယ်လို့ ဖရတ်က ဝန်ခံတယ်။ ဖရတ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့သူတွေက ကမ္ဘာအကောင်းဆုံး မန်နေဂျာတွေပဲဖြစ်ကာ ဘရာဇီးကွင်းလယ်လူက မော်ရင်ညိုကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။

” ကမ္ဘာအကောင်းဆုံး မန်နေဂျာတွေထဲက အချို့က ကျနေ်ာကို ခေါ်ယူလိုတာအတွက် ဝမ်းသာခဲ့ရပါတယ်။ ဂွာဒီယိုလာက မန်နေဂျာကောင်းတစ်ဦးပါ။ ဒါပေမယ့် နောက်ထပ် မန်နေဂျာတစ်ဦးကို ရွေးချယ်ခဲ့တယ်။ အဲ့တာက ယူနိုက်တက်ရဲ့ မော်ရင်ညိုပါပဲ။

အကောင်းဆုံး မန်နေဂျာနှစ်ဦးရဲ့ ချိတ်ဆက်မှုတွေ ခံခဲ့ရတာအတွက် အရမ်းကို ကျေနပ်မိပါတယ်။ အဲ့တာကလည်း ကျနော်အတွက် အရေးကြီးပါတယ်။ ထိပ်တန်းမန်နေဂျာတွေရဲ့ အပြိုင်စိတ်ဝင်စားခြင်း ခံရတာမျိုးက ကစားသမားတိုင်း လက်ခံရနိုင်တာ မဟုတ်ပါဘူး။ ကျနေ်ာကို အရမ်း ပျော်ရွှင်စေခဲ့တဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ” လို့ ဖရတ်က ဆိုသွားတာ ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္ ကြင္းလယ္လူ ဖရတ္ဟာ မန္ခ်က္စတာမွာ အသားက်ေနျပီျဖစ္ေၾကာင္းနဲ႔ အေကာင္းအဆိုးေတြ ဒြန္တြဲေနတဲ့ အမွတ္တရေတြကိုလည္း ပိုင္ဆိုင္ေနျပီျဖစ္ေၾကာင္း ထုတ္ေျပာလာပါတယ္။

အဂၤလန္မွာ ေဘာလံုးရာသီ ႏွစ္ခုနီးပါးကို ေက်ာ္ျဖတ္လာခဲ့တဲ့ ဖရတ္ဟာ ပထမဆံုး ရာသီမွာေတာ့ ခက္ခဲမႈေတြ ရင္ဆိုင္ခဲ့ရတာပါ။ အဂၤလန္မွာ အသားမက်ခဲ့တဲ့ေနာက္ ကြင္းတြင္း စြမ္းေဆာင္ရည္ေတြကလည္း အထင္ၾကီးဖို႔ မေကာင္းခဲ့ပါဘူး။ ဒါေပမယ့္ သူဟာ သားေလးေမြးျခင္းနဲ႔အတူ ေပ်ာ္စရာ အမွတ္တရလည္း ရွိခဲ့ပါေသးတယ္။

ဖရတ္က ” ပထမဆံုးရာသီက က်ေနာ္အတြက္ ခက္ခဲခဲ့ပါတယ္။ ဒီမွာ အေျခက်ဖို႔က တိုးတက္မႈေတြ ရွာဖို႔ လိုခဲ့တယ္။ ဒါေပမယ့္ အျခားေသာ ပုဂၢိဳလ္ေရးဆုိင္ရာ ကိစၥေတြလည္း ဒီမွာပဲ ျဖစ္ခဲ့ပါတယ္။ က်ေနာ္ရဲ႕ သားက ဒီမွာ ေမြးခဲ့တာပါ။ ဒီေတာ့ ပထမဆံုး ရာသီက ေကာင္းမြန္မႈေတြေကာ အျခားကိစၥေတြပါ ေရာေထြးေနခဲ့တယ္။ ဘာပဲျဖစ္ျဖစ္ အခုခ်ိန္မွာေတာ့ က်ေန္ာ အထိုင္က်လာခဲ့ပါျပီ ” လို႔ ဆိုပါတယ္။

ဂြာဒီယိုလာရဲ႕ စိတ္ဝင္စားခံရေပမယ့္ ယူႏုိက္တက္ထံ ေျပာင္းခဲ့ျခင္းက မန္ေနဂ်ာေတြနဲ႔ ဆုိင္တယ္လို႔ ဖရတ္က ဝန္ခံတယ္။ ဖရတ္ကို ေခၚယူဖို႔ ၾကိဳးစားခဲ့သူေတြက ကမၻာအေကာင္းဆံုး မန္ေနဂ်ာေတြပဲျဖစ္ကာ ဘရာဇီးကြင္းလယ္လူက ေမာ္ရင္ညိဳကို ေရြးခ်ယ္ခဲ့ျခင္း ျဖစ္ပါတယ္။

” ကမၻာအေကာင္းဆံုး မန္ေနဂ်ာေတြထဲက အခ်ိဳ႕က က်ေန္ာကို ေခၚယူလိုတာအတြက္ ဝမ္းသာခဲ့ရပါတယ္။ ဂြာဒီယိုလာက မန္ေနဂ်ာေကာင္းတစ္ဦးပါ။ ဒါေပမယ့္ ေနာက္ထပ္ မန္ေနဂ်ာတစ္ဦးကို ေရြးခ်ယ္ခဲ့တယ္။ အဲ့တာက ယူႏုိက္တက္ရဲ႕ ေမာ္ရင္ညိဳပါပဲ။

အေကာင္းဆံုး မန္ေနဂ်ာႏွစ္ဦးရဲ႕ ခ်ိတ္ဆက္မႈေတြ ခံခဲ့ရတာအတြက္ အရမး္ကို ေက်နပ္မိပါတယ္။ အဲ့တာကလည္း က်ေနာ္အတြက္ အေရးၾကီးပါတယ္။ ထိပ္တန္းမန္ေနဂ်ာေတြရဲ႕ အျပိဳင္စိတ္ဝင္စားျခင္း ခံရတာမ်ိဳးက ကစားသမားတိုင္း လက္ခံရႏုိင္တာ မဟုတ္ပါဘူး။ က်ေန္ာကို အရမ္း ေပ်ာ္ရႊင္ေစခဲ့တဲ့ ကိစၥလည္း ျဖစ္ပါတယ္။ ” လို႔ ဖရတ္က ဆိုသြားတာ ျဖစ္ပါတယ္။