NEWS: ချန်ပီယံလိဂ်ကို ဂျူဗင်တပ် V လိုင်ယွန် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲဖြင့် ပြန်စမည်

UNICODE – ယူအီးအက်ဖ်အေဟာ ပွဲတွေပိတ်ထားရတဲ့ ချန်ပီယံလိဂ်ပွဲကို သြဂုတ်လ ၈ ရက်မှာ ပြန်လည် စတင်ဖို့ လက်မှတ်ထိုးခဲ့ကြောင်း ပြင်သစ် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

ဥရောပနိုင်ငံတွေရဲ့ ပြည်တွင်းလိဂ် ပြိုင်ပွဲတွေအတွက် လေ့ကျင့်ရေးတွေကို မေလမှာ စတင်ပြီး ဘောလုံးပွဲတွေကို ဇွန်လမှာ စတင်ဖို့ ပြင်ဆင်နေကြတာပါ။ ဥရောပနိုင်ငံတွေနည်းတူ ယူအီးအက်ဖ်အေ တာဝန်ရှိသူတွေကလည်း ကိုဗစ်ကပ်ဘေးကြားမှာ ဘောလုံးပွဲတွေ ပြန်စတင်ဖို့ ပြင်ဆင်နေပါပြီ။

ပထမဆုံး ပြန်စတင်မယ့် ပွဲကတော့ ဂျူဗင်တပ်နဲ့ လိုင်ယွန်တို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်းရံှူးထွက် ဒုတိယအကျော့ပွဲဖြစ်ပြီး သြဂုတ်လထဲ ပြန်စတင်ဖို့ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေက သက်ဆိုင်ရာ ကလပ်တွေရဲ့ ဗီဒီယို အစည်းအဝေးကို မနေ့က ပြုလုပ်ခဲ့အပြီးမှာ အခုလို ယှဉ်ပြိုင်မယ့် ကိစ္စကို အတည်ပြုချက်တွေ ရယူနိုင်ခဲ့တာပါ။

ကနဦးအဆင့် သဘောတူညီမှုဖြစ်ကာ တရားဝင် ထုတ်ဖော်ကြေညာမှု လုပ်ပေးဦးမယ်လို့ မထင်ရဘူး။ ယူအီးအက်ဖ်အေက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် လက်ကျန်ပြိုင်ပွဲတွေကို ၃ ပတ်အတွင်း အပြီးသတ်ဖို့ ပြင်ဆင်ထားခြင်းဖြစ်ပြီး သြဂုတ်လကုန် မဟုတ်ရင်တောင် စက်တင်ဘာလထဲမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကျင်းပသွားမှာဖြစ်တယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ဟာ ပွဲစဉ် ၄ ပွဲ ယှဉ်ပြိုင်ပြီးခဲ့ပြီဖြစ်ပြီး ပွဲစဉ် ၄ ပွဲ ယှဉ်ပြိုင်ဖို့ ကျန်ရှိနေပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်စီးတီးနဲ့ ချယ်ဆီးတို့ ပွဲကစားဖို့တွေ ကျန်နေသေးသလို ဘောလုံးရာသီ အပြီးသတ်ထားတဲ့ ပြင်သစ်လိဂ်က လိုင်ယွန်ဟာ ၁၆ သင်းရံှူးထွက် တစ်ကျော့ ကစားဖို့ ကျန်နေသေးတာပါ။ ပီအက်ဂျီကတော့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။

ZAWGYI – ယူအီးအက္ဖ္ေအဟာ ပြဲေတြပိတ္ထားရတဲ့ ခ်န္ပီယံလိဂ္ပြဲကို ၾသဂုတ္လ ၈ ရက္မွာ ျပန္လည္ စတင္ဖို႔ လက္မွတ္ထိုးခဲ့ေၾကာင္း ျပင္သစ္ သတင္းဌာနေတြက ေဖာ္ျပလာပါတယ္။

ဥေရာပႏုိင္ငံေတြရဲ႕ ျပည္တြင္းလိဂ္ ျပိဳင္ပြဲေတြအတြက္ ေလ့က်င့္ေရးေတြကို ေမလမွာ စတင္ျပီး ေဘာလံုးပြဲေတြကုိ ဇြန္လမွာ စတင္ဖို႔ ျပင္ဆင္ေနၾကတာပါ။ ဥေရာပႏုိင္ငံေတြနည္းတူ ယူအီးအက္ဖ္ေအ တာဝန္ရွိသူေတြကလည္း ကိုဗစ္ကပ္ေဘးၾကားမွာ ေဘာလံုးပြဲေတြ ျပန္စတင္ဖို႔ ျပင္ဆင္ေနပါျပီ။

ပထမဆံုး ျပန္စတင္မယ့္ ပြဲကေတာ့ ဂ်ဴဗင္တပ္နဲ႔ လိုင္ယြန္တို႔ရဲ႕ ခ်န္ပီယံလိဂ္ ၁၆ သင္းရံွဴးထြက္ ဒုတိယအေက်ာ့ပြဲျဖစ္ျပီး ၾသဂုတ္လထဲ ျပန္စတင္ဖို႔ ျဖစ္ပါတယ္။ ယူအီးအက္ဖ္ေအက သက္ဆိုင္ရာ ကလပ္ေတြရဲ႕ ဗီဒီယို အစည္းအေဝးကို မေန႔က ျပဳလုပ္ခဲ့အျပီးမွာ အခုလို ယွဥ္ျပိဳင္မယ့္ ကိစၥကို အတည္ျပဳခ်က္ေတြ ရယူႏုိင္ခဲ့တာပါ။

ကနဦးအဆင့္ သေဘာတူညီမႈျဖစ္ကာ တရားဝင္ ထုတ္ေဖာ္ေၾကညာမႈ လုပ္ေပးဦးမယ္လို႔ မထင္ရဘူး။ ယူအီးအက္ဖ္ေအက ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ လက္က်န္ျပိဳင္ပြဲေတြကို ၃ ပတ္အတြင္း အျပီးသတ္ဖို႔ ျပင္ဆင္ထားျခင္းျဖစ္ျပီး ၾသဂုတ္လကုန္ မဟုတ္ရင္ေတာင္ စက္တင္ဘာလထဲမွာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို က်င္းပသြားမွာျဖစ္တယ္။

ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ဟာ ပြဲစဥ္ ၄ ပြဲ ယွဥ္ျပိဳင္ျပီးခဲ့ျပီျဖစ္ျပီး ပြဲစဥ္ ၄ ပြဲ ယွဥ္ျပိဳင္ဖို႔ က်န္ရွိေနပါတယ္။ ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ မန္စီးတီးနဲ႔ ခ်ယ္ဆီးတို႔ ပြဲကစားဖို႔ေတြ က်န္ေနေသးသလို ေဘာလံုးရာသီ အျပီးသတ္ထားတဲ့ ျပင္သစ္လိဂ္က လိုင္ယြန္ဟာ ၁၆ သင္းရံွဴးထြက္ တစ္ေက်ာ့ ကစားဖို႔ က်န္ေနေသးတာပါ။ ပီအက္ဂ်ီကေတာ့ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားျပီျဖစ္ပါတယ္။