ယူနိုက်တက် အသာရပြီး လီဗာပူး နစ်နာခဲ့တဲ့ ဆုံးဖြတ်ချက်ကို လုပ်ခဲ့မိကြောင်း ဟောင်းဝဘ် ဝန်ခံ

UNICODE – ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း ဟောင်းဝဘ်က သူ့ရဲ့ ဒိုင်ဘဝတစ်လျှောက် ပြန်အပြင်လိုဆုံး ဆုံးဖြတ်ချက်က ၂၀၀၉ ခုနှစ်က အိုထရတ်ဖိုဒ့်ကွင်းမှာ လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း The Athletic ကို ထုတ်ပြောလိုက်ပါတယ်။

၂၀၀၉ ခုနှစ်ဟာ ယူနိုက်တက်နဲ့ လီဗာပူးတို့ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို အပြိုင်လုကြတဲ့ နှစ်ဖြစ်ပြီး ဆာအဲလက်စ်ရဲ့ ယူနိုက်တက်နဲ့ ဘင်နီတက်စ်ရဲ့ လီဗာပူးတို့ အစွမ်းကုန် တောက်ပခဲ့ကြတဲ့ နှစ်လည်း ဖြစ်ပါတယ်။ လီဗာပူးဟာ ရာသီဝက် ချန်ပီယံဖြစ်တဲ့ထိကို တောက်ပခဲ့ပေမယ့် အဆုံးသတ်မှာ ရမှတ် လေးမှတ်အကွာကနေပဲ ဒုတိယနေရာက ရာသီသိမ်းခဲ့ရပါတယ်။

ဟောင်းဝဘ်ပြောတဲ့ အိုထရတ်ဖိုဒ့်က စပါးနဲ့ ပွဲစဉ်ကတော့ ယူနိုက်တက် အနိုင်ရခဲ့တာဖြစ်ပြီး အကယ်လို့ သူ့ရဲ့ ဆုံးဖြတ်ချက် အမှားကြောင့် မဟုတ်ခဲ့ရင် ယူနိုက်တက်က အရေးနိမ့်နေခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ဟာ ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းမှာ ယူနိုက်တက်ကို အသာစီး ရစေခဲ့တဲ့ အဓိက အချက်လည်း ဖြစ်ခဲ့ပါတယ်။

ဟောင်းဝဘ်က “ ကျနော်လုပ်ခဲ့တဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်အတွက် ပြန်ပြင်လိုတဲ့ပွဲက ၂၀၀၉ ခုနှစ်က အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ယူနိုက်တက်နဲ့ စပါးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲဖြစ်ပါတယ်။ ” လို့ ဆိုပါတယ်။

ဧပရယ်လ အကုန်ပိုင်းမှာ ယှဉ်ပြိုင်ကစားတဲ့ အဆိုပါပွဲမှာ စပါးက ဒါးရင့်ဘန့်ရဲ့ ပွဲချိန် ၂၉ မိနစ် သွင်းဂိုးနဲ့ ဦးဆောင်ထားပြီး သုံးမိနစ်အကြာမှာ မိုဒရစ်က ဦးဆောင်ဂိုးတစ်ဂိုး ထပ်သွင်းခဲ့တာပါ။ ဒုတိယပိုင်း စလို့ ၁၀ မိနစ်အထိ ၂-၀ ဖြစ်နေပေမယ့် ရွန်နီးရဲ့ ကားရစ်ကို ပေးလိုက်တဲ့ ဘောလုံးကို စပါးဂိုးသမား ဂိုးမက်စ်က အကောင်းဆုံး ကာကွယ်ခဲ့ပေမယ့် ဟောင်းဝဘ်က ပင်နယ်တီအဖြစ် မှားယွင်းစွာ သက်မှတ်ပေးခဲ့တာပါ။

ဟောင်းဝဘ်က “ ကာရစ် အရင်ရောက်ပြီးမှ ဂိုးသမားက သူ့ကို ထိခိုက်မိတယ်လို့ မြင်ခဲ့တယ်။ ဒီတော့ ဒါက ပင်နယ်တီပေါ့။ ဒါပေမယ့် ကွင်းထဲက တုန့်ပြန်မှု အခြေအနေတွေအရ စက္ကန့်တွေအကြာမှာပဲ ကျနော်ရဲ့ ဆုံးဖြတ်ချက်က မှားခဲ့ပြီဆိုတာကို သိလိုက်တယ်။ ” လို့ ဝန်ခံခဲ့ပါတယ်။

အနှေးပြကွက်တွေမှာလည်း ကားရစ်က ဘောလုံးကို အရင်ထိတာဖြစ်ပေမယ့် ဂိုးမက်စ်က ဘောလုံးကိုပဲ ပိုင်ပိုင်နိုင်နိုင် တွန်းထုတ်ခဲ့တာပါ။ မျှတတဲ့ စိန်ခေါ်မှုလည်း ဖြစ်ခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်က ပင်နယ်တီ မပေးခဲ့သင့်ပေမယ့် ရိုနယ်ဒိုက တာဝန်ယူ ကန်သွင်းပြီး ခြေပဂိုး စယူခဲ့တာပါ။

ဒီမယုံနိုင်စရာ ပင်နယ်တီ သက်မှတ်ပေးမှုက အလှည့်အပြောင်း ဖြစ်ခဲ့ပြီး ၁၀ မိနစ်အကြာမှာ ရွန်းနီက ဒုတိယခြေပဂိုး သွင်းယူခဲ့ကာ နောက်ထပ် တမိနစ်အကြာမှာ ဦးဆောင်ဂိုးပါ ရယူခဲ့တယ်။ ၄ မိနစ်အကြာမှာ ဒုတိယမြောက် ဦးဆောင်ဂိုးကို ရွန်းနီကပဲ သွင်းခဲ့ပြီး ပွဲချိန် ၇၉ မိနစ်မှာတော့ ဘာဘာတော့ဗ်က ယူနိုက်တက်အတွက် ၅ ဂိုးမြောက် သွင်းဂိုး သွင်းယူခဲ့ပြီး ၅-၂ ရလဒ် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

၂၀၀၈-၂၀၀၉ ခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံအဖြစ် ယူနိုက်တက် ဗိုလ်ဝင်ခံခဲ့ခြင်းမှာ ဟောင်းဝဘ်ရဲ့ ဆုံးဖြတ်ချက် အမှားက သက်ရောက်မှု ကြီးခဲ့ပြီး ဒါဟာ ပြိုင်ဘက် လီဗာပူးအတွက် ကံဆိုးမှုကြီးလည်း ဖြစ်ခဲ့ပါတယ်။ အဆိုပါ ချန်ပီယံဆုဟာ လီဗာပူးကို လိုက်မှီခဲ့တဲ့ ယူနိုက်တက်ရဲ့ ၁၈ ကြိမ်မြောက် အမှတ်ပေးဖလားလည်း ဖြစ်သွားခဲ့ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ ဒိုင္လူၾကီးေဟာင္း ေဟာင္းဝဘ္က သူ႔ရဲ႕ ဒိုင္ဘဝတစ္ေလွ်ာက္ ျပန္အျပင္လိုဆံုး ဆံုးျဖတ္ခ်က္က ၂၀၀၉ ခုႏွစ္က အိုထရတ္ဖိုဒ့္ကြင္းမွာ လုပ္ခဲ့တဲ့ ဆံုးျဖတ္ခ်က္ျဖစ္ေၾကာင္း The Athletic ကို ထုတ္ေျပာလိုက္ပါတယ္။

၂၀၀၉ ခုႏွစ္ဟာ ယူႏုိက္တက္နဲ႔ လီဗာပူးတို႔ ပရီးမီးယားလိဂ္ ခ်န္ပီယံဘြဲ႔ကို အျပိဳင္လုၾကတဲ့ ႏွစ္ျဖစ္ျပီး ဆာအဲလက္စ္ရဲ႕ ယူႏုိက္တက္နဲ႔ ဘင္နီတက္စ္ရဲ႕ လီဗာပူးတို႔ အစြမ္းကုန္ ေတာက္ပခဲ့ၾကတဲ့ ႏွစ္လည္း ျဖစ္ပါတယ္။ လီဗာပူးဟာ ရာသီဝက္ ခ်န္ပီယံျဖစ္တဲ့ထိကို ေတာက္ပခဲ့ေပမယ့္ အဆံုးသတ္မွာ ရမွတ္ ေလးမွတ္အကြာကေနပဲ ဒုတိယေနရာက ရာသီသိမ္းခဲ့ရပါတယ္။

ေဟာင္းဝဘ္ေျပာတဲ့ အိုထရတ္ဖိုဒ့္က စပါးနဲ႔ ပြဲစဥ္ကေတာ့ ယူႏုိက္တက္ အႏုိင္ရခဲ့တာျဖစ္ျပီး အကယ္လို႔ သူ႔ရဲ႕ ဆံုးျဖတ္ခ်က္ အမွားေၾကာင့္ မဟုတ္ခဲ့ရင္ ယူႏုိက္တက္က အေရးနိမ့္ေနခဲ့တာပါ။ ဒီဆံုးျဖတ္ခ်က္ဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံေျပးလမ္းမွာ ယူႏုိက္တက္ကို အသာစီး ရေစခဲ့တဲ့ အဓိက အခ်က္လည္း ျဖစ္ခဲ့ပါတယ္။

ေဟာင္းဝဘ္က “ က်ေနာ္လုပ္ခဲ့တဲ့ မွားယြင္းတဲ့ ဆံုးျဖတ္ခ်က္အတြက္ ျပန္ျပင္လိုတဲ့ပြဲက ၂၀၀၉ ခုႏွစ္က အိုထရတ္ဖိုဒ့္မွာ ယွဥ္ျပိဳင္ခဲ့တဲ့ ယူႏုိက္တက္နဲ႔ စပါးတို႔ရဲ႕ ပရီးမီးယားလိဂ္ပြဲျဖစ္ပါတယ္။ ” လို႔ ဆိုပါတယ္။

ဧပရယ္လ အကုန္ပိုင္းမွာ ယွဥ္ျပိဳင္ကစားတဲ့ အဆိုပါပြဲမွာ စပါးက ဒါးရင့္ဘန္႔ရဲ႕ ပြဲခ်ိန္ ၂၉ မိနစ္ သြင္းဂိုးနဲ႔ ဦးေဆာင္ထားျပီး သံုးမိနစ္အၾကာမွာ မိုဒရစ္က ဦးေဆာင္ဂိုးတစ္ဂိုး ထပ္သြင္းခဲ့တာပါ။ ဒုတိယပိုင္း စလို႔ ၁၀ မိနစ္အထိ ၂-၀ ျဖစ္ေနေပမယ့္ ရြန္နီးရဲ႕ ကားရစ္ကို ေပးလိုက္တဲ့ ေဘာလံုးကို စပါးဂိုးသမား ဂိုးမက္စ္က အေကာင္းဆံုး ကာကြယ္ခဲ့ေပမယ့္ ေဟာင္းဝဘ္က ပင္နယ္တီအျဖစ္ မွားယြင္းစြာ သက္မွတ္ေပးခဲ့တာပါ။

ေဟာင္းဝဘ္က “ ကာရစ္ အရင္ေရာက္ျပီးမွ ဂိုးသမားက သူ႔ကို ထိခိုက္မိတယ္လို႔ ျမင္ခဲ့တယ္။ ဒီေတာ့ ဒါက ပင္နယ္တီေပါ့။ ဒါေပမယ့္ ကြင္းထဲက တုန္႔ျပန္မႈ အေျခအေနေတြအရ စကၠန္႔ေတြအၾကာမွာပဲ က်ေနာ္ရဲ႕ ဆံုးျဖတ္ခ်က္က မွားခဲ့ျပီဆိုတာကို သိလိုက္တယ္။ ” လို႔ ဝန္ခံခဲ့ပါတယ္။

အေႏွးျပကြက္ေတြမွာလည္း ကားရစ္က ေဘာလံုးကို အရင္ထိတာျဖစ္ေပမယ့္ ဂိုးမက္စ္က ေဘာလံုးကိုပဲ ပိုင္ပိုင္ႏုိင္ႏုိင္ တြန္းထုတ္ခဲ့တာပါ။ မွ်တတဲ့ စိန္ေခၚမႈလည္း ျဖစ္ခဲ့ပါတယ္။ အဆိုပါျဖစ္ရပ္က ပင္နယ္တီ မေပးခဲ့သင့္ေပမယ့္ ရိုနယ္ဒိုက တာဝန္ယူ ကန္သြင္းျပီး ေျခပဂိုး စယူခဲ့တာပါ။

ဒီမယံုႏုိင္စရာ ပင္နယ္တီ သက္မွတ္ေပးမႈက အလွည့္အေျပာင္း ျဖစ္ခဲ့ျပီး ၁၀ မိနစ္အၾကာမွာ ရြန္းနီက ဒုတိယေျခပဂိုး သြင္းယူခဲ့ကာ ေနာက္ထပ္ တမိနစ္အၾကာမွာ ဦးေဆာင္ဂိုးပါ ရယူခဲ့တယ္။ ၄ မိနစ္အၾကာမွာ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို ရြန္းနီကပဲ သြင္းခဲ့ျပီး ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ဘာဘာေတာ့ဗ္က ယူႏုိက္တက္အတြက္ ၅ ဂိုးေျမာက္ သြင္းဂိုး သြင္းယူခဲ့ျပီး ၅-၂ ရလဒ္ ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

၂၀၀၈-၂၀၀၉ ခုႏွစ္ ေဘာလံုးရာသီမွာ ခ်န္ပီယံအျဖစ္ ယူႏုိက္တက္ ဗိုလ္ဝင္ခံခဲ့ျခင္းမွာ ေဟာင္းဝဘ္ရဲ႕ ဆံုးျဖတ္ခ်က္ အမွားက သက္ေရာက္မႈ ၾကီးခဲ့ျပီး ဒါဟာ ျပိဳင္ဘက္ လီဗာပူးအတြက္ ကံဆိုးမႈၾကီးလည္း ျဖစ္ခဲ့ပါတယ္။ အဆိုပါ ခ်န္ပီယံဆုဟာ လီဗာပူးကို လိုက္မွီခဲ့တဲ့ ယူႏုိက္တက္ရဲ႕ ၁၈ ၾကိမ္ေျမာက္ အမွတ္ေပးဖလားလည္း ျဖစ္သြားခဲ့ပါတယ္။