NEWS: ပရီးမီးယားလိဂ်ကို ဘယ်လိုနည်းလမ်းနဲ့ ပြန်စတင်သည်ဖြစ်စေ VAR စနစ် ပါဝင်သွားမည်

UNICODE – ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ လက်ကျန် ပရီးမီးယားလိဂ်ကို ပြန်စမယ်ဆိုရင် ဘယ်လိုနည်းလမ်းနဲ့ စတင်သည်ဖြစ်စေ ဗီဒီယိုဆိုင်ရာ ဒိုင်လူကြီး အကူစနစ်ကို ထည့်သွင်းသွားမှာ ဖြစ်ကြောင်း တယ်လီဂရပ်က ဖော်ပြလိုက်ပါတယ်။

အကယ်လို့ ကြားကွင်းစနစ် အသုံးပြုပြီး ချန်ပီယံရှစ်ကလပ်အချို့ရဲ့ ကွင်းတွေမှာ ပရီးမီးယားလိဂ်ပွဲ ကျင်းပမယ်ဆိုရင်တောင် VAR စနစ်ကိုတော့ ထည့်သွင်းသွားမှာပါ။ ဒီကိစ္စနဲ့ ပက်သက်ပြီး ပရီးမီးယားလိဂ်ကလပ် အားလုံးကိုလည်း ပြောဆိုထားပြီး ဖြစ်ကာ မည့်သည့် နည်းလမ်းနဲ့ ပြန်စတင်သည်ဖြစ်စေ VAR က အစိတ်အပိုင်း တစ်ရပ်အဖြစ် ပါဝင်သွားမှာ ဖြစ်တယ်။

VAR ကို အသုံးမပြုမယ့် အခြေအနေဆိုလို့ ပရီးမီးယားလိဂ်ပွဲတွေ ဆက်မကစားပဲ ဘောလုံးရာသီကို ရပ်တန့်ခြင်းပဲ ရှိမှာဖြစ်တယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ကလပ်တွေဟာ တရားရေးဆိုင်ရာ ကိစ္စတွေကို ရင်ဆိုင်ဖြေရှင်းရခြင်း ကင်းဝေးဖို့၊ လာမယ့်ရာသီ ဥရောပဝင်ခွင့်နဲ့ တန်းဆင်းတန်းတက် စနစ်တွေအရ လိဂ်ကို သေချာပေါက် အဆုံးသတ်ရမှာ ဖြစ်တယ်။

ဒီအခြေအနေကြောင့် ပရီးမီးယားလိဂ် ပြန်လည်စတင်ချိန်မှာ VAR စနစ်ကို အသုံးပြုမယ်ဆိုရင် မူလ အသုံးပြုနေတဲ့ Stockley Park တစ်ခုတည်းကနေပဲ ကွပ်ကဲမလားဆိုတာကိုတော့ စဉ်းစားရဖွယ်ရှိတယ်။ ဒီလို လုပ်ဆောင်ခြင်းက အာဏာပိုင်တွေ ထုတ်ပြန်ထားတဲ့ social distancing စည်းမျဉ်းကို ဖောက်ဖျက်ရာ ကျမလား ပြန်သုံးသပ်မှုတော့ ရှိပါမယ်။

VAR စနစ်ဟာ အဖွဲ့သား သုံးဦးပါတဲ့ ကြီးကြပ်မှုဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး ဒိုင်လူကြီးတစ်ဦးနဲ့ လက်ထောက်တွေ ပါဝင်တာဖြစ်တယ်။ ပရီးမီးယားလိဂ်ကတော့ မူလ အသုံးပြုနေတဲ့ Stockley Park က VAR ကြီးကြပ်ခန်းကနေ ထွက်ခွာပြီး အထူး တပ်ဆင်ထားတဲ့ ဗန်ကားတွေကနေ ကွပ်ကပ်တာ (သို့) နည်းပညာ အကူအညီယူတာကို လုပ်ဆောင်ပြီး VAR စနစ်ကို ထပ်မံ အသုံးပြုဖွယ် ရှိပါတယ်။

ZAWGYI – ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ လက္က်န္ ပရီးမီးယားလိဂ္ကို ျပန္စမယ္ဆိုရင္ ဘယ္လိုနည္းလမ္းနဲ႔ စတင္သည္ျဖစ္ေစ ဗီဒီယိုဆိုင္ရာ ဒိုင္လူၾကီး အကူစနစ္ကို ထည့္သြင္းသြားမွာ ျဖစ္ေၾကာင္း တယ္လီဂရပ္က ေဖာ္ျပလိုက္ပါတယ္။

အကယ္လို႔ ၾကားကြင္းစနစ္ အသံုးျပဳျပီး ခ်န္ပီယံရွစ္ကလပ္အခ်ိဳ႔ရဲ႕ ကြင္းေတြမွာ ပရီးမီးယားလိဂ္ပြဲ က်င္းပမယ္ဆိုရင္ေတာင္ VAR စနစ္ကိုေတာ့ ထည့္သြင္းသြားမွာပါ။ ဒီကိစၥနဲ႔ ပက္သက္ျပီး ပရီးမီးယားလိဂ္ကလပ္ အားလံုးကိုလည္း ေျပာဆိုထားျပီး ျဖစ္ကာ မည့္သည့္ နည္းလမ္းနဲ႔ ျပန္စတင္သည္ျဖစ္ေစ VAR က အစိတ္အပိုင္း တစ္ရပ္အျဖစ္ ပါဝင္သြားမွာ ျဖစ္တယ္။

VAR ကို အသံုးမျပဳမယ့္ အေျခအေနဆိုလို႔ ပရီးမီးယားလိဂ္ပြဲေတြ ဆက္မကစားပဲ ေဘာလံုးရာသီကို ရပ္တန္႔ျခင္းပဲ ရွိမွာျဖစ္တယ္။ ဒါေပမယ့္ ပရီးမီးယားလိဂ္ကလပ္ေတြဟာ တရားေရးဆိုင္ရာ ကိစၥေတြကို ရင္ဆိုင္ေျဖရွင္းရျခင္း ကင္းေဝးဖို႔၊ လာမယ့္ရာသီ ဥေရာပဝင္ခြင့္နဲ႔ တန္းဆင္းတန္းတက္ စနစ္ေတြအရ လိဂ္ကို ေသခ်ာေပါက္ အဆံုးသတ္ရမွာ ျဖစ္တယ္။

ဒီအေျခအေနေၾကာင့္ ပရီးမီးယားလိဂ္ ျပန္လည္စတင္ခ်ိန္မွာ VAR စနစ္ကို အသံုးျပဳမယ္ဆိုရင္ မူလ အသံုးျပဳေနတဲ့ Stockley Park တစ္ခုတည္းကေနပဲ ကြပ္ကဲမလားဆိုတာကိုေတာ့ စဥ္းစားရဖြယ္ရွိတယ္။ ဒီလို လုပ္ေဆာင္ျခင္းက အာဏာပိုင္ေတြ ထုတ္ျပန္ထားတဲ့ social distancing စည္းမ်ဥ္းကို ေဖာက္ဖ်က္ရာ က်မလား ျပန္သံုးသပ္မႈေတာ့ ရွိပါမယ္။

VAR စနစ္ဟာ အဖြဲ႔သား သံုးဦးပါတဲ့ ၾကီးၾကပ္မႈျဖင့္ လုပ္ေဆာင္ျခင္းျဖစ္ျပီး ဒိုင္လူၾကီးတစ္ဦးနဲ႔ လက္ေထာက္ေတြ ပါဝင္တာျဖစ္တယ္။ ပရီးမီးယားလိဂ္ကေတာ့ မူလ အသံုးျပဳေနတဲ့ Stockley Park က VAR ၾကီးၾကပ္ခန္းကေန ထြက္ခြာျပီး အထူး တပ္ဆင္ထားတဲ့ ဗန္ကားေတြကေန ကြပ္ကပ္တာ (သို႔) နည္းပညာ အကူအညီယူတာကို လုပ္ေဆာင္ျပီး VAR စနစ္ကို ထပ္မံ အသံုးျပဳဖြယ္ ရွိပါတယ္။