သင့်နေအိမ်က အားပေးသံ ကစားကွင်းထဲ ရောက်စေမယ့် နည်းပညာ ပရီးမီးယားလိဂ် မိတ်ဆက်မည်

UNICODE – ပရီးမီးယားလိဂ်ကလပ်တွေဟာ ဘောလုံးပွဲတွေကို နေအိမ်ကနေ အားပေးတဲ့ ပရိသတ်တွေရဲ့ လက်ခုပ်သြဘာတွေကို စက္ကန့်မဆိုင်းပဲ ကစားကွင်းတွေထဲရောက်ဖို့ အစီအစဉ်တစ်ခုကို လုပ်ဆောင်နေပါတယ်။

အဆိုပါ အစီအစဉ်အရ လီဗာပူး၊ မန်စီးတီး၊ အာဆင်နယ်တို့ဟာ ဒီအပတ်မှာပဲ ဂျာမာန် နည်းပညာကုမ္ပဏီတစ်ခုက တီထွင်ထားတဲ့ app ကို အသုံးပြုပြီး လူမရှိတဲ့ ကွင်းထဲမှာ အားပေးသံတွေ ရောက်လာဖို့ ကြိုးစားသွားမှာပါ။ ပရိသတ်တိုင်းက ကိုယ်အားပေးမယ့် ပွဲစဉ်နဲ့ အသင်းကို ရွေးချယ်ပြီး app ကနေ အားပေးသံတွေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ app မှာတော့ အိမ်ကွင်းပရိသတ်နဲ့ အဝေးကွင်း ပရိသတ်တွေကြားမှာ အသံထုတ်လွှင့်မှု အဆင့်ကို ခွဲခြားထားမှာဖြစ်တယ်။ အိမ်ကွင်းပရိသတ်တွေ အားသာချက်ရစေဖို့ အိမ်ကွင်းအသင်း အားပေးမှုတွေအား အသံထုတ်လွှင့်မှုကို ပိုမို တိုးမြှင့်ပေးပြီး အဝေးကွင်း ပရိသတ်တွေကိုယ်တော့ အသံချမှုတွေ လုပ်ထားမှာပါ။ ဒီစနစ်ဟာ သက်ဆိုင်ရာ အိမ်ကွင်းတွေမှာဖြစ်စေ၊ ကြားကွင်းတွေမှာ ဖြစ်စေ အသုံးပြုလို့ရအောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

myapplause app လို့ အမည်ပေးထားတဲ့ အဆိုပါ ဖုန်း app ကို ဒီလထဲမှာ ဘွန်ဒက်လီဂါပွဲ ပြန်စတင်တဲ့အခါ စတင်ကာ စမ်းသပ်သွားမှာ ဖြစ်ပါတယ်။ မြူနစ်အခြေစိုက် ကုမ္ပဏီဖြစ်တဲ့ hack-CARE က တီထွင်ထားတဲ့ အဆိုပါ app အောင်မြင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်မှာလည်း အသုံးပြုမှာ ဖြစ်တယ်။

hack-CARE ရဲ့ myapplause app က ဘယ်လို အလုပ်လုပ်မှာလဲ

  • ဘောလုံးပရိသတ်တွေက ကိုယ်အားပေးလိုတဲ့ ပွဲစဉ်နဲ့ အားပေးမယ့် အသင်းကို ရွေးရပါမယ်
  • အားပေးပုံကို (Cheer, Clap, Sing, Whistle) ဆိုပြီး လေးမျိုး ရွေးခွင့်ရှိပါမယ်
  • ရွေးချယ်လိုက်တဲ့ အသံကို ကွင်းထဲမှာ အမြန်ဆုံး (ဝ.၁ စက္ကန့်အတွင်း) ရောက်စေပြီး အသံထွက်စေပါမယ်
  • အိမ်ကွင်းပရိသတ်တွေရဲ့ အားပေးမှုဆိုင်ရာ ရွေးချယ်သံကို အသံပိုကျယ်အောင် လုပ်ပေးထားပါမယ်

ZAWGYI – ပရီးမီးယားလိဂ္ကလပ္ေတြဟာ ေဘာလံုးပြဲေတြကို ေနအိမ္ကေန အားေပးတဲ့ ပရိသတ္ေတြရဲ႕ လက္ခုပ္ၾသဘာေတြကို စကၠန္႔မဆိုင္းပဲ ကစားကြင္းေတြထဲေရာက္ဖို႔ အစီအစဥ္တစ္ခုကို လုပ္ေဆာင္ေနပါတယ္။

အဆိုပါ အစီအစဥ္အရ လီဗာပူး၊ မန္စီးတီး၊ အာဆင္နယ္တို႔ဟာ ဒီအပတ္မွာပဲ ဂ်ာမာန္ နည္းပညာကုမၸဏီတစ္ခုက တီထြင္ထားတဲ့ app ကို အသံုုးျပဳျပီး လူမရွိတဲ့ ကြင္းထဲမွာ အားေပးသံေတြ ေရာက္လာဖို႔ ၾကိဳးစားသြားမွာပါ။ ပရိသတ္တိုင္းက ကိုယ္အားေပးမယ့္ ပြဲစဥ္နဲ႔ အသင္းကို ေရြးခ်ယ္ျပီး app ကေန အားေပးသံေတြ ဖန္တီးႏုိင္မွာ ျဖစ္ပါတယ္။

အဆိုပါ app မွာေတာ့ အိမ္ကြင္းပရိသတ္နဲ႔ အေဝးကြင္း ပရိသတ္ေတြၾကားမွာ အသံထုတ္လႊင့္မႈ အဆင့္ကို ခြဲျခားထားမွာျဖစ္တယ္။ အိမ္ကြင္းပရိသတ္ေတြ အားသာခ်က္ရေစဖို႔ အိမ္ကြင္းအသင္း အားေပးမႈေတြအား အသံထုတ္လႊင့္မႈကို ပိုမို တိုးျမွင့္ေပးျပီး အေဝးကြင္း ပရိသတ္ေတြကုိယ္ေတာ့ အသံခ်မႈေတြ လုပ္ထားမွာပါ။ ဒီစနစ္ဟာ သက္ဆိုင္ရာ အိမ္ကြင္းေတြမွာျဖစ္ေစ၊ ၾကားကြင္းေတြမွာ ျဖစ္ေစ အသံုးျပဳလို႔ရေအာင္ လုပ္ေဆာင္မွာ ျဖစ္ပါတယ္။

myapplause app လို႔ အမည္ေပးထားတဲ့ အဆိုပါ ဖုန္း app ကို ဒီလထဲမွာ ဘြန္ဒက္လီဂါပြဲ ျပန္စတင္တဲ့အခါ စတင္ကာ စမ္းသပ္သြားမွာ ျဖစ္ပါတယ္။ ျမဴနစ္အေျခစိုက္ ကုမၸဏီျဖစ္တဲ့ hack-CARE က တီထြင္ထားတဲ့ အဆိုပါ app ေအာင္ျမင္ခ့ဲမယ္ဆိုရင္ ပရီးမီးယားလိဂ္မွာလည္း အသံုးျပဳမွာ ျဖစ္တယ္။

hack-CARE ရဲ႕ myapplause app က ဘယ္လို အလုပ္လုပ္မွာလဲ

  • ေဘာလံုးပရိသတ္ေတြက ကိုယ္အားေပးလိုတဲ့ ပြဲစဥ္နဲ႔ အားေပးမယ့္ အသင္းကို ေရြးရပါမယ္
  • အားေပးပံုကို (Cheer, Clap, Sing, Whistle) ဆိုျပီး ေလးမ်ိဳး ေရြးခြင့္ရွိပါမယ္
  • ေရြးခ်ယ္လိုက္တဲ့ အသံကုိ ကြင္းထဲမွာ အျမန္ဆံုး (၀.၁ စကၠန္႔အတြင္း) ေရာက္ေစျပီး အသံထြက္ေစပါမယ္
  • အိမ္ကြင္းပရိသတ္ေတြရဲ႕ အားေပးမႈဆိုင္ရာ ေရြးခ်ယ္သံကို အသံပိုက်ယ္ေအာင္ လုပ္ေပးထားပါမယ္