အာဆင်နယ်လို အသင်းက ကစားသမားတွေကို ခေါ်ယူဖို့ ခယနေရမှာ မဟုတ်ဘူးဆိုတဲ့ အာတီတာ

UNICODE – အာဆင်နယ်မန်နေဂျာ အတာီတာက ကစားသမားသစ်တွေ ခေါ်ယူတဲ့အခါ ကလပ်ကို ပြောင်းလာလိုစိတ် မရှိတဲ့ ကစားသမားတွေကို တိုက်တွန်းဖိတ်ခေါ်နေတာမျိုး လုပ်မှာ မဟုတ်ကြောင်း ထုတ်ပြောလိုက်ပါတယ်။

အာတီတာက ကစားသမားသစ် ခေါ်ယူရာမှာ အာဆင်နယ်အတွက် ကစားပေးလိုသူတွေကိုပဲ ခေါ်ယူလိုကြောင်း အပြောင်းအရွှေ့ ခံယူချက်ကို ဖွင့်ဟလိုက်ခြင်းဖြစ်တယ်။ အာဆင်နယ်ဟာ ဆဲလ်တစ်တိုက်စစ်မှူး Edouard နဲ့ တီကိုမှ ပါတေးတို့အပြင် အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရမယ့် ဘုန်းမောက်မှ ဖရေဆာ၊ ချယ်ဆီးမှ ဝီလီယမ်လို ကစားသမားတွေကို ခေါ်ယူမယ်ဆိုပြီး သတင်းထွက်နေတာ ဖြစ်ပါတယ်။

” အာဆင်နယ်အသင်း စိတ်ဝင်စားတဲ့အကြောင်း ပြောတာက ကမ္ဘာတစ်ဝန်းမှာ ဘယ်လို အဓိပ္ပာယ်မျိုးလဲ ခင်ဗျားသိမလား အီရန် ” ဆိုပြီး ဂန္တဝင်ကြီး အီရန်ရိုက်ရဲ့ အင်တာဗျူးမှာ အာတီတာက စပြောပါတယ်။ သူကပဲ ” လူတိုင်းက အာဆင်နယ်ကို ပြောင်းလာလိုကြတယ်၊ ကျနေ်ာတို့ကလည်း ဘာတွေ လုပ်ဆောင်မလဲ ဆိုတာအတွက် ရှင်းလင်းတဲ့ အစီအစဉ်တွေ ရှိပါတယ်။ ” လို့ ပြောပါတယ်။

ဂန်းနားမန်နေဂျာက ” ကစားသမားတွေကို အာဆင်နယ်ပြောင်းလာဖို့ ဘဝင်ကျလောက်အောင် သွေးဆောင်စရာ မလိုပါဘူး။ အဲ့လို လုပ်ရမယ်ဆိုရင်လည်း ကျနော်အတွက်တော့ သိပ်ကောင်းတဲ့ အချက် မဟုတ်ဘူး။ အာဆင်နယ်က ကစားသမားတွေကို ပြောင်းလာဖို့နဲ့ အသင်းမှာ ဆက်နေဖို့ ယုံကြည်ရအောင် ညိနှိုင်းနေစရာ မလိုပါဘူး။

ကျနေ်ာတို့တွေ ဘယ်လိုတွေ လုပ်ကြမလဲ။ အာဆင်နယ်ကို ကိုယ်စားပြုပြီး အာဆင်နယ်အတွက် ကစားပေးလိုတဲ့ ကစားသမားမျိုးကို လိုချင်ပါတယ်။ အဲ့သည် ခံစားချက်မျိုးကိုပဲ စပြီး နားထောင်ပါတယ်။ အာဆင်နယ်မှာ ရှိနေတဲ့ ကစားသမားတွေထံကလည်း အတူတူပါပဲ။ ဆွေးနွေးမှုတွေပြီးလို့ အာဆင်နယ်အတွက် ရှေ့ဆက်ကစားပေးဖို့ ခံစားမှုမျိုးကို ရပြီဆိုရင် ကျနော်အတွက် အဲ့လို ကစားသမားကမှ စိတ်ဝင်စားစရာပါ ” လို့ ဆိုလိုက်တာဖြစ်တယ်။

အာဆင်နယ်အကြောင်းကို နားလည်ပြီး အာဆင်နယ်အတွက် တိုက်ခိုက်ပေးလိုတဲ့ ကစားသမားမျိုးတွေကို ဒီနွေမှာ အာတီတာ စုဆောင်းမိမလားက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ZAWGYI – အာဆင္နယ္မန္ေနဂ်ာ အတာီတာက ကစားသမားသစ္ေတြ ေခၚယူတဲ့အခါ ကလပ္ကို ေျပာင္းလာလိုစိတ္ မရွိတဲ့ ကစားသမားေတြကို တိုက္တြန္းဖိတ္ေခၚေနတာမ်ိဳး လုပ္မွာ မဟုတ္ေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။

အာတီတာက ကစားသမားသစ္ ေခၚယူရာမွာ အာဆင္နယ္အတြက္ ကစားေပးလိုသူေတြကိုပဲ ေခၚယူလိုေၾကာင္း အေျပာင္းအေရႊ႔ ခံယူခ်က္ကို ဖြင့္ဟလိုက္ျခင္းျဖစ္တယ္။ အာဆင္နယ္ဟာ ဆဲလ္တစ္တိုက္စစ္မွဴး Edouard နဲ႔ တီကိုမွ ပါေတးတို႔အျပင္ အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ရမယ့္ ဘုန္းေမာက္မွ ဖေရဆာ၊ ခ်ယ္ဆီးမွ ဝီလီယမ္လို ကစားသမားေတြကို ေခၚယူမယ္ဆိုျပီး သတင္းထြက္ေနတာ ျဖစ္ပါတယ္။

” အာဆင္နယ္အသင္း စိတ္ဝင္စားတဲ့အေၾကာင္း ေျပာတာက ကမၻာတစ္ဝန္းမွာ ဘယ္လို အဓိပၸာယ္မ်ိဳးလဲ ခင္ဗ်ားသိမလား အီရန္ ” ဆိုျပီး ဂႏၱဝင္ၾကီး အီရန္ရိုက္ရဲ႕ အင္တာဗ်ဴးမွာ အာတီတာက စေျပာပါတယ္။ သူကပဲ ” လူတိုင္းက အာဆင္နယ္ကို ေျပာင္းလာလိုၾကတယ္၊ က်ေန္ာတို႔ကလည္း ဘာေတြ လုပ္ေဆာင္မလဲ ဆိုတာအတြက္ ရွင္းလင္းတဲ့ အစီအစဥ္ေတြ ရွိပါတယ္။ ” လို႔ ေျပာပါတယ္။

ဂန္းနားမန္ေနဂ်ာက ” ကစားသမားေတြကို အာဆင္နယ္ေျပာင္းလာဖို႔ ဘဝင္က်ေလာက္ေအာင္ ေသြးေဆာင္စရာ မလိုပါဘူး။ အဲ့လို လုပ္ရမယ္ဆိုရင္လည္း က်ေနာ္အတြက္ေတာ့ သိပ္ေကာင္းတဲ့ အခ်က္ မဟုတ္ဘူး။ အာဆင္နယ္က ကစားသမားေတြကို ေျပာင္းလာဖို႔နဲ႔ အသင္းမွာ ဆက္ေနဖို႔ ယံုၾကည္ရေအာင္ ညိႏိႈင္းေနစရာ မလိုပါဘူး။

က်ေန္ာတို႔ေတြ ဘယ္လိုေတြ လုပ္ၾကမလဲ။ အာဆင္နယ္ကို ကိုယ္စားျပဳျပီး အာဆင္နယ္အတြက္ ကစားေပးလိုတဲ့ ကစားသမားမ်ိဳးကို လိုခ်င္ပါတယ္။ အဲ့သည္ ခံစားခ်က္မ်ိဳးကိုပဲ စျပီး နားေထာင္ပါတယ္။ အာဆင္နယ္မွာ ရွိေနတဲ့ ကစားသမားေတြထံကလည္း အတူတူပါပဲ။ ေဆြးေႏြးမႈေတြျပီးလို႔ အာဆင္နယ္အတြက္ ေရွ႔ဆက္ကစားေပးဖို႔ ခံစားမႈမ်ိဳးကို ရျပီဆိုရင္ က်ေနာ္အတြက္ အဲ့လို ကစားသမားကမွ စိတ္ဝင္စားစရာပါ ” လို႔ ဆိုလိုက္တာျဖစ္တယ္။

အာဆင္နယ္အေၾကာင္းကို နားလည္ျပီး အာဆင္နယ္အတြက္ တိုက္ခိုက္ေပးလိုတဲ့ ကစားသမားမ်ိဳးေတြကို ဒီေႏြမွာ အာတီတာ စုေဆာင္းမိမလားက ေစာင့့္ၾကည့္ရမွာ ျဖစ္ပါတယ္။