ချယ်ဆီး၊ ယူနိုက်တက်တို့ရဲ့ ကမ်းလှမ်းမှုကို ငြင်းပြီး လီဗာပူးကိုပဲ ပြောင်းမှာဖြစ်တဲ့ တီမိုဝါနာ

UNICODE – ဂျာမနီတိုက်စစ်မှူး တီမိုဝါနာဟာ ဂျာမနီပြင်ပထွက်ကစားရာမှာ လီဗာပူးတစ်သင်းတည်းကိုပဲ စိတ်ထဲရှိနေပြီး အခြားသော ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ချယ်ဆီး၊ ယူနိုက်တက်ကို ငြင်းဆန်မှာဖြစ်ပါတယ်။

ဂျာမနီသတင်းဌာန Bild က ဖော်ပြရာမှာ ယူနိုက်တက်နဲ့ ချယ်ဆီး တာဝန်ရှိသူတွေက ဝါနာရဲ့ ကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ ချိတ်ဆက်စဉ်မှာ တိုက်စစ်သမားက ငြင်းဆန်ခဲ့တာလို့ သိရတယ်။ ဝါနာဟာ ဂျာမနီသား မန်နေဂျာကလော့ပ်ရှိရာ လီဗာပူးကို ပြောင်းရွှေ့ခြင်းကပဲ သူ့အနာဂတ်အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်မယ်လို့ ယုံကြည်နေတာဖြစ်တယ်။

လီဗာပူးအသင်းကလည်း ဒီအပတ်တွေမှာ ဂျာမနီတိုက်စစ်သမား တီမိုဝါနာရဲ့ ကိုယ်စားလှယ်ဖြစ်သူနဲ့ တွေ့ဆုံခဲ့ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို လုပ်ဖို့အတွက် အချိန်ပေးဖို့ တောင်းဆိုခဲ့ထားခဲ့ပါသေးတယ်။ နွေဈေးကွက်ကို ဘယ်အချိန် ဖွင့်မလဲဆိုတာကို တရားဝင် မသိရသေးသလို ကိုဗစ်ကပ်ဘေးရဲ့ သက်ရောက်မှုအဖြစ် ဝါနာကို ခေါ်ယူဖို့ ကိစ္စမှာ အချိန်ပေးဖို့ ကစားသမားရဲ့ ကိုယ်စားလှယ်ကနေတစ်ဆင့် လီဗာပူးဘက်က တောင်းဆိုခဲ့ခြင်း ဖြစ်တယ်။

တီမိုဝါနာရဲ့ စာချုပ်ပါ ပြောင်းရွှေ့ကြေးက ပေါင် ၅၂.၇ သန်း ဖြစ်ပြီး လီဗာပူးအသင်းက ဈေးကွက် ဘယ်အချိန်ဖွင့်မယ် မသေချာသေးခင်မှာ ညိနှိုင်းမှုတွေကို ရပ်တန့်ထားလိုတဲ့ သဘောလည်းဖြစ်ပါတယ်။ နွေဈေးကွက်ဟာ ပုံမှန်အားဖြင့် ဇွန်လ ၁ ရက်နေ့မှာ စတင်ခြင်းဖြစ်ပေမယ့် လက်ရှိမှာတော့ ကိုဗစ်ကြောင့် ဘောလုံးပွဲတွေ ဆက်ကစားရမှာဖြစ်ကာ ဈေးကွက်ဖွင့်ချိန် နောက်ကျနိုင်ပါတယ်။

တစ်ဘက်မှာလည်း လက်ကျန်ပွဲကနေစလို့ ၂၀၂၁ ခုနှစ် မေလ အကုန်အထိ ပရီးမီးယားလိဂ်ကို ကွင်းပိတ် ကစားရနိုင်တာကြောင့် ဘဏ္ဍာရေးဆိုင်ရာ တွက်ချက်မှုတွေကို နောက်လတွေမှ လုပ်ဆောင်နိုင်မှာဖြစ်ခြင်းကလည်း ကစားသမား ခေါ်ယူမှုတွေကို ကြံ့ကြာစေပါတယ်။

ZAWGYI – ဂ်ာမနီတိုက္စစ္မွဴး တီမိုဝါနာဟာ ဂ်ာမနီျပင္ပထြက္ကစားရာမွာ လီဗာပူးတစ္သင္းတည္းကိုပဲ စိတ္ထဲရွိေနျပီး အျခားေသာ ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ ခ်ယ္ဆီး၊ ယူႏုိက္တက္ကို ျငင္းဆန္မွာျဖစ္ပါတယ္။

ဂ်ာမနီသတင္းဌာန Bild က ေဖာ္ျပရာမွာ ယူႏုိက္တက္နဲ႔ ခ်ယ္ဆီး တာဝန္ရွိသူေတြက ဝါနာရဲ႕ ကိုယ္စားလွယ္နဲ႔ ေတြ႔ဆံုဖို႔ ခ်ိတ္ဆက္စဥ္မွာ တိုက္စစ္သမားက ျငင္းဆန္ခဲ့တာလို႔ သိရတယ္။ ဝါနာဟာ ဂ်ာမနီသား မန္ေနဂ်ာကေလာ့ပ္ရွိရာ လီဗာပူးကို ေျပာင္းေရႊ႔ျခင္းကပဲ သူ႔အနာဂတ္အတြက္ အေကာင္းဆံုး ေရြးခ်ယ္မႈျဖစ္မယ္လို႔ ယံုၾကည္ေနတာျဖစ္တယ္။

လီဗာပူးအသင္းကလည္း ဒီအပတ္ေတြမွာ ဂ်ာမနီတိုက္စစ္သမား တီမိုဝါနာရဲ႕ ကိုယ္စားလွယ္ျဖစ္သူနဲ႔ ေတြ႔ဆံုခဲ့ျပီး ေနာက္ဆံုး ဆံုးျဖတ္ခ်က္ကို လုပ္ဖို႔အတြက္ အခ်ိန္ေပးဖို႔ ေတာင္းဆိုခဲ့ထားခဲ့ပါေသးတယ္။ ေႏြေစ်းကြက္ကို ဘယ္အခ်ိန္ ဖြင့္မလဲဆိုတာကို တရားဝင္ မသိရေသးသလို ကိုဗစ္ကပ္ေဘးရဲ႕ သက္ေရာက္မႈအျဖစ္ ဝါနာကို ေခၚယူဖို႔ ကိစၥမွာ အခ်ိန္ေပးဖို႔ ကစားသမားရဲ႕ ကိုယ္စားလွယ္ကေနတစ္ဆင့္ လီဗာပူးဘက္က ေတာင္းဆိုခဲ့ျခင္း ျဖစ္တယ္။

တီမိုဝါနာရဲ႕ စာခ်ဳပ္ပါ ေျပာင္းေရႊ႔ေၾကးက ေပါင္ ၅၂.၇ သန္း ျဖစ္ျပီး လီဗာပူးအသင္းက ေစ်းကြက္ ဘယ္အခ်ိန္ဖြင့္မယ္ မေသခ်ာေသးခင္မွာ ညိႏိႈင္းမႈေတြကို ရပ္တန္႔ထားလိုတဲ့ သေဘာလည္းျဖစ္ပါတယ္။ ေႏြေစ်းကြက္ဟာ ပံုမွန္အားျဖင့္ ဇြန္လ ၁ ရက္ေန႔မွာ စတင္ျခင္းျဖစ္ေပမယ့္ လက္ရွိမွာေတာ့ ကိုဗစ္ေၾကာင့္ ေဘာလံုးပြဲေတြ ဆက္ကစားရမွာျဖစ္ကာ ေစ်းကြက္ဖြင့္ခ်ိန္ ေနာက္က်ႏုိင္ပါတယ္။

တစ္ဘက္မွာလည္း လက္က်န္ပြဲကေနစလို႔ ၂၀၂၁ ခုႏွစ္ ေမလ အကုန္အထိ ပရီးမီးယားလိဂ္ကို ကြင္းပိတ္ ကစားရႏုိင္တာေၾကာင့္ ဘ႑ာေရးဆိုင္ရာ တြက္ခ်က္မႈေတြကို ေနာက္လေတြမွ လုပ္ေဆာင္ႏုိင္မွာျဖစ္ျခင္းကလည္း ကစားသမား ေခၚယူမႈေတြကို ၾကံ႕ၾကာေစပါတယ္။