NEWS: ပရီးမီးယားလိဂ်အနာဂတ် ဆုံးဖြတ်ပေးမယ့် အစည်းအဝေးကို တနင်္လာနေ့မှာ ကျင်းပမည်

UNICODE – နောက်အပတ်ဟာ အင်္ဂလန်ဘောလုံးလောကအတွက် အရေးပါတဲ့ သီတင်းပတ်တစ်ခု ဖြစ်လာတော့မှာဖြစ်ပြီး ပရီးမီးယားလိဂ် အနာဂတ်နဲ့ ပက်သက်တဲ့ ဆုံးဖြတ်ချက်ကို ဆွေးနွေးမှု လုပ်ဆောင်သွားမယ်လို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။

ပုံမှန်အားဖြင့် ဒီအပတ် သောကြာနေ့ဖြစ်တဲ့ မေလ ၈ ရက်မှာ အရေးကြီး အစည်းအဝေး လုပ်ရမှာ ဖြစ်ပေမယ့် ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်ရဲ့ ဗြိတိန်ပြည်တွင်းမှာ ကိုရိုနာကပ်ဘေး ပိတ်ဆို့မှု ကန့်သတ်ခြင်းအပေါ် သတင်းသစ်ထုတ်ပြန်မှာက မေလ ၁၀ ရက်ဖြစ်တာကြောင့် နောက်တစ်ရက်ဖြစ်တဲ့ မေလ ၁၁ ရက်နေ့ တနင်္လာနေ့မှာ အစည်းအဝေး လုပ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ကိုဗစ်ကပ်ဘေးကာလမှာ ပရီးမီးယားလိဂ်ဟာ အပတ်စဉ်ရဲ့ သောကြာနေ့တိုင်းကို ရှယ်ယာရှင်တွေနဲ့ ဗီဒိယို အစည်းအဝေး ပြုလုပ်လာခဲ့တာပါ။ ယခင်အပတ် ဆွေးနွေးမှုအရ ဒီတစ်ကြိမ် ပရီးမီးယားလိဂ် ရှယ်ယာရှင်တွေ ဆွေးနွေးမယ့် ကိစ္စဟာ လေ့ကျင့်ရေးပြန်ဝင်မယ့် ကိစ္စ၊ ဘောလုံးပွဲ ပြန်စမယ့် ရက်စွဲ တရားဝင် အတည်ပြုမယ့်ကိစ္စနဲ့ ကြားကွင်းမှာ ကစားဖို့ ကိစ္စတွေဖြစ်တယ်။

ဗြိတိန်အစိုးရရဲ့ ပြည်တွင်း ပိတ်ဆို့မှုအပေါ် ဘာတွေ ဆက်လက် လုပ်ကိုင်ရမလဲ အမိန့်ထုတ်မှုကို စောင့်ဆိုင်းပြီးမှ ပရီးမီးယားလိဂ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်တာက မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်မယ်လို့ လိဂ်တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ကြတယ်။ အားလုံးကတော့ မေလ အလည်မှာ လေ့ကျင့်ရေး ပြန်ဝင်ပြီး ဇွန်လမှာ ယှဉ်ပြိုင်ဖို့ကို ကိုယ်စီ စိုင်းပြင်းထားကြပြီဖြစ်ပပါတယ်။

ရုပ်သံဌာနတွေကလည်း သူတို့ရဲ့ တာဝန်တွေဖြစ်တဲ့ တိုက်ရိုက် ထုတ်လွှင့်မှု ကိစ္စတွေကို ကြိုတင် တိုင်ပင်နေကြတာတွေ လုပ်လာနေခဲ့တယ်။ ပရီးမီးယားလိဂ်ပွဲတွေကို ကမ္ဘာအနှံ့ တိုက်ရိုက် ထုတ်လွှင့်ခွင့်ရထားတဲ့ ဗြိတိန် အားကစားချန်နယ်တွေဖြစ်တဲ့ Sky Sports နဲ့ BT Sport တို့ဟာဆိုရင် Youtube channel တွေကနေ ပွဲစဉ်အချို့ကို တိုက်ရိုက် ပြသဖို့ထိ ပြင်ဆင်ထားကြပြီဖြစ်ပါတယ်။

ZAWGYI – ေနာက္အပတ္ဟာ အဂၤလန္ေဘာလံုးေလာကအတြက္ အေရးပါတဲ့ သီတင္းပတ္တစ္ခု ျဖစ္လာေတာ့မွာျဖစ္ျပီး ပရီးမီးယားလိဂ္ အနာဂတ္နဲ႔ ပက္သက္တဲ့ ဆံုးျဖတ္ခ်က္ကို ေဆြးေႏြးမႈ လုပ္ေဆာင္သြားမယ္လို႔ စကိုင္းစေပါ့က ေဖာ္ျပပါတယ္။

ပံုမွန္အားျဖင့္ ဒီအပတ္ ေသာၾကာေန႔ျဖစ္တဲ့ ေမလ ၈ ရက္မွာ အေရးၾကီး အစည္းအေဝး လုပ္ရမွာ ျဖစ္ေပမယ့္ ျဗိတိန္ဝန္ၾကီးခ်ဳပ္ ေဘာ္ရစ္ဂၽြန္ဆင္ရဲ႕ ျဗိတိန္ျပည္တြင္းမွာ ကိုရိုနာကပ္ေဘး ပိတ္ဆို႔မႈ ကန္႔သတ္ျခင္းအေပၚ သတင္းသစ္ထုတ္ျပန္မွာက ေမလ ၁၀ ရက္ျဖစ္တာေၾကာင့္ ေနာက္တစ္ရက္ျဖစ္တဲ့ ေမလ ၁၁ ရက္ေန႔ တနလၤာေန႔မွာ အစည္းအေဝး လုပ္ဖို႔ ဆံုးျဖတ္လုိက္တာျဖစ္ပါတယ္။

ကိုဗစ္ကပ္ေဘးကာလမွာ ပရီးမီးယားလိဂ္ဟာ အပတ္စဥ္ရဲ႕ ေသာၾကာေန႔တိုင္းကို ရွယ္ယာရွင္ေတြနဲ႔ ဗီဒိယို အစည္းအေဝး ျပဳလုပ္လာခဲ့တာပါ။ ယခင္အပတ္ ေဆြးေႏြးမႈအရ ဒီတစ္ၾကိမ္ ပရီးမီးယားလိဂ္ ရွယ္ယာရွင္ေတြ ေဆြးေႏြးမယ့္ ကိစၥဟာ ေလ့က်င့္ေရးျပန္ဝင္မယ့္ ကိစၥ၊ ေဘာလံုးပြဲ ျပန္စမယ့္ ရက္စြဲ တရားဝင္ အတည္ျပဳမယ့္ကိစၥနဲ႔ ၾကားကြင္းမွာ ကစားဖို႔ ကိစၥေတြျဖစ္တယ္။

ျဗိတိန္အစိုးရရဲ႕ ျပည္တြင္း ပိတ္ဆို႔မႈအေပၚ ဘာေတြ ဆက္လက္ လုပ္ကိုင္ရမလဲ အမိန္႔ထုတ္မႈကို ေစာင့္ဆိုင္းျပီးမွ ပရီးမီးယားလိဂ္ရဲ႕ အနာဂတ္ကို ဆံုးျဖတ္တာက မွန္ကန္တဲ့ ေရြးခ်ယ္မႈျဖစ္မယ္လို႔ လိဂ္တာဝန္ရွိသူေတြက ဆံုးျဖတ္ခဲ့ၾကတယ္။ အားလံုးကေတာ့ ေမလ အလည္မွာ ေလ့က်င့္ေရး ျပန္ဝင္ျပီး ဇြန္လမွာ ယွဥ္ျပိဳင္ဖို႔ကို ကိုယ္စီ စိုင္းျပင္းထားၾကျပီျဖစ္ပပါတယ္။

ရုပ္သံဌာနေတြကလည္း သူတို႔ရဲ႕ တာဝန္ေတြျဖစ္တဲ့ တိုက္ရိုက္ ထုတ္လႊင့္မႈ ကိစၥေတြကို ၾကိဳတင္ တိုင္ပင္ေနၾကတာေတြ လုပ္လာေနခဲ့တယ္။ ပရီးမီးယားလိဂ္ပြဲေတြကို ကမၻာအႏွံ႔ တိုက္ရိုက္ ထုတ္လႊင့္ခြင့္ရထားတဲ့ ျဗိတိန္ အားကစားခ်န္နယ္ေတြျဖစ္တဲ့ Sky Sports နဲ႔ BT Sport တို႔ဟာဆိုရင္ Youtube channel ေတြကေန ပြဲစဥ္အခ်ိဳ႕ကို တိုက္ရိုက္ ျပသဖို႔ထိ ျပင္ဆင္ထားၾကျပီျဖစ္ပါတယ္။