မက်ဆီ အသာရခဲ့ပေမယ့် ဗန်ဒိုက်ကြောင့် ဘောလုံးကမ္ဘာ ပြောင်းလဲခဲ့ကြာင်း ဂျပ်စတန်းရှင်းပြ

UNICODE – ပရီးမီးယားလိဂ်နဲ့ စီးရီးအေ ခံစစ်မှူးဟောင်းကြီး ဂျပ်စတန်းက ၂၀၁၉ ခုနှစ် ဘလွန်းဒီအော့ဆုကို မက်ဆီက ဗန်ဒိုက်ကို ကျော်ပြီး အနိုင်ရခဲ့တာက ထိုက်တန်ပါတယ်လို့ ဖွင့်ဟလိုက်ပါတယ်။

နယ်သာလန်သား ခံစစ်မှူးဟောင်းကြီးကပဲ အကောင်းဆုံးဆုကို မက်ဆီ အနိုင်ရခဲ့ပေမယ့် ဗန်ဒိုက်ကြောင့် လူတိုင်းက ဗဟိုခံစစ်မှူးတွေရဲ့ အရေးပါမှုကို ပိုမို လက်ခံလာကြသလို ပိုမို နေရာပေးလာခဲ့တယ်လို့ ဖွင့်ဟခဲ့တယ်။ ၂၀၁၈ ခုနှစ်မှာ လီဗာပူးကို ဗန်ဒိုက် ပေါင် သန်း ၈၀ နဲ့ ပြောင်းခဲ့ခြင်းက ကမ္ဘာစံချိန်တင်ကြေး ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ မက်ဂွဲရား၊ ဒီလစ်တို့လို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ပေးရတဲ့ ခံစစ်မှူးတွေ ပေါ်ထွက်လာခဲ့ပါတယ်။

အခုချိန်မှာ ကမ္ဘာကြီးကို ကြည့်လိုက်မယ်ဆိုရင် မက်ဆီက ကမ္ဘာအကောင်းဆုံး ကစားသမား ဖြစ်နေဆဲပါ။ ဘလွန်းဒီအော့ဆုပဲဖြစ်ဖြစ် ဆုဖလား အောင်မြင်တာပဲဖြစ်ဖြစ် မက်ဆီကို ပေးတာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ။ ကျနော် သဘောအရ အဲ့ဆုတွေကို ဗန်ဒိုက်ကို ရတာကို သဘောကျမှာပါ။ သူက အရမ်းကောင်းခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီက အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီး သူနဲ့ ထိုက်တန်တာကို ရသွားခဲ့တယ်လို့ ထင်ပါတယ် ” ဆိုပြီး ပြောပါတယ်။

ဗန်ဒိုက်အနေနဲ့ အကောင်းဆုံး ပုံစံတွေကို ဆက်ထိန်းကာ ကမ္ဘာအကောင်းဆုံးတွေထဲက တစ်ဦးအဖြစ် အမြဲတမ်း ဆက်ရှိနေလိုရင် ပွဲစဉ်တိုင်းကနေ သင်ယူမှုတွေ လုပ်ရမှာဖြစ်ပြီး ကိုယ်ဘာသာ စိတ်ကြီးဝင်တာမျိုးတွေ ဖြစ်လို့ မရဘူးလို့ ဂျပ် စတန်းက သတိပေးခဲ့ပါသေးတယ်။

နယ်သာလန်သား ခံစစ်မှူးဟောင်းကြီးက “ အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်ဖို့ဆိုရင် အမြင့်ဆုံး စွမ်းဆောင်ရည်တွေကို ဆက်ပြီး ထိန်းနိုင်ရမယ် နှစ်တိုင်းမှာ ပြသနိုင်ရပါမယ်။ လီဗာပူးအသင်းမှာ သူတွဲဘက်ကစားတဲ့ ကစားသမားတွေနဲ့အတူ ဗန်ဒိုက်က ပိုကောင်းတဲ့ ကစားသမားတောင် ဖြစ်လာဦးမှာပါ။

ကိုယ်က ကမ္ဘာအကောင်းဆုံးတွေထဲက တစ်ဦးဖြစ်ပြီး ဘာကိုမှ သင်ယူဖို့ မလိုတော့ဘူးဆိုတာမျိုးကို မတွေးဖို့က အရေးကြီးဆုံးဖြစ်တယ်။ အဲ့တာမျိုး တွေးမိလို့ မရပါဘူး။ ကိုယ်ဆက်ပြီး သင်ယူရမှာကို ပွဲတိုင်းမှာ သင်ယူနိုင်ရမှာဖြစ်တယ်။ ဗန်ဒိုက်က အဲ့လို သင်ယူမှုတွေကို အကောင်းဆုံး လုပ်ပြနေတယ်လို့ ကျနော် မြင်ပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္နဲ႔ စီးရီးေအ ခံစစ္မွဴးေဟာင္းၾကီး ဂ်ပ္စတန္းက ၂၀၁၉ ခုႏွစ္ ဘလြန္းဒီေအာ့ဆုကို မက္ဆီက ဗန္ဒိုက္ကို ေက်ာ္ျပီး အႏုိင္ရခဲ့တာက ထိုက္တန္ပါတယ္လို႔ ဖြင့္ဟလိုက္ပါတယ္။

နယ္သာလန္သား ခံစစ္မွဴးေဟာင္းၾကီးကပဲ အေကာင္းဆံုးဆုကို မက္ဆီ အႏုိင္ရခဲ့ေပမယ့္ ဗန္ဒိုက္ေၾကာင့္ လူတိုင္းက ဗဟိုခံစစ္မွဴးေတြရဲ႕ အေရးပါမႈကို ပိုမို လက္ခံလာၾကသလို ပိုမို ေနရာေပးလာခဲ့တယ္လို႔ ဖြင့္ဟခဲ့တယ္။ ၂၀၁၈ ခုႏွစ္မွာ လီဗာပူးကို ဗန္ဒိုက္ ေပါင္ သန္း ၈၀ နဲ႔ ေျပာင္းခဲ့ျခင္းက ကမၻာစံခ်ိန္တင္ေၾကး ျဖစ္ခဲ့ျပီး ေနာက္ပိုင္းမွာ မက္ဂြဲရား၊ ဒီလစ္တို႔လို ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကးေတြ ေပးရတဲ့ ခံစစ္မွဴးေတြ ေပၚထြက္လာခဲ့ပါတယ္။

အခုခ်ိန္မွာ ကမၻာၾကီးကို ၾကည့္လိုက္မယ္ဆိုရင္ မက္ဆီက ကမၻာအေကာင္းဆံုး ကစားသမား ျဖစ္ေနဆဲပါ။ ဘလြန္းဒီေအာ့ဆုပဲျဖစ္ျဖစ္ ဆုဖလား ေအာင္ျမင္တာပဲျဖစ္ျဖစ္ မက္ဆီကို ေပးတာက မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ပါပဲ။ က်ေနာ္ သေဘာအရ အဲ့ဆုေတြကို ဗန္ဒိုက္ကို ရတာကို သေဘာက်မွာပါ။ သူက အရမ္းေကာင္းခဲ့ပါတယ္။ ဒါေပမယ့္ မက္ဆီက အေကာင္းဆံုး လုပ္ေဆာင္ခဲ့ျပီး သူနဲ႔ ထိုက္တန္တာကို ရသြားခဲ့တယ္လို႔ ထင္ပါတယ္ ” ဆိုျပီး ေျပာပါတယ္။

ဗန္ဒိုက္အေနနဲ႔ အေကာင္းဆံုး ပံုစံေတြကို ဆက္ထိန္းကာ ကမၻာအေကာင္းဆံုးေတြထဲက တစ္ဦးအျဖစ္ အျမဲတမ္း ဆက္ရွိေနလိုရင္ ပြဲစဥ္တိုင္းကေန သင္ယူမႈေတြ လုပ္ရမွာျဖစ္ျပီး ကိုယ္ဘာသာ စိတ္ၾကီးဝင္တာမ်ိဳးေတြ ျဖစ္လို႔ မရဘူးလို႔ ဂ်ပ္ စတန္းက သတိေပးခဲ့ပါေသးတယ္။

နယ္သာလန္သား ခံစစ္မွဴးေဟာင္းၾကီးက “ အေကာင္းဆံုးေတြထဲက တစ္ဦးျဖစ္ဖို႔ဆိုရင္ အျမင့္ဆံုး စြမ္းေဆာင္ရည္ေတြကို ဆက္ျပီး ထိန္းႏုိင္ရမယ္ ႏွစ္တုိင္းမွာ ျပသႏုိင္ရပါမယ္။ လီဗာပူးအသင္းမွာ သူတြဲဘက္ကစားတဲ့ ကစားသမားေတြနဲ႔အတူ ဗန္ဒိုက္က ပိုေကာင္းတဲ့ ကစားသမားေတာင္ ျဖစ္လာဦးမွာပါ။

ကိုယ္က ကမၻာအေကာင္းဆံုးေတြထဲက တစ္ဦးျဖစ္ျပီး ဘာကိုမွ သင္ယူဖို႔ မလိုေတာ့ဘူးဆိုတာမ်ိဳးကို မေတြးဖို႔က အေရးၾကီးဆံုးျဖစ္တယ္။ အဲ့တာမ်ိဳး ေတြးမိလို႔ မရပါဘူး။ ကိုယ္ဆက္ျပီး သင္ယူရမွာကို ပြဲတိုင္းမွာ သင္ယူႏုိင္ရမွာျဖစ္တယ္။ ဗန္ဒိုက္က အဲ့လို သင္ယူမႈေတြကို အေကာင္းဆံုး လုပ္ျပေနတယ္လို႔ က်ေနာ္ ျမင္ပါတယ္ ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။