ကိုဗစ် ရိုက်ခတ်မှုမှာ ဆုံးရံှူးခံပေးရမယ့် အသင်းတွေက ရှိကိုရှိတယ်လို့ ရှီးယား ဆွေးနွေး

UNIODE – ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အလန်ရှီးယားက ကိုရိုနာ ကပ်ဘေးမှာ ရိုက်ခတ်မှုမှာ အရံှူးတွေကို ရင်ဆိုင်ရမယ့် အသင်းတွေရှိပြီး အဲ့အသင်းတွေက လီဗာပူးနဲ့ လိဒ်တို့ ဖြစ်သွားနိုင်ကြောင်း ဆွေးနွေးသွားပါတယ်။

ဘောလုံးရာသီ ပြန်စတင်ဖို့ ဆွေးနွေးနေကြပေမယ့် ဒါဟာ ပြန်မစတင်နိုင်ရင်ဆိုတဲ့ အခြေအနေအတွက် ပြင်ဆင်မှုတွေ လုပ်မထားရဘူးလို့ မဆိုလိုကြောင်း ရှီးယားက ပြောပါတယ်။ အဲ့လို အနေအထား ဖြစ်လာခဲ့ရင် ဆုံးရံှူးပေးရမယ့် အသင်းတွေက ပရီးမီးယားလိဂ်ချန်ပီယံဆု လက်လွတ်ရမယ့် လီဗာပူးနဲ့ ပရီးမီးယားလိဂ် တန်းတက်ခွင့် ဆုံးရံှူးရမယ့် လိဒ်တို့ ဖြစ်တယ်လို့ ရှီးယားက မြင်နေတယ်။

အင်္ဂလန်သားကြီးက ” လူတိုင်းက အစီအစဉ် ချလိုတာပဲ ဒါပေမယ့် ဘယ်သူမှ မှန်ကန်တဲ့ အစီအစဉ်တွေကို မရနိုင်ပါဘူး။ ဒါပေမယ့် ဒါတွေကြောင့်ပဲ မတူညီတဲ့ အမြင်တွေကို မဆွေးနွေးရဘူးလို့ ပြောလို့ မရပါဘူး။ ဘယ်လို ဆုံးဖြတ်ချက်ကိုပဲ ချသည်ဖြစ်စေ အချို့လူတွေကိုတော့ စိတ်ပျက်ရမှုတွေ ဖြစ်စေဦးမှာပဲ ဖြစ်ပါတယ်။

ဘောလုံးရာသီ အပြီးမသတ်နိုင်ရင် ဆိုတဲ့ အခြေအနေက ဖြစ်နိုင်နေဆဲပါပဲ။ အဲ့လိုဖြစ်ခဲ့ရင် ကလပ်တွေကို မင်းတို့တော့ နိုင်လိုက်၊ မင်းတို့တော့ မနိုင်နဲ့ဆိုပြီး ခွဲခြားပေးလို့လည်း မရပါဘူး။ လီဗာပူးက အမှတ်ပေးဖလား အနိုင်ရသင့်တယ်ဆိုတာ ကျနေ်ာတို့အားလုံး သဘောတူပါတယ်။ ဒါပေမယ့် သူတို့ ဆုဖလားကို အမှန်တကယ် ကိုင်တွယ်နိုင်ပါ့မလား?

ကျနော် ပြောခဲ့သလိုပဲ ဆုံးဖြတ်ချက်တွေရဲ့ နောက်မှာ စိတ်ပျက်ရတဲ့ အသင်းတွေတော့ ရှိမှာပါပဲ။ အဲ့တာက လီဗာပူးအသင်း ပရီးမီးယားလိဂ်ချန်ပီယံ မဖြစ်တာ၊ လိဒ်အသင်း ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်မရတာ ဖြစ်သွားနိုင်တယ်။ မဟုတ်ရင်လည်း တန်းဆင်းဇုန်အသင်းတွေ ကြားကွင်းတွေမှာ လက်ကျန်ပွဲ ကစားပေးရတာလည်း ဖြစ်နိုင်တာပါပဲ။ ဆုံးဖြတ်ချက်တွေနောက်မှာ ဆုံးရံှူးခံရမယ့် အသင်းတွေကတော့ ရှိကို ရှိနေပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီ လက်ကျန်ပွဲတွေကို ကစားဖို့ကို ပရီးမီးယားလိဂ်ကတော့ ဦးတည်ထားပါပြီ။ ဒါပေမယ့်လည်း ရှီးယားပြောသလို ဆုံးဖြတ်ချက်တိုင်းရဲ့ နောက်ကွယ်မှာတော့ စိတ်ပျက်ရမယ့် အသင်းတွေက ရှိနေမှာ သေချာလှပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း အလန္ရွီးယားက ကိုရိုနာ ကပ္ေဘးမွာ ရိုက္ခတ္မႈမွာ အရံွဴးေတြကို ရင္ဆိုင္ရမယ့္ အသင္းေတြရွိျပီး အဲ့အသင္းေတြက လီဗာပူးနဲ႔ လိဒ္တို႔ ျဖစ္သြားႏုိင္ေၾကာင္း ေဆြးေႏြးသြားပါတယ္။

ေဘာလံုးရာသီ ျပန္စတင္ဖို႔ ေဆြးေႏြးေနၾကေပမယ့္ ဒါဟာ ျပန္မစတင္ႏုိင္ရင္ဆိုတဲ့ အေျခအေနအတြက္ ျပင္ဆင္မႈေတြ လုပ္မထားရဘူးလို႔ မဆိုလိုေၾကာင္း ရွီးယားက ေျပာပါတယ္။ အဲ့လို အေနအထား ျဖစ္လာခဲ့ရင္ ဆံုးရံွဴးေပးရမယ့္ အသင္းေတြက ပရီးမီးယားလိဂ္ခ်န္ပီယံဆု လက္လြတ္ရမယ့္ လီဗာပူးနဲ႔ ပရီးမီးယားလိဂ္ တန္းတက္ခြင့္ ဆံုးရံွဴးရမယ့္ လိဒ္တို႔ ျဖစ္တယ္လို႔ ရွီးယားက ျမင္ေနတယ္။

အဂၤလန္သားၾကီးက ” လူတိုင္းက အစီအစဥ္ ခ်လိုတာပဲ ဒါေပမယ့္ ဘယ္သူမွ မွန္ကန္တဲ့ အစီအစဥ္ေတြကို မရႏုိင္ပါဘူး။ ဒါေပမယ့္ ဒါေတြေၾကာင့္ပဲ မတူညီတဲ့ အျမင္ေတြကို မေဆြးေႏြးရဘူးလို႔ ေျပာလို႔ မရပါဘူး။ ဘယ္လို ဆံုးျဖတ္ခ်က္ကိုပဲ ခ်သည္ျဖစ္ေစ အခ်ိဳ႕လူေတြကိုေတာ့ စိတ္ပ်က္ရမႈေတြ ျဖစ္ေစဦးမွာပဲ ျဖစ္ပါတယ္။

ေဘာလံုးရာသီ အျပီးမသတ္ႏုိင္ရင္ ဆိုတဲ့ အေျခအေနက ျဖစ္ႏုိင္ေနဆဲပါပဲ။ အဲ့လိုျဖစ္ခဲ့ရင္ ကလပ္ေတြကို မင္းတို႔ေတာ့ ႏုိင္လိုက္၊ မင္းတို႔ေတာ့ မႏိုင္နဲ႔ဆိုျပီး ခြဲျခားေပးလို႔လည္း မရပါဘူး။ လီဗာပူးက အမွတ္ေပးဖလား အႏုိင္ရသင့္တယ္ဆိုတာ က်ေန္ာတုိ႔အားလံုး သေဘာတူပါတယ္။ ဒါေပမယ့္ သူတို႔ ဆုဖလားကို အမွန္တကယ္ ကိုင္တြယ္ႏုိင္ပါ့မလား?

က်ေနာ္ ေျပာခဲ့သလိုပဲ ဆံုးျဖတ္ခ်က္ေတြရဲ႕ ေနာက္မွာ စိတ္ပ်က္ရတဲ့ အသင္းေတြေတာ့ ရွိမွာပါပဲ။ အဲ့တာက လီဗာပူးအသင္း ပရီးမီးယားလိဂ္ခ်န္ပီယံ မျဖစ္တာ၊ လိဒ္အသင္း ပရီးမီးယားလိဂ္ကို တန္းတက္ခြင့္မရတာ ျဖစ္သြားႏုိင္တယ္။ မဟုတ္ရင္လည္း တန္းဆင္းဇုန္အသင္းေတြ ၾကားကြင္းေတြမွာ လက္က်န္ပြဲ ကစားေပးရတာလည္း ျဖစ္ႏုိင္တာပါပဲ။ ဆံုးျဖတ္ခ်က္ေတြေနာက္မွာ ဆံုးရံွဴးခံရမယ့္ အသင္းေတြကေတာ့ ရွိကို ရွိေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ လက္က်န္ပြဲေတြကို ကစားဖို႔ကို ပရီးမီးယားလိဂ္ကေတာ့ ဦးတည္ထားပါျပီ။ ဒါေပမယ့္လည္း ရွီးယားေျပာသလို ဆံုးျဖတ္ခ်က္တိုင္းရဲ႕ ေနာက္ကြယ္မွာေတာ့ စိတ္ပ်က္ရမယ့္ အသင္းေတြက ရွိေနမွာ ေသခ်ာလွပါတယ္။