ရှက်ဖီးဂိုး ဒင်းဟန်ဒါဆန်ကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ထိခိုက်မှာ စိုးရိမ်နေတဲ့ မန်ယူနိုက်တက်

UNICODE – ယူနိုက်တက်ဟာ ဘောလုံးရာသီတွေ ပြန်စလာခဲ့မယ်ဆိုရင် ရှက်ဖီးယူနိုက်တက်မှာ လက်စွမ်းပြနေတဲ့ ဒင်းဟန်ဒါဆန်ကြောင့် ခေါင်းခဲစရာ ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်နေပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဟာ မေလထဲမှာ လေ့ကျင့်ရေး ပြန်စပြီး ဇွန်လထဲမှာ ဘောလုံးကစားဖို့ ပြင်ဆင်နေကြတာပါ။ ဘောလုံးပွဲတွေ ပြန်စရေးကို ဦးတည်နေပေမယ့်လို့ ဇွန်လ ၁ ရက်နေ့မှာ အငှားစာချုပ်တွေ ကုန်ဆုံးကြမယ့် ကစားသမားတွေကို ဘယ်လို စီမံမလဲဆိုတဲ့ ကိစ္စကို ရှင်းလင်းစွာ သိလာရခြင်း မရှိသေးပါဘူး။

မန်ချက်စတာ ယူနိုက်တက်ဟာ ရှက်ဖီးယူနိုက်တက်ကို ဂိုးသမား ဒင်းဟန်ဒါဆန်အား အငှားချထားပြီး နှစ်သင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်မှာ အပြိုင်ဖြစ်နေကြတာဖြစ်တယ်။ အဆင့် ၇ မှတ် ရမှတ် ၄၃ မှတ်နဲ့ ရပ်တည်နေတဲ့ ရှက်ဖီးက အဆင့် ၅ မှာ ယူနိုက်တက်ထက် တစ်ပွဲလျော့ပြီး ၂၈ ပွဲပဲ ကစားထားရသေးတာဖြစ်တယ်။ လက်ကျန်ရာသီမှာ သူတို့ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်နိုင်နေဆဲပါ။

ရှက်ဖီးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် စိန်ခေါ်လာမှုမှာ အဓိကကျသူက ဟန်ဒါဆန်လည်း ဖြစ်ဝင်ပြီး သူဟာ ဒီရာသီရဲ့ အကောင်းဆုံး ဂိုးသမားဖြစ်သလို clean-sheets အများဆုံး ရထားသူလည်းဖြစ်တယ်။ ရှက်ဖီးမှာ ဟန်ဒါဆန်ကို ဆက်လက် တောက်ပခွင့်ပေးတာက ပေါင် သန်း ၆၀ လောက် ရနိုင်တဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဘက်တစ်သင်းကို ထပ်မံ အခွင့်အရေးပေးသလို ဖြစ်နေပါတယ်။

ရှက်ဖီးဘက်က ရာသီအကုန်မှာ ဒင်းဟန်ဒါဆန်ကို နောက်ထပ် တစ်နှစ် အငှားခေါ်ယူခွင့်ကို ကမ်းလှမ်းလိုနေပြီး ယိူု ၂၀၂၀ ပြိုင်ပွဲအတွက် အင်္ဂလန်မှာ နေရာရလိုတဲ့ ဟန်ဒါဆန်ကလည်း ပုံမှန်ပွဲထွက်ခွင့်ကို ဆက်ယူလိုနေပါတယ်။ ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် စိန်ခေါ်မယ့် ရှက်ဖီးမှာပဲ ဟန်ဒါဆန်ကို ရာသီကုန်ထိ ဆက်ကစားစေဖို့ ခွင့်ပြုရဖွယ် ရှိနေတယ်လို့တော့ သိထားရပါတယ်။

ZAWGYI – ယူႏုိက္တက္ဟာ ေဘာလံုးရာသီေတြ ျပန္စလာခဲ့မယ္ဆိုရင္ ရွက္ဖီးယူႏုိက္တက္မွာ လက္စြမ္းျပေနတဲ့ ဒင္းဟန္ဒါဆန္ေၾကာင့္ ေခါင္းခဲစရာ ျပႆနာေတြ ျဖစ္လာမွာကို စိုးရိမ္ေနပါတယ္။

ပရီးမီးယားလိဂ္ကလပ္ေတြဟာ ေမလထဲမွာ ေလ့က်င့္ေရး ျပန္စျပီး ဇြန္လထဲမွာ ေဘာလံုးကစားဖို႔ ျပင္ဆင္ေနၾကတာပါ။ ေဘာလံုးပြဲေတြ ျပန္စေရးကို ဦးတည္ေနေပမယ့္လို႔ ဇြန္လ ၁ ရက္ေန႔မွာ အငွားစာခ်ဳပ္ေတြ ကုန္ဆံုးၾကမယ့္ ကစားသမားေတြကို ဘယ္လို စီမံမလဲဆိုတဲ့ ကိစၥကို ရွင္းလင္းစြာ သိလာရျခင္း မရွိေသးပါဘူး။

မန္ခ်က္စတာ ယူႏုိက္တက္ဟာ ရွက္ဖီးယူႏုိက္တက္ကို ဂိုးသမား ဒင္းဟန္ဒါဆန္အား အငွားခ်ထားျပီး ႏွစ္သင္းဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္မွာ အျပိဳင္ျဖစ္ေနၾကတာျဖစ္တယ္။ အဆင့္ ၇ မွတ္ ရမွတ္ ၄၃ မွတ္နဲ႔ ရပ္တည္ေနတဲ့ ရွက္ဖီးက အဆင့္ ၅ မွာ ယူႏုိက္တက္ထက္ တစ္ပြဲေလ်ာ့ျပီး ၂၈ ပြဲပဲ ကစားထားရေသးတာျဖစ္တယ္။ လက္က်န္ရာသီမွာ သူတို႔ကလည္း ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ေမွ်ာ္လင့္ႏုိင္ေနဆဲပါ။

ရွက္ဖီးရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ စိန္ေခၚလာမႈမွာ အဓိကက်သူက ဟန္ဒါဆန္လည္း ျဖစ္ဝင္ျပီး သူဟာ ဒီရာသီရဲ႕ အေကာင္းဆံုး ဂိုးသမားျဖစ္သလို clean-sheets အမ်ားဆံုး ရထားသူလည္းျဖစ္တယ္။ ရွက္ဖီးမွာ ဟန္ဒါဆန္ကို ဆက္လက္ ေတာက္ပခြင့္ေပးတာက ေပါင္ သန္း ၆၀ ေလာက္ ရႏုိင္တဲ့ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ျပိဳင္ဘက္တစ္သင္းကို ထပ္မံ အခြင့္အေရးေပးသလို ျဖစ္ေနပါတယ္။

ရွက္ဖီးဘက္က ရာသီအကုန္မွာ ဒင္းဟန္ဒါဆန္ကို ေနာက္ထပ္ တစ္ႏွစ္ အငွားေခၚယူခြင့္ကို ကမ္းလွမ္းလိုေနျပီး ယူို ၂၀၂၀ ျပိဳင္ပြဲအတြက္ အဂၤလန္မွာ ေနရာရလိုတဲ့ ဟန္ဒါဆန္ကလည္း ပံုမွန္ပြဲထြက္ခြင့္ကို ဆက္ယူလိုေနပါတယ္။ ယူႏုိက္တက္အေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ စိန္ေခၚမယ့္ ရွက္ဖီးမွာပဲ ဟန္ဒါဆန္ကို ရာသီကုန္ထိ ဆက္ကစားေစဖို႔ ခြင့္ျပဳရဖြယ္ ရွိေနတယ္လို႔ေတာ့ သိထားရပါတယ္။