“ချယ်ဆီးက ရိုက်ကို လိုချင်တယ် ကြားတယ် ဒါဆိုရင် ဂေလ်းမားကို ပြန်ပေးပေါ့” ဆိုတဲ့ မိုးယက်စ်

UNICODE – ချယ်ဆီးအသင်းမှာ တောက်ပနေပြီး ဒီရာသီ ပွဲထွက် လူစာရင်းကနေ ၄ ကြိမ်ပါဝင်ထားကာ ၇ ကြိမ် ပွဲထွက်ထားတဲ့ ၁၈ နှစ်သားလေး ဂေလ်းမားကို နှစ်သက်သူတွေထဲမှာ ဒါဘီပြိုင်ဘက် ဝက်ဟမ်းမန်နေဂျာ မိုးယက်စ်လည်း ပါဝင်နေပါတယ်။

စကော့တလန်သား မန်နေဂျာကြီး မိုးယက်စ်က သူ လက်မှတ်ထိုးခွင့်ရှိမယ်ဆိုရင် ခေါ်ယူလိုတဲ့ ကစားသမားက ဂေလ်းမားဖြစ်ကြောင်းပါ ပြောဆိုခဲ့ပြီး ဘောလုံးကို မြတ်နိုးကာ ဆာလောင်မှုတွေ ပြင်းပြနေတဲ့ ဂေလ်းမားကို နှစ်သက်ကြောင်း ဖွင့်ဟခဲ့တယ်။

မိုးယက်စ်က ” ကျနော် လက်မှတ်ထိုးလိုရရင် ခေါ်ယူလိုတဲ့ ကစားသမားက ချယ်ဆီးမှာ တောက်ပတဲ့ စွမ်းဆောင်ရည်တွေ ပြသနေတဲ့ ဂေလ်းမားပဲ ဖြစ်ပါတယ်။ သူ့ကို ကြည့်ရတာက ပရိုတစ်ယောက်လိုပါပဲ၊ ဆာလောင်မှုရှိသလို ဘောလုံးအပေါ် မြတ်နိုးမှုလည်း ရှိပါတယ်။ ” လို့ ပြောပါတယ်။

စကော့တလန် ယူ-၂၁ အသင်းမှာ ရွေးချယ်ခံထားရတဲ့ ဂေလ်းမားက ချယ်ဆီး စီနီယာအသင်းမှာ တောက်ပလာခဲ့သူပါ။ သူ့ရဲ့ တောက်ပမှုတွေကြောင့် နောက်ဆုတ်ထားတဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ စကော့တလန်နဲ့ အစ္စရေးပွဲမှာ လက်ရွေးစင်အဆင့် ရွေးချယ်ခ့ရဖို့တောင် သတင်းထွက်နေပါတယ်။

မိုးယက်စ်ကတော့ ရိန်းဂျားလူငယ် အစီအစဉ်တွေကနေ ပေါ်ထွက်လာတဲ့ ဂေလ်းမားကို ရမယ်ဆိုရင် ရိုက်ကိုတောင် လက်လွတ်ပေးခံနိုင်ပါကြောင်း အရွှန်းဖောက်မှုကိုလည်း လုပ်သွားခဲ့ပါသေးတယ်။

မိုးယက်စ်က ပြောရာမှာ ” ဂေလ်းမားက နှစ်တွေအများကြီးမှာ စကော့တလန် ကစားသမားတွေ ကစားခဲ့ကြတဲ့ ပုံစံကို ပြန်အမှတ်ရမိစေတဲ့ ကစားသမား ဖြစ်ပါတယ်။ ကျနေ်ာတို့မှာ အရမ်းကောင်းတဲ့ ကစားသမားတွေ၊ တကယ်ကို ထူးချွန်တဲ့ ကစားသမားတွေ ရှိခဲ့ကြတယ်။ ဂေလ်းမားက အဲ့သည်လို ကစားသမားတွေကို ပြန်ပြီး မြင်ယောင်လာစေပါတယ်။

စကော့တလန် လက်ရွေးစင်အသင်းအတွက် မျှော်လင့်ချက်တွေကို ပေးမယ့် ကစားသမားတွေကို နေရာပေးဖို့ လိုပါတယ်။ ဂေလ်းမားက အဲ့လို အရည်အချင်းရှိတဲ့ ကစားသမားဖြစ်ပါတယ်။ ချယ်ဆီးက ရိုက်ကို အလိုရှိတယ်လို့ ကြားတော့ ကျနော် ရယ်မိတယ်။ ဒီတော့ ကျနော် ဆုံးဖြတ်ပေးပါမယ်။ ရိုက်အတွက် ဂေလ်းမားကို လိုချင်ပါတယ် ဒါဆိုရင် အပြောင်းအရွှေ့ ဖြစ်ပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI – ခ်ယ္ဆီးအသင္းမွာ ေတာက္ပေနျပီး ဒီရာသီ ပြဲထြက္ လူစာရင္းကေန ၄ ၾကိမ္ပါဝင္ထားကာ ၇ ၾကိမ္ ပြဲထြက္ထားတဲ့ ၁၈ ႏွစ္သားေလး ေဂလ္းမားကို ႏွစ္သက္သူေတြထဲမွာ ဒါဘီျပိဳင္ဘက္ ဝက္ဟမ္းမန္ေနဂ်ာ မိုးယက္စ္လည္း ပါဝင္ေနပါတယ္။

စေကာ့တလန္သား မန္ေနဂ်ာၾကီး မိုးယက္စ္က သူ လက္မွတ္ထိုးခြင့္ရွိမယ္ဆိုရင္ ေခၚယူလိုတဲ့ ကစားသမားက ေဂလ္းမားျဖစ္ေၾကာင္းပါ ေျပာဆိုခဲ့ျပီး ေဘာလံုးကို ျမတ္ႏိုးကာ ဆာေလာင္မႈေတြ ျပင္းျပေနတဲ့ ေဂလ္းမားကို ႏွစ္သက္ေၾကာင္း ဖြင့္ဟခဲ့တယ္။

မိုးယက္စ္က ” က်ေနာ္ လက္မွတ္ထိုးလိုရရင္ ေခၚယူလိုတဲ့ ကစားသမားက ခ်ယ္ဆီးမွာ ေတာက္ပတဲ့ စြမ္းေဆာင္ရည္ေတြ ျပသေနတဲ့ ေဂလ္းမားပဲ ျဖစ္ပါတယ္။ သူ႔ကို ၾကည့္ရတာက ပရိုတစ္ေယာက္လိုပါပဲ၊ ဆာေလာင္မႈရွိသလို ေဘာလံုးအေပၚ ျမတ္ႏိုးမႈလည္း ရွိပါတယ္။ ” လို႔ ေျပာပါတယ္။

စေကာ့တလန္ ယူ-၂၁ အသင္းမွာ ေရြးခ်ယ္ခံထားရတဲ့ ေဂလ္းမားက ခ်ယ္ဆီး စီနီယာအသင္းမွာ ေတာက္ပလာခဲ့သူပါ။ သူ႔ရဲ႕ ေတာက္ပမႈေတြေၾကာင့္ ေနာက္ဆုတ္ထားတဲ့ ယူရို ၂၀၂၀ ေျခစစ္ပြဲ စေကာ့တလန္နဲ႔ အစၥေရးပြဲမွာ လက္ေရြးစင္အဆင့္ ေရြးခ်ယ္ခ့ရဖို႔ေတာင္ သတင္းထြက္ေနပါတယ္။

မိုးယက္စ္ကေတာ့ ရိန္းဂ်ားလူငယ္ အစီအစဥ္ေတြကေန ေပၚထြက္လာတဲ့ ေဂလ္းမားကို ရမယ္ဆိုရင္ ရိုက္ကိုေတာင္ လက္လြတ္ေပးခံႏုိင္ပါေၾကာင္း အရႊန္းေဖာက္မႈကိုလည္း လုပ္သြားခဲ့ပါေသးတယ္။

မိုးယက္စ္က ေျပာရာမွာ ” ေဂလ္းမားက ႏွစ္ေတြအမ်ားၾကီးမွာ စေကာ့တလန္ ကစားသမားေတြ ကစားခဲ့ၾကတဲ့ ပံုစံကို ျပန္အမွတ္ရမိေစတဲ့ ကစားသမား ျဖစ္ပါတယ္။ က်ေန္ာတို႔မွာ အရမ္းေကာင္းတဲ့ ကစားသမားေတြ၊ တကယ္ကို ထူးခၽြန္တဲ့ ကစားသမားေတြ ရွိခဲ့ၾကတယ္။ ေဂလ္းမားက အဲ့သည္လို ကစားသမားေတြကို ျပန္ျပီး ျမင္ေယာင္လာေစပါတယ္။

စေကာ့တလန္ လက္ေရြးစင္အသင္းအတြက္ ေမွ်ာ္လင့္ခ်က္ေတြကို ေပးမယ့္ ကစားသမားေတြကို ေနရာေပးဖို႔ လိုပါတယ္။ ေဂလ္းမားက အဲ့လို အရည္အခ်င္းရွိတဲ့ ကစားသမားျဖစ္ပါတယ္။ ခ်ယ္ဆီးက ရိုက္ကို အလိုရွိတယ္လို႔ ၾကားေတာ့ က်ေနာ္ ရယ္မိတယ္။ ဒီေတာ့ က်ေနာ္ ဆံုးျဖတ္ေပးပါမယ္။ ရိုက္အတြက္ ေဂလ္းမားကို လိုခ်င္ပါတယ္ ဒါဆိုရင္ အေျပာင္းအေရႊ႔ ျဖစ္ပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။