လီဗာပူးဘက်က တီမိုဝါနာရဲ့ ကိုယ်စားလှယ်ကို ဆက်သွယ်ပြီး တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့

UNICODE – လီဗာပူးအသင်းဟာ ဂျာမနီတိုက်စစ်သမား တီမိုဝါနာရဲ့ ကိုယ်စားလှယ်ဖြစ်သူနဲ့ တွေ့ဆုံခဲ့ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို လုပ်ဖို့အတွက် အချိန်ပေးဖို့ တောင်းဆိုခဲ့ခြင်းဖြစ်တယ်လို့ ဂါးဒီးယန်းသတင်းထောက် Fabrizio Romano က အတည်ပြုလိုက်ပါတယ်။

ကိုဗစ်ကာလမှာ နွေဈေးကွက်ကို ဘယ်အချိန် ဖွင့်မလဲဆိုတာကို တရားဝင် မသိရသေးပါဘူး။ ကပ်ဘေးရဲ့ သက်ရောက်မှုအဖြစ် ဝါနာကို ခေါ်ယူဖို့ ကိစ္စမှာ အချိန်ပေးဖို့ ကစားသမားရဲ့ ကိုယ်စားလှယ်ကနေတစ်ဆင့် တီမို ဝါနာကို လီဗာပူးဘက်က တောင်းဆိုခဲ့ခြင်း ဖြစ်တယ်လို့ သိရတယ်။

လိုက်ဇစ်မှာ ၄ ရာသီ ကျင်လည်ခဲ့တဲ့ ဝါနာကို ခေါ်ယူဖို့ လီဗာပူးက အရေးသာနေတဲ့ အခြေအနေဖြစ်ပြီး ကုန်ခဲ့တဲ့ လတွေမှာ အပြောင်းအရွှေ့အတွက် ချိတ်ဆက်မှုတွေလည်း လုပ်ထားခဲ့ကာ ကစားသမားနဲ့ စာချုပ်ကိစ္စကိုတောင် သဘောတူညီမှု ရထားပြီလို့လည်း သတင်းထွက်ထားပါတယ်။ ရက်ပိုင်းတုန်းကတော့ တီမိုဝါနာက ဘိုင်ယန်မြူးနစ်ကို ပြောင်းမှာ မဟုတ်ကြောင်းနဲ့ ဂျာမနီပြင်ပထွက် ကစားမယ်လို့လည်း တရားဝင် ထုတ်ပြောသွားပါတယ်။

တီမိုဝါနာရဲ့ စာချုပ်ပါ ပြောင်းရွှေ့ကြေးက ပေါင် ၅၂.၇ သန်း (ယူရို သန်း ၆၀) ဖြစ်တယ်။ လီဗာပူးအသင်းက ဈေးကွက် မဖွင့်ခင်မှာ ညိနှိုင်းမှုတွေကို အပြီးသတ်ထားရမှာ ဖြစ်ပေမယ့် ပုံမှန် နွေးဈေးကွက် ဖွင့်ချိန်ကလည်း ပြောင်းလဲသွားဖွယ် ရှိနေတယ်။ ဒါ့အပြင် လီဗာပူးအသင်း ကိုယ်တိုင်ကလည်း ဝါနာအတွက် ယူရို သန်း ၆၀ လုံး ပေးဖို့ အခက်အခဲဖြစ်နေပါတယ်။

ဥရောပအသင်းတိုင်းဟာ နွေးဈေးကွက်မှာ ကစားသမား ခေါ်ယူမှုတွေကို စာချုပ်တွေမှာ ပါဝင်ထားတဲ့ ဖျက်သိမ်းကြေးအတိုင်း ပေးဖို့က အဆင်မပြေ ဖြစ်နေကြတယ်။ ကလပ် အများအပြားဟာဆိုရင် ပြောင်းရွှေ့ကြေးတွေအစား ကစားသမား အလိုက်ပေးမှုတွေနဲ့ အလဲအထပ်တွေလုပ်ဖို့ ပြင်ဆင်ထားပြီး ဘာစီလိုနာ ကိုယ်တိုင်ကလည်း အဆိုပါ အစီအစဉ်မျိုး ပုံကြမ်း ရေးဆွဲနေပါတယ်။

လီဗာပူးဘက်က ဝါနာကို ယူရို သန်း ၆၀ ထက် နည်းတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ အခွင့်အရေး ရှာခြင်း လုပ်ဆောင်နိုင်တယ်။ မဟုတ်ရင်လည်း ဈေးကွက်ဖွင့်ချိန်မှာ ကစားသမား ရောင်းထုတ်မှုတွေ အရင်လုပ်ပြီး ပြောင်းရွှေ့ကြေးရမှ ဝါနာကို ခေါ်ယူခြင်းမျိုး လုပ်ဖို့ကို စီစဉ်လာတယ်လို့ သိရပါတယ်။

ZAWGYI – လီဗာပူးအသင္းဟာ ဂ်ာမနီတိုက္စစ္သမား တီမိုဝါနာရဲ႕ ကိုယ္စားလွယ္ျဖစ္သူနဲ႔ ေတြ႔ဆံုခဲ့ျပီး ေနာက္ဆံုး ဆံုးျဖတ္ခ်က္ကို လုပ္ဖို႔အတြက္ အခ်ိန္ေပးဖို႔ ေတာင္းဆိုခဲ့ျခင္းျဖစ္တယ္လို႔ ဂါးဒီးယန္းသတင္းေထာက္ Fabrizio Romano က အတည္ျပဳလိုက္ပါတယ္။

ကိုဗစ္ကာလမွာ ေႏြေစ်းကြက္ကို ဘယ္အခ်ိန္ ဖြင့္မလဲဆိုတာကို တရားဝင္ မသိရေသးပါဘူး။ ကပ္ေဘးရဲ႕ သက္ေရာက္မႈအျဖစ္ ဝါနာကို ေခၚယူဖို႔ ကိစၥမွာ အခ်ိန္ေပးဖို႔ ကစားသမားရဲ႕ ကိုယ္စားလွယ္ကေနတစ္ဆင့္ တီမို ဝါနာကို လီဗာပူးဘက္က ေတာင္းဆိုခဲ့ျခင္း ျဖစ္တယ္လို႔ သိရတယ္။

လိုက္ဇစ္မွာ ၄ ရာသီ က်င္လည္ခဲ့တဲ့ ဝါနာကို ေခၚယူဖို႔ လီဗာပူးက အေရးသာေနတဲ့ အေျခအေနျဖစ္ျပီး ကုန္ခဲ့တဲ့ လေတြမွာ အေျပာင္းအေရႊ႔အတြက္ ခ်ိတ္ဆက္မႈေတြလည္း လုပ္ထားခဲ့ကာ ကစားသမားနဲ႔ စာခ်ဳပ္ကိစၥကိုေတာင္ သေဘာတူညီမႈ ရထားျပီလို႔လည္း သတင္းထြက္ထားပါတယ္။ ရက္ပိုင္းတုန္းကေတာ့ တီမိုဝါနာက ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းမွာ မဟုတ္ေၾကာင္းနဲ႔ ဂ်ာမနီျပင္ပထြက္ ကစားမယ္လို႔လည္း တရားဝင္ ထုတ္ေျပာသြားပါတယ္။

တီမိုဝါနာရဲ႕ စာခ်ဳပ္ပါ ေျပာင္းေရႊ႔ေၾကးက ေပါင္ ၅၂.၇ သန္း (ယူရို သန္း ၆၀) ျဖစ္တယ္။ လီဗာပူးအသင္းက ေစ်းကြက္ မဖြင့္ခင္မွာ ညိႏိႈင္းမႈေတြကို အျပီးသတ္ထားရမွာ ျဖစ္ေပမယ့္ ပံုမွန္ ေႏြးေစ်းကြက္ ဖြင့္ခ်ိန္ကလည္း ေျပာင္းလဲသြားဖြယ္ ရွိေနတယ္။ ဒါ့အျပင္ လီဗာပူးအသင္း ကိုယ္တိုင္ကလည္း ဝါနာအတြက္ ယူရို သန္း ၆၀ လံုး ေပးဖို႔ အခက္အခဲျဖစ္ေနပါတယ္။

ဥေရာပအသင္းတိုင္းဟာ ေႏြးေစ်းကြက္မွာ ကစားသမား ေခၚယူမႈေတြကို စာခ်ဳပ္ေတြမွာ ပါဝင္ထားတဲ့ ဖ်က္သိမ္းေၾကးအတိုင္း ေပးဖို႔က အဆင္မေျပ ျဖစ္ေနၾကတယ္။ ကလပ္ အမ်ားအျပားဟာဆိုရင္ ေျပာင္းေရႊ႔ေၾကးေတြအစား ကစားသမား အလိုက္ေပးမႈေတြနဲ႔ အလဲအထပ္ေတြလုပ္ဖို႔ ျပင္ဆင္ထားျပီး ဘာစီလိုနာ ကိုယ္တုိင္ကလည္း အဆိုပါ အစီအစဥ္မ်ိဳး ပံုၾကမ္း ေရးဆြဲေနပါတယ္။

လီဗာပူးဘက္က ဝါနာကို ယူရို သန္း ၆၀ ထက္ နည္းတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ ေခၚယူႏုိင္ဖို႔ အခြင့္အေရး ရွာျခင္း လုပ္ေဆာင္ႏုိင္တယ္။ မဟုတ္ရင္လည္း ေစ်းကြက္ဖြင့္ခ်ိန္မွာ ကစားသမား ေရာင္းထုတ္မႈေတြ အရင္လုပ္ျပီး ေျပာင္းေရႊ႔ေၾကးရမွ ဝါနာကို ေခၚယူျခင္းမ်ိဳး လုပ္ဖို႔ကို စီစဥ္လာတယ္လို႔ သိရပါတယ္။