ရော်နယ်ဒင်ဟိုကို ကြိုက်ပေမယ့် အင်နီယေစတာကိုပဲ အထင်ကြီး အတုယူတယ်ဆိုတဲ့ ဖာနန်ဒက်စ်

UNICODE – ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်က သူဟာ စပိန် ဂန္တဝင်ကြီး အင်နီယေစတာကို အထင်ကြီးသူဖြစ်ပြီး ဘာစီလိုနာ ကစားသမားဟောင်းကြီးရဲ့ ကစားဟန်က သူ့အပေါ် လွှမ်းမိုးမှုရှိကြောင်း ဝန်ခံလိုက်ပါတယ်။

ကစားကွင်းတွေမှာ တိုးတက်လာဖို့အတွက် အင်နီယေစတာရဲ့ ကစားဟန်တွေက သူ့အပေါ် လွှမ်းမိုးမှု ကြီးခဲ့ကြောင်း ဖာနန်ဒက်စ်က ဆိုတယ်။ စပိန်သားကြီးဟာ ဘာစီလိုနာမှာ နှစ်တွေ အကြာကြီး တောက်ပခဲ့သူဖြစ်ကာ မက်ဆီရဲ့ ကမ္ဘာအကောင်းဆုံး ကာလတွေ ပိုမို တောက်ပဖို့ ပံ့ပိုးမှုတွေ ပေးခဲ့တဲ့ ကွင်းလယ်လူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဖာနန်ဒက်စ်က အသက် ၃၅ နှစ် အရွယ် ကွင်းလယ်လူကို အချိန်အကြာကြီး စောင့်ကြည့် လေ့လာခဲ့ရပါကြောင်းနဲ့ သူ့ရဲ့ပွဲတွေမှာ အကောင်းဆုံး လုပ်ဆောင်ပြနိုင်ဖို့အတွက် အင်နီယေစတာက ရိုးမော်ဒယ်တစ်ဦး ဖြစ်ခဲ့ပါကြောင်းကို မန်ချက်စတာယူနိုက်တက် ဝဘ်ဆိုဒ်ကနေ ထုတ်ဖော် ပြောဆိုပါတယ်။

ဖာနန်ဒက်စ်က “ ကျနော် စောင့်ကြည့်ခဲ့ရပြီး အတုယူလိုတဲ့ ကစားသမားက အင်နီယေစတာပါပဲ။ ဘာလို့လည်းဆိုတော့ အင်နီယေစတာဟာ နံပါတ် ၈ နဲ့ နံပါတ် ၁၀ ကွင်းလယ်လူတွေကို ရောမွှေထားတဲ့ ကစားဟန် ရှိသူဖြစ်တယ်။ ကွင်းလယ် နံပါတ် ၈ နဲ့ နံပါတ် ၁၀ ကြား ကစားတဲ့ ကွင်းလယ်လူ နေရာမှာ ကျနော် ပိုကောင်းကောင်း ကစားနိုင်ပါတယ်။

အင်နီယေစတာက ဘောလုံး ကိုင်ကစားရတာကို ကြိုက်တယ်၊ စွန့်စားကစားရတာကြိုက်တယ်။ အင်နီယေစတာက ကမ္ဘာပေါ်မှာ အကောင်းဆုံးတွေထဲက တစ်ဦးပါပဲ။ ဘလွန်းဒီအော့ဆု အနိုင်မရပါပဲ သူ့ရဲ့ ကစားသမားဘဝကို အဆုံးသတ်ခ့တဲ့ အင်နီယေစတာက ကျနော်အတွက်တော့ အထင်ကြီးဖို့ ကောင်းလွန်းပါတယ်။ သူ အနိုင်ရခဲ့တာတွေ အားလုံးက ကျနော်အတွက်တော့ နားလည်ရ ခက်ခဲလွန်းပါတယ်။

ကစားသမားတွေ အများကြီးကို ကျနော် ကြည့်ခဲ့ပါတယ်။ အစောပိုင်း နှစ်တွေတုန်းကဆိုရင် အခြားသော လူတိုင်းလိုပဲ ကျနော် အမြဲ စောင့်ကြည့်တဲ့ ကစားသမားက ရော်နယ်ဒင်ဟို ဖြစ်ခဲ့ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္ ကြင္းလယ္လူ ဖာနန္ဒက္စ္က သူဟာ စပိန္ ဂႏၱဝင္ၾကီး အင္နီေယစတာကို အထင္ၾကီးသူျဖစ္ျပီး ဘာစီလိုနာ ကစားသမားေဟာင္းၾကီးရဲ႕ ကစားဟန္က သူ႔အေပၚ လႊမ္းမိုးမႈရွိေၾကာင္း ဝန္ခံလိုက္ပါတယ္။

ကစားကြင္းေတြမွာ တိုးတက္လာဖို႔အတြက္ အင္နီေယစတာရဲ႕ ကစားဟန္ေတြက သူ႔အေပၚ လႊမ္းမိုးမႈ ၾကီးခဲ့ေၾကာင္း ဖာနန္ဒက္စ္က ဆိုတယ္။ စပိန္သားၾကီးဟာ ဘာစီလိုနာမွာ ႏွစ္ေတြ အၾကာၾကီး ေတာက္ပခဲ့သူျဖစ္ကာ မက္ဆီရဲ႕ ကမၻာအေကာင္းဆံုး ကာလေတြ ပိုမို ေတာက္ပဖို႔ ပံ့ပိုးမႈေတြ ေပးခဲ့တဲ့ ကြင္းလယ္လူ တစ္ဦးလည္း ျဖစ္ပါတယ္။

ဖာနန္ဒက္စ္က အသက္ ၃၅ ႏွစ္ အရြယ္ ကြင္းလယ္လူကို အခ်ိန္အၾကာၾကီး ေစာင့္ၾကည့္ ေလ့လာခဲ့ရပါေၾကာင္းနဲ႔ သူ႔ရဲ႕ပြဲေတြမွာ အေကာင္းဆံုး လုပ္ေဆာင္ျပႏုိင္ဖို႔အတြက္ အင္နီေယစတာက ရိုးေမာ္ဒယ္တစ္ဦး ျဖစ္ခဲ့ပါေၾကာင္းကို မန္ခ်က္စတာယူႏုိက္တက္ ဝဘ္ဆိုဒ္ကေန ထုတ္ေဖာ္ ေျပာဆိုပါတယ္။

ဖာနန္ဒက္စ္က “ က်ေနာ္ ေစာင့္ၾကည့္ခဲ့ရျပီး အတုယူလိုတဲ့ ကစားသမားက အင္နီေယစတာပါပဲ။ ဘာလို႔လည္းဆိုေတာ့ အင္နီေယစတာဟာ နံပါတ္ ၈ နဲ႔ နံပါတ္ ၁၀ ကြင္းလယ္လူေတြကို ေရာေမႊထားတဲ့ ကစားဟန္ ရွိသူျဖစ္တယ္။ ကြင္းလယ္ နံပါတ္ ၈ နဲ႔ နံပါတ္ ၁၀ ၾကား ကစားတဲ့ ကြင္းလယ္လူ ေနရာမွာ က်ေနာ္ ပိုေကာင္းေကာင္း ကစားႏုိင္ပါတယ္။

အင္နီေယစတာက ေဘာလံုး ကိုင္ကစားရတာကို ၾကိဳက္တယ္၊ စြန္႔စားကစားရတာၾကိဳက္တယ္။ အင္နီေယစတာက ကမၻာေပၚမွာ အေကာင္းဆံုးေတြထဲက တစ္ဦးပါပဲ။ ဘလြန္းဒီေအာ့ဆု အႏုိင္မရပါပဲ သူ႔ရဲ႕ ကစားသမားဘဝကို အဆံုးသတ္ခ့တဲ့ အင္နီေယစတာက က်ေနာ္အတြက္ေတာ့ အထင္ၾကီးဖို႔ ေကာင္းလြန္းပါတယ္။ သူ အႏုိင္ရခဲ့တာေတြ အားလံုးက က်ေနာ္အတြက္ေတာ့ နားလည္ရ ခက္ခဲလြန္းပါတယ္။

ကစားသမားေတြ အမ်ားၾကီးကို က်ေနာ္ ၾကည့္ခဲ့ပါတယ္။ အေစာပိုင္း ႏွစ္ေတြတုန္းကဆိုရင္ အျခားေသာ လူတိုင္းလိုပဲ က်ေနာ္ အျမဲ ေစာင့္ၾကည့္တဲ့ ကစားသမားက ေရာ္နယ္ဒင္ဟို ျဖစ္ခဲ့ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။