ပရီးမီးယားလိဂ်ကို ချန်နယ်တွေ အခမဲ့ ထုတ်လွှင့်မှာဖြစ်ပြီး တန်းဆင်းစနစ် ပယ်ဖျက်ခြင်း ငြင်းဆန်မည်

UNICODE – ပရီးမီးယားလိဂ်ကို ပြန်လည်စတင်တဲ့အခါမှာ ကြားကွင်းတွေမှာ ကစားဖို့ကိစ္စအား တန်းဆင်းဇုန် အသင်း ၆ သင်းက အဓိက ဆန့်ကျင်နေခြင်းပြီး ဒီရာသီအတွက် တန်းဆင်းစနစ် ပယ်ဖျက်ပေးမှပဲ ကြားကွင်း အစီအစဉ်နဲ့ ဆက်ကစားပေးဖို့ကို အဆိုပါ အသင်းတွေက သဘောတူညီပေးမှာဖြစ်တယ်။

ဒါပေမယ့် ပရီးမီးယားလိဂ်ပွဲတွေ ပြန်စတင်တဲ့အခါ တန်းဆင်းစနစ်ကို ထိခွင့်ရှိမှာ မဟုတ်ဘဲ ဗြိတိန်နဲ့ နိုင်ငံတကာ ရုပ်သံလွှင့်ဌာနတွေက ဆန့်ကျင့်သွားကြမှာဖြစ်ကြောင်း တယ်လီဂရပ်က ဖော်ပြပါတယ်။

‘Project Restart’ လို့ ခေါ်တဲ့ ပရီးမီးယားလိဂ် လက်ကျန် ၉၂ ပွဲကို ကွင်းပိတ်ပွဲတွေအဖြစ် ပြန်ကစားမှုမှာ အဓိကကျတဲ့ အချက်တစ်ခုက ပရိသတ်တွေ ဝင်ခွင့်မရှိတဲ့ ကွင်းပိတ်ကစားဖို့ဖြစ်တယ်။ ပရိသတ်တွေ ပေးမဝင်တာကြောင့် သက်ဆိုင်ရာ အိမ်ကွင်းတွေအစား လူနေအိမ်တွေနဲ့ ဝေးပြီး စောင့်ရှောက်မှုတွေ ပေးလို့ရမယ့် ကြားကွင်းတွေမှာ ကစားဖို့ဆိုတဲ့ အဆို ထွက်ပေါ်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ တန်းဆင်းရမှာ မဟုတ်တော့တဲ့ ကလပ်တွေနဲ့ တန်းဆင်းဇုန် အန္တရာယ်ရှိနေတဲ့ အသင်း ၆ သင်းကြားမှာ ကြားကွင်း ကစားဖို့ကိစ္စ အကျိတ်အနယ် တိုက်ခိုက်နေကြတာပါ။ ကြားကွင်း ကစားဖို့ကို ကန့်ကွက်နေတဲ့ အသင်းက တန်းဆင်းဇုန်အသင်း ၆ သင်းကနေ အခုချိန်မှာ ၈ သင်းထိ ရှိနေပြီလို့ သိရပါတယ်။

ပရီးမီးယားလိဂ်က တန်းဆင်းစနစ်ကို ပယ်ဖျက်ရင် ရုပ်သံလွှင့်ကုမ္ပဏီတွေက ပေါင် ၇၆၂ သန်းကို မပေးဖို့ ဆုံးဖြတ်လာခဲ့တယ်။ အဆိုပါ ရုပ်သံလွှင့်ကြေးတွေက Sky မှ ပေါင် ၃၇၁ သန်း၊ BT မှ ပေါင် သန်း ၅၀ နဲ့ နိုင်ငံတကာ ရုပ်သံ ကုမ္ပဏီတွေက ပေါင် ၃၄၁ သန်းတို့ ဖြစ်ကြပါတယ်။

ဗြိတိန်ပြည်တွင်း ရုပ်သံလွှင့်ဌာနတွေက တန်းဆင်းစနစ် ပယ်ဖျက်ခြင်းကို ကန့်ကွက်မှာဖြစ်ကာ ပွဲတွေ ပြန်စတင်ရတော့ Sky က ၎င်းတို့ရုပ်သံဌာနရဲ့ အခမဲ့ ရုပ်သံလိုင်းအချို့၊ BT Sport က ၎င်းတို့ရဲ့ YouTube channels တွေကနေ free-to-air စနစ်ဖြင့် ထုတ်လွှင့်ပေးကာ ပရိသတ်တွေကို ကြည့်ခွင့်ပေးဖို့ စီစဉ်ထားပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ကို ျပန္လည္စတင္တဲ့အခါမွာ ၾကားကြင္းေတြမွာ ကစားဖို႔ကိစၥအား တန္းဆင္းဇုန္ အသင္း ၆ သင္းက အဓိက ဆန္႔က်င္ေနျခင္းျပီး ဒီရာသီအတြက္ တန္းဆင္းစနစ္ ပယ္ဖ်က္ေပးမွပဲ ၾကားကြင္း အစီအစဥ္နဲ႔ ဆက္ကစားေပးဖို႔ကို အဆိုပါ အသင္းေတြက သေဘာတူညီေပးမွာျဖစ္တယ္။

ဒါေပမယ့္ ပရီးမီးယားလိဂ္ပြဲေတြ ျပန္စတင္တဲ့အခါ တန္းဆင္းစနစ္ကို ထိခြင့္ရွိမွာ မဟုတ္ဘဲ ျဗိတိန္နဲ႔ ႏုိင္ငံတကာ ရုပ္သံလႊင့္ဌာနေတြက ဆန္႔က်င့္သြားၾကမွာျဖစ္ေၾကာင္း တယ္လီဂရပ္က ေဖာ္ျပပါတယ္။

‘Project Restart’ လို႔ ေခၚတဲ့ ပရီးမီးယားလိဂ္ လက္က်န္ ၉၂ ပြဲကို ကြင္းပိတ္ပြဲေတြအျဖစ္ ျပန္ကစားမႈမွာ အဓိကက်တဲ့ အခ်က္တစ္ခုက ပရိသတ္ေတြ ဝင္ခြင့္မရွိတဲ့ ကြင္းပိတ္ကစားဖို႔ျဖစ္တယ္။ ပရိသတ္ေတြ ေပးမဝင္တာေၾကာင့္ သက္ဆုိင္ရာ အိမ္ကြင္းေတြအစား လူေနအိမ္ေတြနဲ႔ ေဝးျပီး ေစာင့္ေရွာက္မႈေတြ ေပးလို႔ရမယ့္ ၾကားကြင္းေတြမွာ ကစားဖို႔ဆိုတဲ့ အဆို ထြက္ေပၚလာခဲ့ပါတယ္။

ပရီးမီးယားလိဂ္ကလပ္ေတြထဲမွာ တန္းဆင္းရမွာ မဟုတ္ေတာ့တဲ့ ကလပ္ေတြနဲ႔ တန္းဆင္းဇုန္ အႏၱရာယ္ရွိေနတဲ့ အသင္း ၆ သင္းၾကားမွာ ၾကားကြင္း ကစားဖို႔ကိစၥ အက်ိတ္အနယ္ တိုက္ခိုက္ေနၾကတာပါ။ ၾကားကြင္း ကစားဖို႔ကို ကန္႔ကြက္ေနတဲ့ အသင္းက တန္းဆင္းဇုန္အသင္း ၆ သင္းကေန အခုခ်ိန္မွာ ၈ သင္းထိ ရွိေနျပီလို႔ သိရပါတယ္။

ပရီးမီးယားလိဂ္က တန္းဆင္းစနစ္ကို ပယ္ဖ်က္ရင္ ရုပ္သံလႊင့္ကုမၸဏီေတြက ေပါင္ ၇၆၂ သန္းကို မေပးဖို႔ ဆံုးျဖတ္လာခဲ့တယ္။ အဆုိပါ ရုပ္သံလႊင့္ေၾကးေတြက Sky မွ ေပါင္ ၃၇၁ သန္း၊ BT မွ ေပါင္ သန္း ၅၀ နဲ႔ ႏုိင္ငံတကာ ရုပ္သံ ကုမၸဏီေတြက ေပါင္ ၃၄၁ သန္းတို႔ ျဖစ္ၾကပါတယ္။

ျဗိတိန္ျပည္တြင္း ရုပ္သံလႊင့္ဌာနေတြက တန္းဆင္းစနစ္ ပယ္ဖ်က္ျခင္းကို ကန္႔ကြက္မွာျဖစ္ကာ ပြဲေတြ ျပန္စတင္ရေတာ့ Sky က ၄င္းတို႔ရုပ္သံဌာနရဲ႕ အခမဲ့ ရုပ္သံလိုင္းအခ်ိဳ႔၊ BT Sport က ၄င္းတို႔ရဲ႕ YouTube channels ေတြကေန free-to-air စနစ္ျဖင့္ ထုတ္လႊင့္ေပးကာ ပရိသတ္ေတြကို ၾကည့္ခြင့္ေပးဖို႔ စီစဥ္ထားပါတယ္။