ကွင်းပိတ်ကစားမှုကြောင့် ဘဏ္ဍာရေး အထိခိုက်ဆုံး အင်္ဂလန်အသင်းက အာဆင်နယ် ဖြစ်လာမည်

UNICODE – ဒီရာသီနဲ့ လာမယ့်ရာသီတွေကို ကွင်းပိတ်ကစားမယ်ဆိုရင် ပရီးမီးယားလိဂ်ဟာ ပေါင် ၈၇၈.၂ သန်း ဆုံးရံှူးမှာဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ သက်ရောက်မှု အကြီးမားဆုံး ခံရမယ့် အသင်းက အာဆင်နယ်ဖြစ်လာမယ်လို့ တယ်လီဂရပ်က ဖော်ပြသွားပါတယ်။

ဒီအချက်အလက်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ လက်ကျန်ပွဲတွေနဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ တစ်ခုလုံး ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရရင်ဆိုတဲ့ အနေအထားကို တွက်ချက်ပြတာပါ။ ဘောလုံးပွဲတွေဟာ လက်ကျန်ပွဲတွေတင် ကွင်းပိတ်ဖို့ ရှိနေတာ မဟုတ်ပဲ ကိုရိုနာဗိုင်းရပ်ကြောင့် လာမယ့်ရာသီမှာလည်း ပရိသတ်တွေကို ဝင်ခွင့်ပေးနိုင်ဦးမှာ မဟုတ်ပါဘူး။

ဘဏ္ဍာရေး ဆုံးရံှူးမှုကို ကာမိဖို့နဲ့ အခြားသော ငွေကြေးဆိုင်ရာ အသုံးစရိတ်တွေကြောင့် အာဆင်နယ်ဟာ အဓိက တိုက်စစ်သမား အူဘာမီယန်ကိုပါ ရောင်းထုတ်ရနိုင်ပါတယ်။ မနှစ်ကရာသီ တရားဝင် ကိန်းဂဏန်းတွေအရ ယူနိုက်တက်ဟာ ပွဲနေ့ဝင်ငွေမှာ အမြင့်ဆုံးအဖြစ် ပေါင် သန်း ၁၁၀ ရရှိခဲ့ပေမယ့် ဒုတိယနေရာမှာက ပေါင် ၉၆.၂ သန်းဖြင့် အာဆင်နယ်အသင်း ရပ်တည်နေတာပါ။

စီးပွားရေးပိုင်းဆိုင်ရာ ပါတနာတွေအရ ယူနိုက်တက်က အာဆင်နယ်ထက် များခြင်းကြောင့် ကွင်းပိတ်အခြေအနေကို တောင့်ခံနိုင်ဦးမှာပါ။ ပရီးမီးယားလိဂ်မှာ ကလပ်အသင်းတိုင်းရဲ့ ပွဲနေ့ဝင်ငွေဟာ ဘဏ္ဍာရေးဆိုင်ရာစုစုပေါင်း ဝင်ငွေရဲ့ ၁၈% ကို မကျော်ပေမယ့် အာဆင်နယ်ရဲ့ ပွဲနေ့ဝင်ငွေဟာ ဝင်ငွေအားလုံးရဲ့ ၂၅% ကိုတောင် ကျော်လွန်ပါတယ်။

အကယ်လို့ ကွင်းပိတ်ကစားမယ်ဆိုရင် လက်ကျန် ပွဲတွေအတွက် အာဆင်နယ်က ပေါင် ၁၆.၂ သန်း ဆုံးရံှူးမှာဖြစ်ပြီး လာမယ့် ရာသီကုန်အထိဆိုရင် ပေါင် ၁၂၂.၃ သန်း ဆုံးရံှူးမှာဖြစ်ပါတယ်။ တူညီတဲ့ ကာလအတွင်းမှာ ယူနိုက်တက်က ပေါင် ၁၃၉.၄ သန်း ဆုံးရံှူးမှာဖြစ်ပေမယ့် စီးပွားရေးဆိုင်ရာ ပါတနာတွေက ရမယ့် အခြားသော ငွေကြေးအရ အာဆင်နယ်လောက် အထိမနာနိုင်ပါဘူး။

ဘုန်းမောက်၊ ဘန်လေလို ပရိသတ် သောင်းကျော်ပဲဆန့်တဲ့ ကွင်းတွေကတော့ အာဆင်နယ်၊ ယူနိုက်တက်တို့လို ထိခိုက်မှုတွေ မရှိနိုင်ဘူးလို့ သိရတယ်။ ဘုန်းမောက်နဲ့ ဘန်လေက ဝင်ငွေရဲ့ ပေါင် ၆.၇ သန်းနဲ့ ပေါင် ၈.၄ သန်းတို့ကိုပဲ ဆုံးရံှူးမှာဖြစ်ကာ ၎င်းကလပ်တွေဟာ ရုပ်သံလွှင့်ခတွေကနေ အဓိက ဝင်ငွေရနေပြီး ပွဲနေ့ဝင်ငွေဟာ ဝင်ငွေစုစုပေါင်းရဲ့ ၅% ထက်တောင် နည်းပါးတာဖြစ်ပါတယ်။

ZAWGYI – ဒီရာသီနဲ႔ လာမယ့္ရာသီေတြကို ကြင္းပိတ္ကစားမယ္ဆိုရင္ ပရီးမီးယားလိဂ္ဟာ ေပါင္ ၈၇၈.၂ သန္း ဆံုးရံွဴးမွာျဖစ္ျပီး ဘ႑ာေရးဆိုင္ရာ သက္ေရာက္မႈ အၾကီးမားဆံုး ခံရမယ့္ အသင္းက အာဆင္နယ္ျဖစ္လာမယ္လို႔ တယ္လီဂရပ္က ေဖာ္ျပသြားပါတယ္။

ဒီအခ်က္အလက္ဟာ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ လက္က်န္ပြဲေတြနဲ႔ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ တစ္ခုလံုး ပရိသတ္မပါဘဲ ကြင္းပိတ္ကစားရရင္ဆိုတဲ့ အေနအထားကို တြက္ခ်က္ျပတာပါ။ ေဘာလံုးပြဲေတြဟာ လက္က်န္ပြဲေတြတင္ ကြင္းပိတ္ဖို႔ ရွိေနတာ မဟုတ္ပဲ ကိုရိုနာဗိုင္းရပ္ေၾကာင့္ လာမယ့္ရာသီမွာလည္း ပရိသတ္ေတြကို ဝင္ခြင့္ေပးႏုိင္ဦးမွာ မဟုတ္ပါဘူး။

ဘ႑ာေရး ဆုံးရံွဴးမႈကို ကာမိဖို႔နဲ႔ အျခားေသာ ေငြေၾကးဆိုင္ရာ အသံုးစရိတ္ေတြေၾကာင့္ အာဆင္နယ္ဟာ အဓိက တိုက္စစ္သမား အူဘာမီယန္ကိုပါ ေရာင္းထုတ္ရႏုိင္ပါတယ္။ မႏွစ္ကရာသီ တရားဝင္ ကိန္းဂဏန္းေတြအရ ယူႏုိက္တက္ဟာ ပြဲေန႔ဝင္ေငြမွာ အျမင့္ဆံုးအျဖစ္ ေပါင္ သန္း ၁၁၀ ရရွိခဲ့ေပမယ့္ ဒုတိယေနရာမွာက ေပါင္ ၉၆.၂ သန္းျဖင့္ အာဆင္နယ္အသင္း ရပ္တည္ေနတာပါ။

စီးပြားေရးပိုင္းဆိုင္ရာ ပါတနာေတြအရ ယူႏိုက္တက္က အာဆင္နယ္ထက္ မ်ားျခင္းေၾကာင့္ ကြင္းပိတ္အေျခအေနကို ေတာင့္ခံႏုိင္ဦးမွာပါ။ ပရီးမီးယားလိဂ္မွာ ကလပ္အသင္းတိုင္းရဲ႕ ပြဲေန႔ဝင္ေငြဟာ ဘ႑ာေရးဆုိင္ရာစုစုေပါင္း ဝင္ေငြရဲ႕ ၁၈% ကို မေက်ာ္ေပမယ့္ အာဆင္နယ္ရဲ႕ ပြဲေန႔ဝင္ေငြဟာ ဝင္ေငြအားလုံးရဲ႕ ၂၅% ကိုေတာင္ ေက်ာ္လြန္ပါတယ္။

အကယ္လို႔ ကြင္းပိတ္ကစားမယ္ဆိုရင္ လက္က်န္ ပြဲေတြအတြက္ အာဆင္နယ္က ေပါင္ ၁၆.၂ သန္း ဆံုးရံွဴးမွာျဖစ္ျပီး လာမယ့္ ရာသီကုန္အထိဆိုရင္ ေပါင္ ၁၂၂.၃ သန္း ဆံုးရံွဴးမွာျဖစ္ပါတယ္။ တူညီတဲ့ ကာလအတြင္းမွာ ယူႏုိက္တက္က ေပါင္ ၁၃၉.၄ သန္း ဆံုးရံွဴးမွာျဖစ္ေပမယ့္ စီးပြားေရးဆုိင္ရာ ပါတနာေတြက ရမယ့္ အျခားေသာ ေငြေၾကးအရ အာဆင္နယ္ေလာက္ အထိမနာႏုိင္ပါဘူး။

ဘုန္းေမာက္၊ ဘန္ေလလို ပရိသတ္ ေသာင္းေက်ာ္ပဲဆန္႔တဲ့ ကြင္းေတြကေတာ့ အာဆင္နယ္၊ ယူႏုိက္တက္တို႔လို ထိခိုက္မႈေတြ မရွိႏုိင္ဘူးလို႔ သိရတယ္။ ဘုန္းေမာက္နဲ႔ ဘန္ေလက ဝင္ေငြရဲ႕ ေပါင္ ၆.၇ သန္းနဲ႔ ေပါင္ ၈.၄ သန္းတို႔ကိုပဲ ဆံုးရံွဴးမွာျဖစ္ကာ ၄င္းကလပ္ေတြဟာ ရုပ္သံလႊင့္ခေတြကေန အဓိက ဝင္ေငြရေနျပီး ပြဲေန႔ဝင္ေငြဟာ ဝင္ေငြစုစုေပါင္းရဲ႕ ၅% ထက္ေတာင္ နည္းပါးတာျဖစ္ပါတယ္။