ကလော့ပ်: ငါ အင်အားတွေစုထားတယ်၊ ငါ့စွမ်းအားတွေနဲ့ တစ်မြို့လုံးတောင် အလင်းပေးလို့ရတယ်

UNICODE – လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အနားယူနေရတဲ့ ကာလတွေအတွင်း သူနဲ့ အသင်းသားတွေက အင်အားတွေ ဖြည့်တင်းနေကြပါကြောင်း ထုတ်ပြောလိုက်ပါတယ်။

ဒီလထဲမှာပဲ ပရီးမီးယားလိဂ် လေ့ကျင့်ရေး အစီအစဉ်တွေ ပြန်စတင်တော့မှာပါ။ လီဗာပူးကလည်း မဲဝုဒ်ကို လေ့ကျင့်ရေးတွေအတွက် ပြန်ဝင်လာတော့မှာ ဖြစ်တယ်။ အလုပ်တွေ ပြန်လုပ်ရမယ့် အနေအထားအတွက် မန်နေဂျာကလော့ပ်က သူ့ထုံးစံအတိုင်း အင်အားပြင်းပြင်းနဲ့ကို တက်ကြွလို့နေပါတယ်။

ကလော့ပ်က ” ကောင်လေးတွေ ရုပ်ပိုင်းဆိုင်ရာနဲ့ ပက်သက်တဲ့ အလုပ်တွေ အများကြီးလုပ်ဖို့ လိုပါတယ်။ ဘာလို့လည်းဆိုတော့ ပြန်ပြီး ယှဉ်ပြိုင်နိုင်ဦးမယ်လို့ ငါတို့ ယုံကြည်ထားတယ်။ ဘယ်အချိန်မှာ ယှဉ်ပြိုင်ရမလဲဆိုတဲ့ အချိန် အတိအကျကိုယ်တော့ ငါမသိဘူး။ ဒါပေမယ့် ပြန်လည် ယှဉ်ပြိုင်ရမယ့် ကာလအတွက် ပြင်ဆင်ရပါမယ်။ ဒါက ကောင်လေးတွေ လုပ်ရမယ့် အလုပ်ပါပဲ။

ငါတို့တွေ အတူတကွ ပြန်လာတဲ့အခါ၊ အကောင်းဆုံး အခြေအနေတွေ လုပ်နိုင်ဖို့လိုတယ်။ ပွဲတွေအတွက် ဘယ်လောက်ထိ ပြင်ဆင်ရမယ်ဆိုတာ ငါတို့ မသိဘူး။ ဒီတော့ အဲ့အခိုက်အတန့် ရောက်လာခဲ့ရင် ကြိုးစားရပါလိမ့်မယ်။

ကောင်လေးတွေက သူတို့နေအိမ်က ဥယာဉ်တွေမှာ ဘောလုံးဆိုင်ရာ စိန်ခေါ်မှုတွေ လုပ်ကြတဲ့အခါ သူတို့တွေဟာ ၅ နှစ်သား ၆ နှစ်သားတွေလို ပျော်ရွှင်နေကြတာကို အားလုံး မြင်ပါလိမ့်မယ်။ အဲ့တာမျိုး ပျော်ရွှင်စွာ ကစားခြင်းတွေကို ကစားကွင်းထဲမှာ လုပ်နိုင်အောင် ငါတို့ ကြိုးစားပါမယ်။

အရမ်းကို ပင်ပန်းမယ့် အချိန်တွေ ရောက်လာတော့မယ်လို့ မျှော်လင့်ထားတယ်။ အဲ့ကာလတွေအတွက်လည်း ငါတို့ ပြင်ဆင်ရပါမယ်။ ငါတို့တွေ ကိုယ်ဘာသာ အင်အားဖြည့်တင်းမှုတွေ လုပ်ထားတယ်လို့ မင်းကို ပြောပြလိုက်မယ်။ ငါ့ရဲ့ စွမ်းအင်တွေကိုသုံးပြီး လီဗာပူးကနေ ငါ့ဇာတိမြို့အထိတောင် အလင်းပေးလို့ရတယ်။ ဒီတော့ ငါတို့မှာ အင်အားတွေ အပြည့်ရှိနေတယ်ဆိုတာ သေချာပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဝတ်ဖိုဒ့်ကို အရေးနိမ့်တဲ့ပွဲနဲ့ ယူနိုက်တက်ကို သရေကျတဲ့ပွဲ နှစ်ပွဲမှာပဲ ရမှတ် ဆုံးရံှူးထားတာပါ။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းဟာ ကိုဗစ်ကာလ မတိုင်ခင် စွမ်းဆောင်ရည်မျိုးနဲ့ ပြန်လာမလားဆိုတာက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ZAWGYI – လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က အနားယူေနရတဲ့ ကာလေတြအတြင္း သူနဲ႔ အသင္းသားေတြက အင္အားေတြ ျဖည့္တင္းေနၾကပါေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။

ဒီလထဲမွာပဲ ပရီးမီးယားလိဂ္ ေလ့က်င့္ေရး အစီအစဥ္ေတြ ျပန္စတင္ေတာ့မွာပါ။ လီဗာပူးကလည္း မဲဝုဒ္ကို ေလ့က်င့္ေရးေတြအတြက္ ျပန္ဝင္လာေတာ့မွာ ျဖစ္တယ္။ အလုပ္ေတြ ျပန္လုပ္ရမယ့္ အေနအထားအတြက္ မန္ေနဂ်ာကေလာ့ပ္က သူ႔ထံုးစံအတိုင္း အင္အားျပင္းျပင္းနဲ႔ကို တက္ၾကြလို႔ေနပါတယ္။

ကေလာ့ပ္က ” ေကာင္ေလးေတြ ရုပ္ပိုင္းဆိုင္ရာနဲ႔ ပက္သက္တဲ့ အလုပ္ေတြ အမ်ားၾကီးလုပ္ဖို႔ လိုပါတယ္။ ဘာလို႔လည္းဆိုေတာ့ ျပန္ျပီး ယွဥ္ျပိဳင္ႏုိင္ဦးမယ္လို႔ ငါတို႔ ယံုၾကည္ထားတယ္။ ဘယ္အခ်ိန္မွာ ယွဥ္ျပိဳင္ရမလဲဆိုတဲ့ အခ်ိန္ အတိအက်ကိုယ္ေတာ့ ငါမသိဘူး။ ဒါေပမယ့္ ျပန္လည္ ယွဥ္ျပိဳင္ရမယ့္ ကာလအတြက္ ျပင္ဆင္ရပါမယ္။ ဒါက ေကာင္ေလးေတြ လုပ္ရမယ့္ အလုပ္ပါပဲ။

ငါတို႔ေတြ အတူတကြ ျပန္လာတဲ့အခါ၊ အေကာင္းဆံုး အေျခအေနေတြ လုပ္ႏုိင္ဖို႔လိုတယ္။ ပြဲေတြအတြက္ ဘယ္ေလာက္ထိ ျပင္ဆင္ရမယ္ဆိုတာ ငါတို႔ မသိဘူး။ ဒီေတာ့ အဲ့အခိုက္အတန္႔ ေရာက္လာခဲ့ရင္ ၾကိဳးစားရပါလိမ့္မယ္။

ေကာင္ေလးေတြက သူတို႔ေနအိမ္က ဥယာဥ္ေတြမွာ ေဘာလံုးဆုိင္ရာ စိန္ေခၚမႈေတြ လုပ္ၾကတဲ့အခါ သူတို႔ေတြဟာ ၅ ႏွစ္သား ၆ ႏွစ္သားေတြလို ေပ်ာ္ရႊင္ေနၾကတာကို အားလံုး ျမင္ပါလိမ့္မယ္။ အဲ့တာမ်ိဳး ေပ်ာ္ရႊင္စြာ ကစားျခင္းေတြကို ကစားကြင္းထဲမွာ လုပ္ႏိုင္ေအာင္ ငါတို႔ ၾကိဳးစားပါမယ္။

အရမ္းကို ပင္ပန္းမယ့္ အခ်ိန္ေတြ ေရာက္လာေတာ့မယ္လို႔ ေမွ်ာ္လင့္ထားတယ္။ အဲ့ကာလေတြအတြက္လည္း ငါတို႔ ျပင္ဆင္ရပါမယ္။ ငါတို႔ေတြ ကိုယ္ဘာသာ အင္အားျဖည့္တင္းမႈေတြ လုပ္ထားတယ္လို႔ မင္းကို ေျပာျပလိုက္မယ္။ ငါ့ရဲ႕ စြမ္းအင္ေတြကိုသံုးျပီး လီဗာပူးကေန ငါ့ဇာတိျမိဳ႕အထိေတာင္ အလင္းေပးလို႔ရတယ္။ ဒီေတာ့ ငါတို႔မွာ အင္အားေတြ အျပည့္ရွိေနတယ္ဆိုတာ ေသခ်ာပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးအသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ဝတ္ဖိုဒ့္ကို အေရးနိမ့္တဲ့ပြဲနဲ႔ ယူႏုိက္တက္ကို သေရက်တဲ့ပြဲ ႏွစ္ပြဲမွာပဲ ရမွတ္ ဆံုးရံွဴးထားတာပါ။ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးအသင္းဟာ ကိုဗစ္ကာလ မတိုင္ခင္ စြမ္းေဆာင္ရည္မ်ိဳးနဲ႔ ျပန္လာမလားဆိုတာက ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။