NEWS: ကိုဗစ် စစ်ဆေးပြီး ကိုယ့်အဝတ် ကိုယ်လျှော်စနစ်ဖြင့် မေ ၁၁ ရက်မှာ လေ့ကျင့်ရေးစမယ့် ဝုဗ်

UNICODE – ဝုဗ်အသင်းဟာ နောက်အပတ် တနင်္လာနေ့အဖြစ် မေလ ၁၁ ရက်နေ့မှာ တရားဝင် လေ့ကျင့်ရေး ပြန်စတင်ဖို့ စီစဉ်ခဲ့ပြီဖြစ်ကြောင်း တယ်လီဂရပ်က အတည်ပြုလိုက်ပါတယ်။

အုပ်ချုပ်မှုအဖွဲ့တွေ၊ ကစားသမားတွေနဲ့ ဝန်ထမ်းတွေက ကိုဗစ် စစ်ဆေးမှုတွေကိုလည်း ခံယူသွားမှာပါ။ ဘောလုံးပွဲတွေ ပြန်ကစားခွင့်ရရင် အဆင်သင့်ဖြစ်ဖို့အတွက် မန်နေဂျာနူနိုဦးဆောင်တဲ့ အသင်းက လေ့ကျင့်ရေးပြန်ဝင်မှာဖြစ်တယ်။ ဒါဟာ ပရီးမီးယားလိဂ်ကလပ်တွေအတွက် လေ့ကျင့်ရေး ပြန်စတဲ့ ကနဦးကလပ်တွေထဲက တစ်သင်းလည်း ဖြစ်လာပါမယ်။

မန်နေဂျာနူနို၊ ရုဘင် နာဗက်စ်၊ လန်ဒါ ဒန်ဒွန်ကာ၊ ရူဘင် ဗီနာဂရီ အစရှိတဲ့ ဝုဗ်အသင်းသားတွေက အင်္ဂလန်ပြင်ပကနေ ဝုဗ်ကို ဒီအပတ်မှာတင် ပြန်လာကြမှာဖြစ်တယ်။ ဝုဗ်ဘက်က ဘောလုံးရာသီ ပြန်စတင်တဲ့အခါ ကစားသမားတွေ လုံခြုံစေဖို့ လုပ်နိုင်မယ့် ကိစ္စအားလုံး စစ်ဆေးမှာဖြစ်ကာ ကွမ်တန်လေ့ကျင့်ရေးထဲ ပြန်မဝင်ခင် ကိုဗစ် testing kits စစ်ဆေးမှုတွေကို လုပ်ဆောင်ပါမယ်။

ပထမအပတ်မှာ တစ်ဦးချင်း လေ့ကျင့်ရေးတွေကို လုပ်ဆောင်မှာဖြစ်ပြီး အာဏာပိုင်တွေက ခွင့်ပြုမယ်ဆိုရင် ဒုတိယအပတ်မှာ အဖွဲ့ငယ်တွေဖြင့် လေ့ကျင့်မှု ပြုလုပ်မှာဖြစ်တယ်။ ဝုဗ်အသင်းဘက်က အသင်းသားတွေကို ကန့်သတ်မယ့် ကိစ္စတွေထဲမှာ ကိုယ့်အဝတ် ကိုယ်လျှော်ရမယ့် ကိစ္စလည်း ပါဝင်ပါတယ်။

ပရီးမီးယားလိဂ် ပြန်စတင်ဖို့ကို တန်းဆင်းဇုန်အသင်းတွေနဲ့ ကျန်အသင်းတွေက ကြားကွင်းကိစ္စ အငြင်းပွားနေကြဆဲပါ။ ဒါပေမယ့်လည်း ဇွန်လ ၁၂ ရက်နေ့ကို ပရီးမီးယားလိဂ်ပြန်စဖို့ ရက်သက်မှတ်ထားတာကြောင့် အဆိုပါရက်အမှီ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု ရာနှုန်းပြည့် ပြန်ကောင်းနေဖို့ လေ့ကျင့်ရေးတွေ ပြန်ဝင်ကြမှာဖြစ်တယ်။

ဒီအပတ် သောကြာနေ့မှာတော့ ပရီးမီးယားလိဂ်ကလပ်တွေက ဘောလုံးပွဲ ပြန်စဖို့ရာ ကိစ္စကို ထပ်မံ ဆွေးနွေးရမှာဖြစ်ပြီး ရက်ပိုင်းအကြာမှာ ဝုဗ်က လေ့ကျင့်ရေး စမှာဖြစ်တယ်။ ဝုဗ်အသင်းဟာ အမှတ်ပေးဇယား စတုတ္ထနေရာက ချယ်ဆီးနဲ့ ၅ မှတ်အကွာဖြင့် အဆင့် ၆ နေရာမှာရှိနေပြီး ယူရိုပါလိဂ်မှာလည်း ၁၆ သင်းအဆင့်ကို ရောက်နေတာဖြစ်ပါတယ်။

မန်နေဂျာနူနိုရဲ့ ဝုဗ်အသင်းဟာ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ကို ဂရိကလပ် အိုလံပီယာကိုစ့်နဲ့ ယှဉ်ပြိုင်ထားပြီး ၁-၁- သရေကျထားကာ ဒုတိယအကျော့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါသေးတယ်။

ZAWGYI – ဝုဗ္အသင္းဟာ ေနာက္အပတ္ တနလၤာေန႔အျဖစ္ ေမလ ၁၁ ရက္ေန႔မွာ တရားဝင္ ေလ့က်င့္ေရး ျပန္စတင္ဖို႔ စီစဥ္ခဲ့ျပီျဖစ္ေၾကာင္း တယ္လီဂရပ္က အတည္ျပဳလိုက္ပါတယ္။

အုပ္ခ်ဳပ္မႈအဖြဲ႔ေတြ၊ ကစားသမားေတြနဲ႔ ဝန္ထမ္းေတြက ကိုဗစ္ စစ္ေဆးမႈေတြကိုလည္း ခံယူသြားမွာပါ။ ေဘာလံုးပြဲေတြ ျပန္ကစားခြင့္ရရင္ အဆင္သင့္ျဖစ္ဖို႔အတြက္ မန္ေနဂ်ာႏူႏိုဦးေဆာင္တဲ့ အသင္းက ေလ့က်င့္ေရးျပန္ဝင္မွာျဖစ္တယ္။ ဒါဟာ ပရီးမီးယားလိဂ္ကလပ္ေတြအတြက္ ေလ့က်င့္ေရး ျပန္စတဲ့ ကနဦးကလပ္ေတြထဲက တစ္သင္းလည္း ျဖစ္လာပါမယ္။

မန္ေနဂ်ာႏူႏို၊ ရုဘင္ နာဗက္စ္၊ လန္ဒါ ဒန္ဒြန္ကာ၊ ရူဘင္ ဗီနာဂရီ အစရွိတဲ့ ဝုဗ္အသင္းသားေတြက အဂၤလန္ျပင္ပကေန ဝုဗ္ကို ဒီအပတ္မွာတင္ ျပန္လာၾကမွာျဖစ္တယ္။ ဝုဗ္ဘက္က ေဘာလံုးရာသီ ျပန္စတင္တဲ့အခါ ကစားသမားေတြ လံုျခံဳေစဖို႔ လုပ္ႏုိင္မယ့္ ကိစၥအားလံုး စစ္ေဆးမွာျဖစ္ကာ ကြမ္တန္ေလ့က်င့္ေရးထဲ ျပန္မဝင္ခင္ ကိုဗစ္ testing kits စစ္ေဆးမႈေတြကို လုပ္ေဆာင္ပါမယ္။

ပထမအပတ္မွာ တစ္ဦးခ်င္း ေလ့က်င့္ေရးေတြကို လုပ္ေဆာင္မွာျဖစ္ျပီး အာဏာပိုင္ေတြက ခြင့္ျပဳမယ္ဆိုရင္ ဒုတိယအပတ္မွာ အဖြဲ႔ငယ္ေတြျဖင့္ ေလ့က်င့္မႈ ျပဳလုပ္မွာျဖစ္တယ္။ ဝုဗ္အသင္းဘက္က အသင္းသားေတြကို ကန္႔သတ္မယ့္ ကိစၥေတြထဲမွာ ကိုယ့္အဝတ္ ကိုယ္ေလွ်ာ္ရမယ့္ ကိစၥလည္း ပါဝင္ပါတယ္။

ပရီးမီးယားလိဂ္ ျပန္စတင္ဖို႔ကို တန္းဆင္းဇုန္အသင္းေတြနဲ႔ က်န္အသင္းေတြက ၾကားကြင္းကိစၥ အျငင္းပြားေနၾကဆဲပါ။ ဒါေပမယ့္လည္း ဇြန္လ ၁၂ ရက္ေန႔ကို ပရီးမီးယားလိဂ္ျပန္စဖို႔ ရက္သက္မွတ္ထားတာေၾကာင့္ အဆိုပါရက္အမွီ ကစားသမားေတြရဲ႕ ၾကံ႕ခိုင္မႈ ရာႏႈန္းျပည့္ ျပန္ေကာင္းေနဖို႔ ေလ့က်င့္ေရးေတြ ျပန္ဝင္ၾကမွာျဖစ္တယ္။

ဒီအပတ္ ေသာၾကာေန႔မွာေတာ့ ပရီးမီးယားလိဂ္ကလပ္ေတြက ေဘာလံုးပြဲ ျပန္စဖို႔ရာ ကိစၥကို ထပ္မံ ေဆြးေႏြးရမွာျဖစ္ျပီး ရက္ပိုင္းအၾကာမွာ ဝုဗ္က ေလ့က်င့္ေရး စမွာျဖစ္တယ္။ ဝုဗ္အသင္းဟာ အမွတ္ေပးဇယား စတုတၳေနရာက ခ်ယ္ဆီးနဲ႔ ၅ မွတ္အကြာျဖင့္ အဆင့္ ၆ ေနရာမွာရွိေနျပီး ယူရိုပါလိဂ္မွာလည္း ၁၆ သင္းအဆင့္ကို ေရာက္ေနတာျဖစ္ပါတယ္။

မန္ေနဂ်ာႏူႏိုရဲ႕ ဝုဗ္အသင္းဟာ ယူရိုပါလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့ကို ဂရိကလပ္ အိုလံပီယာကိုစ့္နဲ႔ ယွဥ္ျပိဳင္ထားျပီး ၁-၁- သေရက်ထားကာ ဒုတိယအေက်ာ့ ယွဥ္ျပိဳင္ကစားရဖို႔ ရွိေနပါေသးတယ္။