NEWS: ပြန်လည်စတင်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်နဲ့ လာမယ့်ရာသီအတွက် အရေးပါတဲ့ ရက်စွဲ ၁၂ ခု

UNICODE – ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ လက်ကျန် ပရီးမီးယားလိဂ် ပွဲတွေကို ကွင်းပိတ်ပွဲတွေအဖြစ် ပြန်လည်စတင်ဖို့ ပြင်ဆင်နေပြီး ကြားကွင်းကိစ္စကို သဘောတူညီမှုရဖို့ ကြိုးစားနေပါတယ်။

ဒီရာသီ လက်ကျန်ပွဲတွေဟာ ကွင်းပိတ်ပွဲတွေဖြစ်မှာက သေချာနေသလို ၂၀၂၀-၂၀၂၁ ဘောလုံးရာသီကိုလည်း ကွင်းပိတ် စနစ်ဖြင့်ပဲ ကစားစေဖို့ ယာယီ စီစဉ်လာနေခဲ့တယ်။ ဒါကြောင့် ပြန်လည်စတင်မယ့် လိဂ်ပွဲတွေနဲ့ လာမယ့်ရာသီသစ်အတွက် အရေးပါလာမယ့် ရက်စွဲ ၁၂ ခုကို The Times သတင်းဌာနက ဖော်ပြမှုမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

အရေးပါသော ရက်စွဲများ

  • မေလ ၁၀ ရက်နေ့ – ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်က ဗြိတိန်ပြည်တွင်းမှာ ကိုရိုနာကပ်ဘေး ပိတ်ဆို့မှု ကန့်သတ်ခြင်းကို update လုပ်ပေးမည်။
  • မေလ ၁၁ ရက်နေ့ – ဗြိတိန်အာဏာပိုင်တွေရဲ့ ပိတ်ဆို့မှုအပေါ် အမိန့်ထုတ်ပြန်ချက်အသစ်အရ ပရီးမီးယားလိဂ်က ဆုံးဖြတ်ချက်ချမည်။
  • မေလ ၁၂ ရက်နေ့ – လူစုလူဝေးကိစ္စ ရှောင်ရှားသောအားဖြင့် ကလပ်တွေက အဖွဲ့ငယ်တွေဖြင့် လေ့ကျင့်ရေးဆင်းမည်။
  • မေလ ၂၅ ရက် – ထိတွေနိုင်ခွင့်ရှိတဲ့ လေ့ကျင့်ရေးကို သတင်မည်။
  • ဇွန်လ ၁၂ ရက်နေ့ – ပရီးမီးယားလိဂ်ပြန်လည်စတင်မည်။ ရုပ်သံလွှင့်မှုတွေ အများဆုံး သက်ရောက်နိုင်ဖို့ တစ်ချိန်တည်းမှာ ပွဲနှစ်ပွဲ ကစားမည် မဟုတ်။
  • ဇွန်လိုင်လ ၂၇ ရက် – ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ အဆုံးသတ်မည်။
  • သြဂုတ်လ ၃ ရက် – တစ်ပတ်ကြာ အနားယူပြီးနောက် ဘောလုံးသမားတွေ ရာသီကြိုအတွက် ပြန်စုရုံးမည်။
  • သြဂုတ်လ ၈ ရက် – ကစားဖို့ရာ ကျန်ရှိနေသေးတဲ့ အက်ဖ်အေဖလားပွဲတွေကိစ္စ ပြန်စတင်မည်။
  • သြဂုတ်လ ၉ ရက် – ၃ ပတ်အတွင်း အပြီးသတ်ဖို့ ပြင်ဆင်ထားသော ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် လက်ကျန်ပြိုင်ပွဲတွေကိစ္စ ပြန်စတင်မည်။
  • သြဂုတ်လ ၂၂ ရက် – စာရွက်စာတမ်းအရ ရာသီကြို ပူးပေါင်းပြီး သုံးပတ်အကြာဖြစ်တဲ့ အဆိုပါရက်မှာ ရာသီသစ်ကို စတင်ရမည်ဖြစ်သည်။
  • သြဂုတ်လ ၂၉ ရက် – အင်စတမ်ဘူလ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားမည်။
  • စက်တင်ဘာလ ၁၂ ရက် – အရေးပေါ် အခြေအနေကြောင့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီကို အဆိုပါရက်တွင် စတင်မည်။

ZAWGYI – ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ လက်ကျန် ပရီးမီးယားလိဂ် ပွဲတွေကို ကွင်းပိတ်ပွဲတွေအဖြစ် ပြန်လည်စတင်ဖို့ ပြင်ဆင်နေပြီး ကြားကွင်းကိစ္စကို သဘောတူညီမှုရဖို့ ကြိုးစားနေပါတယ်။


အရေးပါသော ရက်စွဲများ
