ဆောင်းပါး | သံချောင်းတွေထုတ်တဲ့ မြို့မှသည် ခံစစ်တံတိုင်း ထုတ်တဲ့ မြို့ဖြစ်လာတဲ့ ရှက်ဖီး ယူနိုက်တက်

UNICODE – ပရီးမီးယားလိဂ်မှာ မယုံနိုင်လောက်တဲ့ အရည်အချင်းကောင်းတွေ ပြသထားမှုအရ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ လိဂ်ဦးဆောင် ကလပ်နှစ်သင်းအဖြစ် ချီးကျူးမှုတွေ အများကြီး ရရှိထားကြတယ်။ ဒါပေမယ့် ရှက်ဖီးယူနိုက်တက်ကိုလည်း မေ့မထားသင့်ပါဘူး။

ဘောလုံးရာသီစကတည်းက လက်စတာ၊ ဝုဗ်၊ အဲဗာတန် အသင်းတွေကို ဘောလုံးပရိသတ်တွေ အများကြီး ထင်ကြေးပေးခဲ့ကြကာ လက်စတာနဲ့ ဝုဗ်က မျှော်လင့်ထားသလို ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းတွေ ဖြစ်လာခဲ့တယ်။ ထင်မှတ်မထားစွာပဲ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး စွမ်းဆောင်ရည် ထပ်ပြနေတဲ့ နောက်တစ်သင်းက ရှက်ဖီးယူနိုက်တက်ပါပဲ။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ရှက်ဖီးယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ကို တန်းတက်အသင်းအဖြစ် ပါဝင်ယှဉ်ပြိုင်လာခြင်းဖြစ်တယ်။ ရှက်ဖီးယူနိုက်တက်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကွင်းလယ်ခံစစ်သမား ဆန်ဒါဘတ်ဂါကို ယူရို ၂၁ သန်းပေးပြီး ခေါ်ယူခဲ့တယ်။ နော်ဝေသားလေးက ရှက်ဖီးရဲ့ ဒီရာသီ ပြောင်းရွှေ့ကြေး အမြင့်ဆုံးဖြင့် ခေါ်ယူမှုဖြစ်ပြီး ကျန်ကစားသမားတွေကတော့ ချန်ပီယံရှစ်က ကစားသမားတွေဖြစ်ကာ ဈေးကွက်အတွင်း အသာတင် အသုံးစရိတ် ယူရို ၆၉ သန်း သုံးခဲ့ပါတယ်။

ရှက်ဖီးကို အဓိက ချီးကျူးသင့်တဲ့ ကိစ္စကတော့ တစ်ရာသီလုံး စွမ်းဆောင်ရည် တည်ငြိမ်မှုပါ။ ရှက်ဖီးမန်နေဂျာ ဝိုင်ဒါဟာ ၃-၅-၂ ကစားကွက်ကို အဓိကထားပြီး အချို့ပွဲတွေမှာ ၄-၄-၁-၁ ကစားဟန်ကို ကျင့်သုံးပါတယ်။ သူတို့ဟာ ဒီရာသီမှာ ခံစစ်ကို အားပြုတဲ့ ကစားကွက်ကိုပဲ အဓိက အသုံးပြုလာခဲ့ခြင်း ဖြစ်ပါတယ်။

မန်နေဂျာခရစ်ဝိုင်ဒါက ပွင့်ပွင့်လင်းလင်းသမားဖြစ်ပြီး သူက ပွဲအပေါ် ပြင်းပြမှုရှိသူလည်းဖြစ်တယ်။ ကစားသမားဘဝကို အောက်တန်းလိဂ်တွေမှာပဲ ကျင်လယ်ခဲ့ပြီး မန်နေဂျာဘဝကိုလည်း အင်္ဂလန်အဆင့်မြင့်တန်း ကလပ်တွေနဲ့ပဲ ပါဝင်ယှဉ်ခဲ့သူဖြစ်တယ်။ ဒါကြောင့် အင်္ဂလန် အသင်းငယ်တွေရဲ့ ရှေးရိုးကစားဟန်ဖြစ်တဲ့ ခံစစ်အားပြုပြီး ကာယကြံ့ခိုင်မှုကို ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်နိုင်ပါတယ်။ အဓိကအားဖြင့်ကတော့ တိုက်စစ်အသားပေးတွေ ကျင့်သုံးမှုများတဲ့ ပရီးမီးယားလိဂ်ကို ခံစစ်အသာပေးနဲ့အတူ ရလဒ်တွေ ရယူပြဖို့ ဦးတည်ကစားသူဖြစ်တယ်။

ကစားသမားအင်အား အရမ်းကြီး မတောင့်တင်းတဲ့ ရှက်ဖီးဟာ တစ်ရာသီလုံးမှာ အသင်းသား ၂၂ ဦးကိုပဲ သုံးခဲ့တယ်။ အဓိက ပွဲထွက် ကစားသမား ၁၁ ဦး စာရင်းက ပုံမှန်နည်းပါးကို တည်ငြိမ်မှုရှိပါတယ်။ မြင့်မားတဲ့ မျှော်လင့်ချက်နဲ့ ခေါ်ယူထားတဲ့ ဆန်ဒါဘတ်ဂါက အင်္ဂလန်မှာ အထိုင်ကျဖို့ အချိန်ယူနေရဆဲဖြစ်ကာ ဒီရာသီမှာ ၄ ပွဲပဲ ကစားနိုင်ပါတယ်။ ရှက်ဖီး ခေါ်ယူထားတဲ့ ကစားသမားတွေထဲမှာ တစ်ချိန်က ပရီးမီးယားလိဂ်မှာ တောက်ပခဲ့ပြီး အပယ်ခံဖြစ်လာတဲ့ အဲဗာတန်အသင်းသားဟောင်း ရော့ဝဲလ်လည်း ပါဝင်ပါတယ်။

ဒါပေမယ့်လည်း ယော့ရှိုင်းယားကလပ်ရဲ့ ခံစစ်မှတ်တမ်းက အတော်လေးကို ကောင်းပြီး ဒီရာသီမှာ လီဗာပူးနောက် ခံစစ် ဒုတိယအကောင်းဆုံး အသင်းဖြစ်တယ်။ သူတို့က ပေးဂိုး ၂၅ ဂိုးပဲရှိတယ်။ ယူနိုက်တက် (ပေးဂိုး ၃၀)၊ မန်စီးတီး (ပေးဂိုး ၃၁)၊ အာဆင်နယ် (ပေးဂိုး ၃၆)၊ ချယ်ဆီး (ပေးဂိုး ၃၉)၊ စပါး (ပေးဂိုး ၄၀)တို့ ထက်တောင်မှ ပိုကောင်းတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။

ရှက်ဖီးကစားသမားဖြစ်သူ ဘောဒေါ့က ” နောက်ဆုံးလိုင်းကနေ ခံစစ်ကာကွယ်ဖို့ကို ကျုပ်တို့ သိပ်ကြိုက်တယ်။ အထူးသဖြင့် ငါးယောက်တန်း ခံစစ်နဲ့ပေါ့။ အရှေ့က ကစားသမားတွေကလည်း သူတို့ရဲ့ တာဝန်တွေကို သူတို့ ယူပေးကြတယ်။ ဒါပေမယ့် ပြိုင်ဘက်တွေကို အခွင့်အရေး မပေးရဖို့ ကျူပ်တို့ သေချာလုပ်ကြပါတယ်။

ကျုပ်တို့မှာ လျှို့ဝှက်ချက်ရှိတယ်ဆိုရင် တစ်ချိန်တည်း ကွင်းထဲမှာ ကစားနေတဲ့ ၁၁ ဦးလုံးက ရှက်ဖီးယူနိုက်တက် ဂျာစီအတွက် အစွမ်းကုန် ကြိုးစားပေးလိုခြင်းပါပဲ။ ကျုပ်တို့ရဲ့ ခံစစ်မှတ်တမ်းက သိပ်ကောင်းတယ်။ ကိစ္စကြီးက ကျုပ်တို့က တိုက်စစ်မှာလည်း ခံစစ်ကာကွယ်မှုကို လပ်ပါတယ်။

ကွင်းလယ် သုံးယောက်လုံးကလည်း ကျုပ်တို့ကို ကူညီကြတယ်။ ရှက်ဖီးမှာ တောင်ပံကြောကနေ အတက်အဆင်း လွန်ထိုးကစားတယ် ကျုပ်နဲ့ အန်ဒါတို့ရှိတယ်။ ခံစစ်ကို အပြည့်အဝ ကာကွယ်မယ့် ခံစစ်သမား သုံးယောက်ရှိတယ်။ ဒီအဆင့်တွေကို ကျော်ဖြတ်သွားနိုင်ပြီဆိုရင်တောင် အင်္ဂလန်မှာ အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဟန်ဒိုကို ကျော်ဖြတ်ရဖို့ ရှိနေပါသေးတယ်။

ကျုပ်တို့ အသင်းမှာက အာမခံချက်တွေ ပိုပြီးရှိနေတာပါ။ တစ်ဦးဦးကို ရင်ဆိုင် ကျော်ဖြတ်သွားနိုင်ရင်တောင် ထပ်ပြီး ကျော်ဖြတ်ရမယ့် ကစားသမားတွေက ထပ်ပြီး ထက်ပြီး ရှိနေဦးမှာဖြစ်တယ်။ ခံစစ်မှတ်တမ်းက အရမ်းကောင်းပါတယ်။ အဲ့တာကို ပြန်ကြည့်ပြီး အချက်အလက်တွေကို ဖတ်ရတဲ့အခါ ခံစားမှု အရမ်းကောင်းသလို ကျုပ်တို့ အားလုံးအတွက်လည်း အရမ်း ဂုဏ်ယူရပါတယ် ” လို့ The Athletic ကို ပြောပြခဲ့တယ်။

ရှက်ဖီးဟာ တည်ငြိမ်တဲ့ လူစာရင်းနဲ့ တည်ငြိမ်တဲ့ ကစားကွက်ကိုပဲ ပုံမှန် ခင်းကျင်းပါတယ်။ ပရီးမီးယားလိဂ်မှာ ကောင်းမွန်တဲ့ ခံစစ်ကို တည်ဆောက်ထားကာ ဧရိယာထဲကို ပြိုင်ဘက်တွေ ရောက်မလာနိုင်အောင်လို့ သူတို့တွေ ပြင်းထန်စွာ ကာကွယ်ကြတယ်။ ခံစစ်အတွက် ခြိမ်းခြောက်မှု ဧရိယာထဲ ဝင်မလာဖို့ အတတ်နိုင်ဆုံး လျော့ချကြတယ်။ ဧရိယာပြင်ပကနေပဲ ကန်သွင်းကြအောင် (သို့) ပြိုင်ဘက်တွေကို ကျဉ်းမြောင်းတဲ့ ထောင့်တွေထံရောက်အောင် ရှက်ဖီးက နည်းစနစ်ကျကျ လုပ်ဆောင်ပါတယ်။ ဒါမှလည်း ပြိုင်ဘက်တွေက ဂိုးသွင်းရခက်ပြီး ကန်သွင်းမှုတွေကိုလည်း ဟန်ဒါဆန်က ကာကွယ်နိုင်မှာဖြစ်တယ်။

အမှတ်ပေးဇယား အဆင့် ၄ မှာ ချယ်ဆီးက ၄၈ မှတ်၊ အဆင့် ၅ မှာ ယူနိုက်တက်က ၄၅ မှတ်၊ အဆင့် ၆ မှာ ဝုဗ်က ၄၃ မှတ်တွေနဲ့ အသီးသီး ရပ်တည်နေပါတယ်။ သို့သော်လည်း အဆင့် ၇ မှတ် ရမှတ် ၄၃ မှတ်နဲ့ ရပ်တည်နေတဲ့ ရှက်ဖီးက အထက်က အသင်းတွေထက် တစ်ပွဲလျော့ပြီး ၂၈ ပွဲပဲ ကစားထားရသေးတာဖြစ်တယ်။ လက်ကျန်ရာသီမှာ သူတို့ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်နိုင်နေဆဲပါ။

အင်္ဂလန်မှာတော့ ရှက်ဖီးယူနိုက်တက်က စတီးချောင်းတွေ ထုတ်လုပ်တဲ့ မြို့တော်အဖြစ် နာမည်ကြီးပါတယ်။ ဒါပေမယ့် အခုဆိုရင်တော့ အင်္ဂလန်ရဲ့ ခံစစ်သမားတွေကို ထုတ်လုပ်တဲ့ မြို့အဖြစ် လူသိလာကြပါပြီ။

၂၀၁၈ ခုနှစ် ကမ္ဘာဖလားမှာ အင်္ဂလန်ရဲ့ ခံစစ်သမားတွေဖြစ်တဲ့ ကိုင်လီဝေါ်ကာနဲ့ ဟယ်ရီ မက်ဂွဲရားတို့က ရှက်ဖီး ယူနိုက်တက်ကနေ ပေါ်ထွက်လာကြသူတွေဖြစ်တယ်။ ဂျွန်စတုန်းကလည်း ရှက်ဖီးနဲ့ အနီးမဝေးက ဘန်စလေဆိုတဲ့ အရပ်ကနေ ကြီးပြင်းလာခဲ့သူဖြစ်တယ်။

ဘောဒေါ့က “ ကျုပ်တို့ အချင်းချင်းကြားမှာ လုံလောက်တဲ့ အသိအမှတ်ပြုမှုကိုတောင် ကိုယ်ဘာသာ မလုပ်ရသေးပါဘူး။ အခုချိန်ထိတော့ အခြေအနေတွေက ကောင်းနေသေးတယ်။ ပွဲတွေ ပြန်ကစားလာခဲ့ရင် ဒီရာသီကို အကောင်းဆုံး ဆက်ပြီး လုပ်ဆောင်ဖို့ တွေးဆထားတယ်။

ကျုပ်တို့က ရိုးသားတဲ့ ကောင်လေးတွေ စုနေတဲ့ အသင်းအဖွဲ့ပါ။ တစ်ခါတစ်လေမှာ ကိုယ်လုပ်တဲ့ ကိစ္စတွေအတွက်တောင် ကိုယ်ဘာသာ ချီးကျူးကြခြင်း မရှိဘူး။ ကျုပ်တို့က အမြဲတမ်း ပိုလိုချင်တယ်။ နောက်ကို ပြန်ကြည့်တဲ့အခါ ကြီးကျယ်တဲ့ ကိစ္စတွေကို လုပ်ဆောင်ခဲ့တာမျိုး ဖြစ်လိုတယ်။ ဒါပဲ ကျုပ်စိတ်ထဲမှာရှိတယ်။ ဒီရာသီ လုပ်ဆောင်နေတဲ့ အကောင်းဆုံးတွေအတွက် ပြန်စနိုင်ဖို့ မစောင့်နိုင်အောင်ပါပဲ။ ရာသီကုန်မှာ အကောင်းဆုံး အဆုံးသတ်နိုင်ရပါမယ် ” လို့ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္မွာ မယံုႏုိင္ေလာက္တဲ့ အရည္အခ်င္းေကာင္းေတြ ျပသထားမႈအရ လီဗာပူးနဲ႔ မန္စီးတီးတို႔ဟာ လိဂ္ဦးေဆာင္ ကလပ္ႏွစ္သင္းအျဖစ္ ခ်ီးက်ဴးမႈေတြ အမ်ားၾကီး ရရွိထားၾကတယ္။ ဒါေပမယ့္ ရွက္ဖီးယူႏုိက္တက္ကိုလည္း ေမ့မထားသင့္ပါဘူး။

ေဘာလံုးရာသီစကတည္းက လက္စတာ၊ ဝုဗ္၊ အဲဗာတန္ အသင္းေတြကို ေဘာလံုးပရိသတ္ေတြ အမ်ားၾကီး ထင္ေၾကးေပးခဲ့ၾကကာ လက္စတာနဲ႔ ဝုဗ္က ေမွ်ာ္လင့္ထားသလို ပရီးမီးယားလိဂ္ရဲ႕ ဖ်က္ျမင္းေတြ ျဖစ္လာခဲ့တယ္။ ထင္မွတ္မထားစြာပဲ ပရီးမီးယားလိဂ္မွာ အေကာင္းဆံုး စြမ္းေဆာင္ရည္ ထပ္ျပေနတဲ့ ေနာက္တစ္သင္းက ရွက္ဖီးယူႏုိက္တက္ပါပဲ။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီမွာ ရွက္ဖီးယူႏုိက္တက္ဟာ ပရီးမီးယားလိဂ္ကို တန္းတက္အသင္းအျဖစ္ ပါဝင္ယွဥ္ျပိဳင္လာျခင္းျဖစ္တယ္။ ရွက္ဖီးယူႏုိက္တက္ဟာ ဇန္နဝါရီအေျပာင္းအေရႊ႔မွာ ကြင္းလယ္ခံစစ္သမား ဆန္ဒါဘတ္ဂါကို ယူရို ၂၁ သန္းေပးျပီး ေခၚယူခဲ့တယ္။ ေနာ္ေဝသားေလးက ရွက္ဖီးရဲ႕ ဒီရာသီ ေျပာင္းေရႊ႔ေၾကး အျမင့္ဆံုးျဖင့္ ေခၚယူမႈျဖစ္ျပီး က်န္ကစားသမားေတြကေတာ့ ခ်န္ပီယံရွစ္က ကစားသမားေတြျဖစ္ကာ ေစ်းကြက္အတြင္း အသာတင္ အသံုးစရိတ္ ယူရို ၆၉ သန္း သံုးခဲ့ပါတယ္။

ရွက္ဖီးကို အဓိက ခ်ီးက်ဴးသင့္တဲ့ ကိစၥကေတာ့ တစ္ရာသီလံုး စြမ္းေဆာင္ရည္ တည္ျငိမ္မႈပါ။ ရွက္ဖီးမန္ေနဂ်ာ ဝိုင္ဒါဟာ ၃-၅-၂ ကစားကြက္ကို အဓိကထားျပီး အခ်ိဳ႔ပြဲေတြမွာ ၄-၄-၁-၁ ကစားဟန္ကို က်င့္သံုးပါတယ္။ သူတို႔ဟာ ဒီရာသီမွာ ခံစစ္ကို အားျပဳတဲ့ ကစားကြက္ကိုပဲ အဓိက အသံုးျပဳလာခဲ့ျခင္း ျဖစ္ပါတယ္။

မန္ေနဂ်ာခရစ္ဝိုင္ဒါက ပြင့္ပြင့္လင္းလင္းသမားျဖစ္ျပီး သူက ပြဲအေပၚ ျပင္းျပမႈရွိသူလည္းျဖစ္တယ္။ ကစားသမားဘဝကို ေအာက္တန္းလိဂ္ေတြမွာပဲ က်င္လယ္ခဲ့ျပီး မန္ေနဂ်ာဘဝကိုလည္း အဂၤလန္အဆင့္ျမင့္တန္း ကလပ္ေတြနဲ႔ပဲ ပါဝင္ယွဥ္ခဲ့သူျဖစ္တယ္။ ဒါေၾကာင့္ အဂၤလန္ အသင္းငယ္ေတြရဲ႔ ေရွးရိုးကစားဟန္ျဖစ္တဲ့ ခံစစ္အားျပဳျပီး ကာယၾကံ႕ခိုင္မႈကို ပိုင္ပိုင္ႏုိင္ႏုိင္ လုပ္ေဆာင္ႏုိင္ပါတယ္။ အဓိကအားျဖင့္ကေတာ့ တိုက္စစ္အသားေပးေတြ က်င့္သံုးမႈမ်ားတဲ့ ပရီးမီးယားလိဂ္ကို ခံစစ္အသာေပးနဲ႔အတူ ရလဒ္ေတြ ရယူျပဖို႔ ဦးတည္ကစားသူျဖစ္တယ္။

ကစားသမားအင္အား အရမ္းၾကီး မေတာင့္တင္းတဲ့ ရွက္ဖီးဟာ တစ္ရာသီလံုးမွာ အသင္းသား ၂၂ ဦးကိုပဲ သံုးခဲ့တယ္။ အဓိက ပြဲထြက္ ကစားသမား ၁၁ ဦး စာရင္းက ပံုမွန္နည္းပါးကို တည္ျငိမ္မႈရွိပါတယ္။ ျမင့္မားတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ေခၚယူထားတဲ့ ဆန္ဒါဘတ္ဂါက အဂၤလန္မွာ အထိုင္က်ဖို႔ အခ်ိန္ယူေနရဆဲျဖစ္ကာ ဒီရာသီမွာ ၄ ပြဲပဲ ကစားႏုိင္ပါတယ္။ ရွက္ဖီး ေခၚယူထားတဲ့ ကစားသမားေတြထဲမွာ တစ္ခ်ိန္က ပရီးမီးယားလိဂ္မွာ ေတာက္ပခဲ့ျပီး အပယ္ခံျဖစ္လာတဲ့ အဲဗာတန္အသင္းသားေဟာင္း ေရာ့ဝဲလ္လည္း ပါဝင္ပါတယ္။

ဒါေပမယ့္လည္း ေယာ့ရိႈင္းယားကလပ္ရဲ႕ ခံစစ္မွတ္တမ္းက အေတာ္ေလးကို ေကာင္းျပီး ဒီရာသီမွာ လီဗာပူးေနာက္ ခံစစ္ ဒုတိယအေကာင္းဆံုး အသင္းျဖစ္တယ္။ သူတို႔က ေပးဂိုး ၂၅ ဂိုးပဲရွိတယ္။ ယူႏုိက္တက္ (ေပးဂိုး ၃၀)၊ မန္စီးတီး (ေပးဂိုး ၃၁)၊ အာဆင္နယ္ (ေပးဂိုး ၃၆)၊ ခ်ယ္ဆီး (ေပးဂိုး ၃၉)၊ စပါး (ေပးဂိုး ၄၀)တို႔ ထက္ေတာင္မွ ပိုေကာင္းတဲ့ မွတ္တမ္းကို ပိုင္ဆုိင္ထားပါတယ္။

ရွက္ဖီးကစားသမားျဖစ္သူ ေဘာေဒါ့က ” ေနာက္ဆံုးလိုင္းကေန ခံစစ္ကာကြယ္ဖို႔ကို က်ဳပ္တို႔ သိပ္ၾကိဳက္တယ္။ အထူးသျဖင့္ ငါးေယာက္တန္း ခံစစ္နဲ႔ေပါ့။ အေရွ႔က ကစားသမားေတြကလည္း သူတို႔ရဲ႕ တာဝန္ေတြကို သူတို႔ ယူေပးၾကတယ္။ ဒါေပမယ့္ ျပိဳင္ဘက္ေတြကို အခြင့္အေရး မေပးရဖို႔ က်ဴပ္တို႔ ေသခ်ာလုပ္ၾကပါတယ္။

က်ဳပ္တို႔မွာ လွ်ိဳ႕ဝွက္ခ်က္ရွိတယ္ဆိုရင္ တစ္ခ်ိန္တည္း ကြင္းထဲမွာ ကစားေနတဲ့ ၁၁ ဦးလံုးက ရွက္ဖီးယူႏုိက္တက္ ဂ်ာစီအတြက္ အစြမ္းကုန္ ၾကိဳးစားေပးလိုျခင္းပါပဲ။ က်ဳပ္တို႔ရဲ႕ ခံစစ္မွတ္တမ္းက သိပ္ေကာင္းတယ္။ ကိစၥၾကီးက က်ဳပ္တို႔က တိုက္စစ္မွာလည္း ခံစစ္ကာကြယ္မႈကို လပ္ပါတယ္။

ကြင္းလယ္ သံုးေယာက္လံုးကလည္း က်ဳပ္တို႔ကို ကူညီၾကတယ္။ ရွက္ဖီးမွာ ေတာင္ပံေၾကာကေန အတက္အဆင္း လြန္ထိုးကစားတယ္ က်ဳပ္နဲ႔ အန္ဒါတို႔ရွိတယ္။ ခံစစ္ကို အျပည့္အဝ ကာကြယ္မယ့္ ခံစစ္သမား သံုးေယာက္ရွိတယ္။ ဒီအဆင့္ေတြကို ေက်ာ္ျဖတ္သြားႏုိင္ျပီဆိုရင္ေတာင္ အဂၤလန္မွာ အေကာင္းဆံုးဂိုးသမားေတြထဲက တစ္ဦးျဖစ္တဲ့ ဟန္ဒိုကို ေက်ာ္ျဖတ္ရဖို႔ ရွိေနပါေသးတယ္။

က်ဳပ္တို႔ အသင္းမွာက အာမခံခ်က္ေတြ ပိုျပီးရွိေနတာပါ။ တစ္ဦးဦးကို ရင္ဆုိင္ ေက်ာ္ျဖတ္သြားႏုိင္ရင္ေတာင္ ထပ္ျပီး ေက်ာ္ျဖတ္ရမယ့္ ကစားသမားေတြက ထပ္ျပီး ထက္ျပီး ရွိေနဦးမွာျဖစ္တယ္။ ခံစစ္မွတ္တမ္းက အရမ္းေကာင္းပါတယ္။ အ့ဲတာကို ျပန္ၾကည့္ျပီး အခ်က္အလက္ေတြကို ဖတ္ရတဲ့အခါ ခံစားမႈ အရမ္းေကာင္းသလို က်ဳပ္တို႔ အားလံုးအတြက္လည္း အရမ္း ဂုဏ္ယူရပါတယ္ ” လို႔ The Athletic ကို ေျပာျပခဲ့တယ္။

ရွက္ဖီးဟာ တည္ျငိမ္တဲ့ လူစာရင္းနဲ႔ တည္ျငိမ္တဲ့ ကစားကြက္ကိုပဲ ပံုမွန္ ခင္းက်င္းပါတယ္။ ပရီးမီးယားလိဂ္မွာ ေကာင္းမြန္တဲ့ ခံစစ္ကို တည္ေဆာက္ထားကာ ဧရိယာထဲကို ျပိဳင္ဘက္ေတြ ေရာက္မလာႏုိင္ေအာင္လို႔ သူတို႔ေတြ ျပင္းထန္စြာ ကာကြယ္ၾကတယ္။ ခံစစ္အတြက္ ျခိမ္းေျခာက္မႈ ဧရိယာထဲ ဝင္မလာဖို႔ အတတ္ႏုိင္ဆံုး ေလ်ာ့ခ်ၾကတယ္။ ဧရိယာျပင္ပကေနပဲ ကန္သြင္းၾကေအာင္ (သို႔) ျပိဳင္ဘက္ေတြကို က်ဥ္းေျမာင္းတဲ့ ေထာင့္ေတြထံေရာက္ေအာင္ ရွက္ဖီးက နည္းစနစ္က်က် လုပ္ေဆာင္ပါတယ္။ ဒါမွလည္း ျပိဳင္ဘက္ေတြက ဂိုးသြင္းရခက္ျပီး ကန္သြင္းမႈေတြကိုလည္း ဟန္ဒါဆန္က ကာကြယ္ႏုိင္မွာျဖစ္တယ္။

အမွတ္ေပးဇယား အဆင့္ ၄ မွာ ခ်ယ္ဆီးက ၄၈ မွတ္၊ အဆင့္ ၅ မွာ ယူႏုိက္တက္က ၄၅ မွတ္၊ အဆင့္ ၆ မွာ ဝုဗ္က ၄၃ မွတ္ေတြနဲ႔ အသီးသီး ရပ္တည္ေနပါတယ္။ သို႔ေသာ္လည္း အဆင့္ ၇ မွတ္ ရမွတ္ ၄၃ မွတ္နဲ႔ ရပ္တည္ေနတဲ့ ရွက္ဖီးက အထက္က အသင္းေတြထက္ တစ္ပြဲေလ်ာ့ျပီး ၂၈ ပြဲပဲ ကစားထားရေသးတာျဖစ္တယ္။ လက္က်န္ရာသီမွာ သူတို႔ကလည္း ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ေမွ်ာ္လင့္ႏုိင္ေနဆဲပါ။

အဂၤလန္မွာေတာ့ ရွက္ဖီးယူႏုိက္တက္က စတီးေခ်ာင္းေတြ ထုတ္လုပ္တဲ့ ျမိဳ႕ေတာ္အျဖစ္ နာမည္ၾကီးပါတယ္။ ဒါေပမယ့္ အခုဆိုရင္ေတာ့ အဂၤလန္ရဲ႕ ခံစစ္သမားေတြကို ထုတ္လုပ္တဲ့ ျမိဳ႕အျဖစ္ လူသိလာၾကပါျပီ။

၂၀၁၈ ခုႏွစ္ ကမၻာဖလားမွာ အဂၤလန္ရဲ႕ ခံစစ္သမားေတြျဖစ္တဲ့ ကိုင္လီေဝၚကာနဲ႔ ဟယ္ရီ မက္ဂြဲရားတို႔က ရွက္ဖီး ယူႏုိက္တက္ကေန ေပၚထြက္လာၾကသူေတြျဖစ္တယ္။ ဂၽြန္စတုန္းကလည္း ရွက္ဖီးနဲ႔ အနီးမေဝးက ဘန္စေလဆိုတဲ့ အရပ္ကေန ၾကီးျပင္းလာခဲ့သူျဖစ္တယ္။

ေဘာေဒါ့က “ က်ဳပ္တို႔ အခ်င္းခ်င္းၾကားမွာ လံုေလာက္တဲ့ အသိအမွတ္ျပဳမႈကိုေတာင္ ကိုယ္ဘာသာ မလုပ္ရေသးပါဘူး။ အခုခ်ိန္ထိေတာ့ အေျခအေနေတြက ေကာင္းေနေသးတယ္။ ပြဲေတြ ျပန္ကစားလာခဲ့ရင္ ဒီရာသီကို အေကာင္းဆံုး ဆက္ျပီး လုပ္ေဆာင္ဖို႔ ေတြးဆထားတယ္။

က်ဳပ္တို႔က ရိုးသားတဲ့ ေကာင္ေလးေတြ စုေနတဲ့ အသင္းအဖြဲ႔ပါ။ တစ္ခါတစ္ေလမွာ ကိုယ္လုပ္တဲ့ ကိစၥေတြအတြက္ေတာင္ ကိုယ္ဘာသာ ခ်ီးက်ဴးၾကျခင္း မရွိဘူး။ က်ဳပ္တို႔က အျမဲတမ္း ပိုလိုခ်င္တယ္။ ေနာက္ကို ျပန္ၾကည့္တဲ့အခါ ၾကီးက်ယ္တဲ့ ကိစၥေတြကို လုပ္ေဆာင္ခဲ့တာမ်ိဳး ျဖစ္လိုတယ္။ ဒါပဲ က်ဳပ္စိတ္ထဲမွာရွိတယ္။ ဒီရာသီ လုပ္ေဆာင္ေနတဲ့ အေကာင္းဆံုးေတြအတြက္ ျပန္စႏုိင္ဖို႔ မေစာင့္ႏုိင္ေအာင္ပါပဲ။ ရာသီကုန္မွာ အေကာင္းဆံုး အဆံုးသတ္ႏုိင္ရပါမယ္ ” လို႔ ဖြင့္ဟခဲ့တာျဖစ္ပါတယ္။