ပေါ့ဘာကို ခေါ်ယူဖို့ ကြိုးစားသွားမှာ မဟုတ်ကြောင်း ဂျူဗင်တပ်ဒါရိုက်တာ အတည်ပြု

UNICODE – ဂျူဗင်တပ်ဒါရိုက်တာဖြစ်သူ ဖေဘီယို ပါရာတီဆီက နွေဈေးကွက်မှာ ပေါ့ဘာကို ခေါ်ယူဖို့ ကြိုးစားသွားမှာ မဟုတ်သလို ပြင်သစ်သားကို ခေါ်ယူလိုတဲ့ အသင်းကလည်း နည်းပါးပါလိမ့်မယ်လို့ ထုတ်ပြောသွားပါတယ်။

ပြင်သစ်သား ကွင်းလယ်လူရဲ့ လုပ်ခဟာ အရမ်း ကြီးမြင့်လွန်းပြီး အဆိုပါ လုပ်ခနဲ့တင် ခေါ်ယူနိုင်မယ့် အသင်း ရှားမယ်လို့ ပါရာတီဆီက ဆိုတာပါ။ ပေါ့ဘာဟာ ယူနိုက်တက်နဲ့ လာမယ့်နှစ် နွေမှာ သက်တမ်းကုန်မှာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်တို့က စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ထားခဲ့တာဖြစ်တယ်။

၂၀၁၂ ကနေ ၂၀၁၆ ခုနှစ်အထိ ပေါ့ဘာ ကစားခဲ့တဲ့ ဂျူဗင်တပ်ထံ ပြန်လည်ပြောင်းရွှေ့နိုင်ဖို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ မီနို ရွိုင်အိုလာက ကြိုးစားနေတာပါ။ ဒါပေမယ့် ပါရာတီဆီကတော့ ကိုဗစ်ကြောင့် ကလပ်တွေက ဘဏ္ဍာရေး ချွေတာမှုတွေကို ပိုမို အာရုံစိုက်လာမှာဖြစ်ကာ ပေါ့ဘာလို လုပ်ခကြီးမြင့်တဲ့ ကစားသမားမျိုးကို ခေါ်ယူဖို့ စွန့်စားလိုခြင်းမျိုး နည်းပါးလိမ့်မယ်လို့ ဆိုပါတယ်။

ပါရာတီဆီက “ ပေါ့ဘာက ကစားသမားကောင်းပါ။ ဒါပေမယ့် သူ့ရဲ့အဆင့်အတန်းမှာ ပေးရတဲ့ လုပ်ခလစာက အရင်လို အခြေအနေမျိုးမှာတောင် အရမ်းကို တောင်းဆိုမှု ကြီးပါတယ်။ အခုဆိုရင် ပေးနိုင်ဖို့ ပိုခက်ခဲသါားပါတယ်။ မဟုတ်ရင်လည်း သူ့ရဲ့ လုပ်ခကို ပေးနိုင်မယ့် ကလပ်အသင်းမျိုးက အနည်းငယ်ပဲ ရှိနိုင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ပေါ့ဘာ ကိုယ်တိုင်ကတော့ ” ကျနေ်ာတို့တွေ ကိုယ်ဘာသာ လုံ့ဆော်မှုတွေ ဆက်ပေးနေရပါမယ်။ အခြား ရွေးချယ်စရာ မရှိပါဘူး။ ဒါက ကပ်ဘေးကာလဖြစ်ပြီး ဘယ်အချိန်ထိ ဒီလို ဆက်ဖြစ်နေမလဲဆိုတာကို ကျနေ်ာတို့ မသိပါဘူး။ ဒါပေမယ့် ကျနော်ရဲ့ ခေါင်းထဲမှာတော့ ရည်မှန်းချက်တွေ ရှိထားပါတယ်။ တစ်ရက်မှာ ကိုဗစ် ကပ်ဘေးက အဆုံးသတ်သွားတဲ့အချိန် ရောက်လာမှာပါ။

အဲ့အခါကျရင် ကျနေ်ာတို့တွေ ကွင်းထဲကို ပြန်ပြီး ခြေချလာရမှာပါ၊ အဲ့အတွက်လည်း အဆင်သင့် ပြင်ထားရပါမယ်။ ကိုယ်ဘာသာအတွက် ကျနော်က ပွဲတွေ မကစားနိုင်တာ အချိန်အကြာကြီး ရှိနေပါတယ်။ ဒီတော့ ဘောလုံးကို ပြန်ပြီး ကစားလိုပါတယ် ” လို့ ဖြေဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI – ဂ်ဴဗင္တပ္ဒါရိုက္တာျဖစ္သူ ေဖဘီယို ပါရာတီဆီက ေႏြေစ်းကြက္မွာ ေပါ့ဘာကို ေခၚယူဖို႔ ၾကိဳးစားသြားမွာ မဟုတ္သလို ျပင္သစ္သားကို ေခၚယူလိုတဲ့ အသင္းကလည္း နည္းပါးပါလိမ့္မယ္လို႔ ထုတ္ေျပာသြားပါတယ္။

ျပင္သစ္သား ကြင္းလယ္လူရဲ႕ လုပ္ခဟာ အရမ္း ၾကီးျမင့္လြန္းျပီး အဆိုပါ လုပ္ခနဲ႔တင္ ေခၚယူႏုိင္မယ့္ အသင္း ရွားမယ္လို႔ ပါရာတီဆီက ဆိုတာပါ။ ေပါ့ဘာဟာ ယူႏုိက္တက္နဲ႔ လာမယ့္ႏွစ္ ေႏြမွာ သက္တမ္းကုန္မွာျဖစ္ျပီး သူ႕ကို ေခၚယူဖို႔ ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္တို႔က စိတ္ဝင္စားေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚထားခဲ့တာျဖစ္တယ္။

၂၀၁၂ ကေန ၂၀၁၆ ခုႏွစ္အထိ ေပါ့ဘာ ကစားခဲ့တဲ့ ဂ်ဴဗင္တပ္ထံ ျပန္လည္ေျပာင္းေရႊ႔ႏုိင္ဖို႔ ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူ မီႏို ရိြဳင္အိုလာက ၾကိဳးစားေနတာပါ။ ဒါေပမယ့္ ပါရာတီဆီကေတာ့ ကိုဗစ္ေၾကာင့္ ကလပ္ေတြက ဘ႑ာေရး ေခၽြတာမႈေတြကို ပိုမို အာရံုစိုက္လာမွာျဖစ္ကာ ေပါ့ဘာလို လုပ္ခၾကီးျမင့္တဲ့ ကစားသမားမ်ိဳးကို ေခၚယူဖို႔ စြန္႔စားလိုျခင္းမ်ိဳး နည္းပါးလိမ့္မယ္လို႔ ဆိုပါတယ္။

ပါရာတီဆီက “ ေပါ့ဘာက ကစားသမားေကာင္းပါ။ ဒါေပမယ့္ သူ႔ရဲ႕အဆင့္အတန္းမွာ ေပးရတဲ့ လုပ္ခလစာက အရင္လို အေျခအေနမ်ိဳးမွာေတာင္ အရမ္းကို ေတာင္းဆိုမႈ ၾကီးပါတယ္။ အခုဆိုရင္ ေပးႏုိင္ဖို႔ ပိုခက္ခဲသါားပါတယ္။ မဟုတ္ရင္လည္း သူ႔ရဲ႕ လုပ္ခကို ေပးႏုိင္မယ့္ ကလပ္အသင္းမ်ိဳးက အနည္းငယ္ပဲ ရွိႏုိင္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ေပါ့ဘာ ကိုယ္တိုင္ကေတာ့ ” က်ေန္ာတို႔ေတြ ကိုယ္ဘာသာ လံု႔ေဆာ္မႈေတြ ဆက္ေပးေနရပါမယ္။ အျခား ေရြးခ်ယ္စရာ မရွိပါဘူး။ ဒါက ကပ္ေဘးကာလျဖစ္ျပီး ဘယ္အခ်ိန္ထိ ဒီလို ဆက္ျဖစ္ေနမလဲဆိုတာကို က်ေန္ာတို႔ မသိပါဘူး။ ဒါေပမယ့္ က်ေနာ္ရဲ႕ ေခါင္းထဲမွာေတာ့ ရည္မွန္းခ်က္ေတြ ရွိထားပါတယ္။ တစ္ရက္မွာ ကိုဗစ္ ကပ္ေဘးက အဆံုးသတ္သြားတဲ့အခ်ိန္ ေရာက္လာမွာပါ။

အဲ့အခါက်ရင္ က်ေန္ာတုိ႔ေတြ ကြင္းထဲကို ျပန္ျပီး ေျခခ်လာရမွာပါ၊ အဲ့အတြက္လည္း အဆင္သင့္ ျပင္ထားရပါမယ္။ ကိုယ္ဘာသာအတြက္ က်ေနာ္က ပြဲေတြ မကစားႏုိင္တာ အခ်ိန္အၾကာၾကီး ရွိေနပါတယ္။ ဒီေတာ့ ေဘာလံုးကို ျပန္ျပီး ကစားလိုပါတယ္ ” လို႔ ေျဖဆိုသြားခဲ့တာျဖစ္ပါတယ္။