လာမယ့်ရာသီ ယူနိုက်တက်က ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မယ် ဟောကိန်းထုတ်တဲ့ အန်ဒီကိုလ်း

UNICODE – ယူနိုက်တက် တိုက်စစ်သမားဟောင်း အန်ဒီကိုလ်းက အသင်းဟောင်းဟာ လမ်းကြောင်းမှန်မှာ ရှိနေတယ်လို့ ယုံကြည်နေပြီး လာမယ့် နှစ်နှစ်လောက်အတွင်း ပရီးမီးယားလိဂ်ဖလား စိန်ခေါ်လိမ့်မယ်လို့ ဖွင့်ဟသွားပါတယ်။

ယူနိုက်တက် ကစားသမားဘဝ ၆ ရာသီမှာ အမှတ်ပေးဖလားကို ၅ ကြိမ်ထိ အနိုင်ရခဲ့တဲ့ ကိုလ်းက အိုထရတ်ဖိုဒ့်မှာ ယူနိုက်တက် ပြန်လည် အောင်မြင်လာဖို့ကို မျှော်လင့်နေပါတယ်။ ဒီရာသီ ဆိုးရှားလက်ထက် ကစားသမား ခေါ်ယူမှုတွေနဲ့ လူငယ်ကစားသမားတွေရဲ့ တိုးတက်လာမှုတွေအရ လာမယ့်နှစ် ဘောလုံးရာသီမှာ အသင်းဟောင်းက ဆုဖလား ပြန်စိန်ခေါ်ဖို့ အဆင်သင့်ဖြစ်နေမယ်လို့ သူက ယုံကြည်နေတယ်။

ကိုလ်းက ပြောရာမှာ ” ဆိုးရှားက ယူနိုက်တက်မှာ တိုးတက်မှုတွေကို အသေအချာကြီး ရှာဖွေထားနိုင်ပါတယ်။ သေးငယ်တဲ့ ခြေလှမ်းတွေနဲ့ လုပ်ဆောင်ထားနိုင်ပြီဖြစ်ပါတယ်။ ယူနိုက်တက်က လာမယ့် နှစ်အနည်းငယ်အတွင်း ဆုဖလားတွေကို စိန်ခေါ်မယ်ဆိုတဲ့ စကားမျိုးတွေ ပြောနေကြရင် ကျနော်ကတော့ အဲ့လိုဖြစ်လာမယ်ကို ယုံကြည်နေပါတယ်။

လီဗာပူးအသင်းက ပရီးမီးယားလိဂ်အတွက် နှစ်ပေါင်း ၃၀ လောက် အချိန်ယူခဲ့ရပါတယ်။ ယူနိုက်တက်ကိုတော့ ပရီးမီးယားလိဂ် တစ်ကျော့ပြန် အနိုင်ရဖို့အတွက် နှစ်ပေါင်း ၃၀ လောက်ထိ အချိန်ယူရတာမျိုး မဖြစ်စေလိုပါဘူး။

ယူနိုက်တက်က ပရီးမီးယားလိဂ်ဖလားကို ပြန်စိန်ခေါ်ပါလိမ့်မယ်။ ပိုကောင်းတဲ့ ကစားသမားတွေကို ထိန်းသိမ်းမှုတွေ၊ ပိုကောင်းတဲ့ ကစားသမား ခေါ်ယူမှုတွေနဲ့ပါ။ လာမယ့်ရာသီ (သို့) နောက်ထပ်တစ်နှစ်မှာ သူတို့ အမှတ်ပေးဖလား စိန်ခေါ်လာမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္ တိုက္စစ္သမားေဟာင္း အန္ဒီကိုလ္းက အသင္းေဟာင္းဟာ လမ္းေၾကာင္းမွန္မွာ ရွိေနတယ္လို႔ ယံုၾကည္ေနျပီး လာမယ့္ ႏွစ္ႏွစ္ေလာက္အတြင္း ပရီးမီးယားလိဂ္ဖလား စိန္ေခၚလိမ့္မယ္လို႔ ဖြင့္ဟသြားပါတယ္။

ယူႏုိက္တက္ ကစားသမားဘဝ ၆ ရာသီမွာ အမွတ္ေပးဖလားကို ၅ ၾကိမ္ထိ အႏုိင္ရခဲ့တဲ့ ကိုလ္းက အိုထရတ္ဖိုဒ့္မွာ ယူႏုိက္တက္ ျပန္လည္ ေအာင္ျမင္လာဖို႔ကို ေမွ်ာ္လင့္ေနပါတယ္။ ဒီရာသီ ဆိုးရွားလက္ထက္ ကစားသမား ေခၚယူမႈေတြနဲ႔ လူငယ္ကစားသမားေတြရဲ႕ တိုးတက္လာမႈေတြအရ လာမယ့္ႏွစ္ ေဘာလံုးရာသီမွာ အသင္းေဟာင္းက ဆုဖလား ျပန္စိန္ေခၚဖို႔ အဆင္သင့္ျဖစ္ေနမယ္လို႔ သူက ယံုၾကည္ေနတယ္။

ကိုလ္းက ေျပာရာမွာ ” ဆိုးရွားက ယူႏုိက္တက္မွာ တိုးတက္မႈေတြကို အေသအခ်ာၾကီး ရွာေဖြထားႏုိင္ပါတယ္။ ေသးငယ္တဲ့ ေျခလွမ္းေတြနဲ႔ လုပ္ေဆာင္ထားႏုိင္ျပီျဖစ္ပါတယ္။ ယူႏိုက္တက္က လာမယ့္ ႏွစ္အနည္းငယ္အတြင္း ဆုဖလားေတြကို စိန္ေခၚမယ္ဆိုတဲ့ စကားမ်ိဳးေတြ ေျပာေနၾကရင္ က်ေနာ္ကေတာ့ အဲ့လိုျဖစ္လာမယ္ကို ယံုၾကည္ေနပါတယ္။

လီဗာပူးအသင္းက ပရီးမီးယားလိဂ္အတြက္ ႏွစ္ေပါင္း ၃၀ ေလာက္ အခ်ိန္ယူခဲ့ရပါတယ္။ ယူႏုိက္တက္ကိုေတာ့ ပရီးမီးယားလိဂ္ တစ္ေက်ာ့ျပန္ အႏုိင္ရဖို႔အတြက္ ႏွစ္ေပါင္း ၃၀ ေလာက္ထိ အခ်ိန္ယူရတာမ်ိဳး မျဖစ္ေစလိုပါဘူး။

ယူႏုိက္တက္က ပရီးမီးယားလိဂ္ဖလားကို ျပန္စိန္ေခၚပါလိမ့္မယ္။ ပိုေကာင္းတဲ့ ကစားသမားေတြကို ထိန္းသိမ္းမႈေတြ၊ ပိုေကာင္းတဲ့ ကစားသမား ေခၚယူမႈေတြနဲ႔ပါ။ လာမယ့္ရာသီ (သို႔) ေနာက္ထပ္တစ္ႏွစ္မွာ သူတို႔ အမွတ္ေပးဖလား စိန္ေခၚလာမွာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။