ဝက်ဟမ်းနဲ့ ဘရိုက်တန် ပြင်းထန်စွာ ကန့်ကွက်နေကြပြီး လီဗာပူး ဝင်မပါတဲ့ ကြားကွင်းကိစ္စ

UNICODE – ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ဝက်ဟမ်းနဲ့ ဘရိုက်တန်က ဘောလုံးရာသီ ပြန်စဖို့ကို ထောက်ခံပေမယ့် ကွင်းကိစ္စကိုတော့ ကန့်ကွက်မယ်ဆိုတဲ့အကြောင်းတွေကို သတင်းထုတ်ပြန်လာခဲ့ပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကို ပြန်စဖို့ ကလပ်တွေက သဘောတူညီပေမယ့် နောက်ဆက်တွဲအဖြစ် ကြားကွင်း ၈ ကွင်းကနေ ၁၀ ကွင်းကြားမှာ ကစားမယ့် ကိစ္စကိုတော့ ဆန့်ကျင်တဲ့ အသင်းတွေ ရှိလာတာပါ။ အဓိကအားဖြင့် တန်းဆင်းဇုန်အသင်း ၆ သင်းဟာ ကြားကွင်းကိစ္စကို ကန့်ကွက်ခဲ့တယ်လို့ သိလာရတာဖြစ်တယ်။

ဝက်ဟမ်းအသင်းက ဒီရာသီအတွက် အိမ်ကွင်းပွဲ ၅ ကွင်း ကျန်ရှိနေပြီး ၎င်းပွဲတွေက ဝုဗ်၊ အက်စတွန်ဗီလာ၊ ဝတ်ဖိုဒ့်၊ ဘန်လေနဲ့ ချယ်ဆီးပွဲတွေ ဖြစ်ကြပါတယ်။ အိမ်ကွင်းမှာ ပရိသတ် ဝင်ခွင့် မရှိပေမယ့်လည်း ကိုယ်ပိုင် အိမ်ကွင်းမှာပဲ ကစားရခြင်းက သက်ဆိုင်ရာ ကလပ်တွေကို အကျိုးဖြစ်စေမယ်လို့ ဝက်ဟမ်းနဲ့ ဘရိုက်တန်တို့က ယုံကြည်နေတာဖြစ်တယ်။

ဘရိုက်တန် အမှုဆောင်ချုပ် ပေါလ် ဘာဘာကလည်း ထိပ်တန်းအသင်းတွေက ၎င်းတို့ရဲ့ နယ်ခံတွေမှာ မကစားရရင်လည်း အနယ်နယ်အရပ်ရပ်မှာ ပရိသတ်တွေ ရှိနေပါကြောင်း ကလပ်ဝဘ်ဆိုဒ်ကနေ ထုတ်ပြောထားတယ်။ ကြားကွင်းမှာ ကစားရခြင်းက အသင်းငယ်တွေအတွက်ပဲ ထိခိုက်မှု ရှိစေမယ်လို့ ၎င်းက ပြောဆိုပါတယ်။

ပရီးမီးယားလိဂ်ဟာ လူနေအိမ်တွေနဲ့ အဝေးမှာရှိတဲ့ ဝက်ဟမ်းလို ကွင်းကို ကြားကွင်းအဖြစ်သုံးပြီး နေအိမ်တွေကြားမှာရှိတဲ့ လီဗာပူးရဲ့ အန်ဖီး၊ ယူနိုက်တက်ရဲ့ အိုထရတ်ဖိုဒ့်တို့ကို သက်ဆိုင်ရာ အသင်းတွေရဲ့ ပွဲစဉ်တွေမှာ သုံးခွင့်ကို မပေးလိုပါဘူး။ သို့ပေမယ့်လည်း ဒါဘီအသင်းတွေကြား အငြင်းပွားနိုင်တဲ့ ဂူဒီဆန်ကို လီဗာပူးအိမ်ကွင်း၊ ဝက်ဟမ်းကွင်းကို စပါးအသင်း အိမ်ကွင်းအဖြစ် အသုံးပြုစေတာမျိုးကိုလည်း လုပ်ဆောင်မှာ မဟုတ်ဘူး။

The Athletic ရဲ့ ထုတ်ဖော်မှုအရ သောကြာနေ့က အစည်းအဝေးမှာ တန်းဆင်းဇုန်အသင်းတွေက ကြားကွင်းကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပေမယ့် လီဗာပူးကတော့ လုံးဝကို ပါဝင် စွက်ဖက်ခဲ့ခြင်း မရှိဘူးလို့ သိရတယ်။ ကြားကွင်းကို အသုံးပြုမယ်ဆိုရင် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အန်ဖီးကွင်းမှာ ကိုင်မြှောက်နိုင်မှာ မဟုတ်တဲ့ အထိနာမှုကို ရင်ဆိုင်ရမှာဖြစ်ပေမယ့် လီဗာပူးတာဝန်ရှိသူက အဆိုပါ အငြင်းပွားမှုကိစ္စမှာ တည်တည်ငြိမ်ငြိမ်နဲ့ နှုတ်ဆိတ်နေတယ်လို့ သိရပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ ဝက္ဟမ္းနဲ႔ ဘရိုက္တန္က ေဘာလံုးရာသီ ျပန္စဖို႔ကို ေထာက္ခံေပမယ့္ ကြင္းကိစၥကိုေတာ့ ကန္႔ကြက္မယ္ဆိုတဲ့အေၾကာင္းေတြကို သတင္းထုတ္ျပန္လာခဲ့ျပီျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကို ျပန္စဖို႔ ကလပ္ေတြက သေဘာတူညီေပမယ့္ ေနာက္ဆက္တြဲအျဖစ္ ၾကားကြင္း ၈ ကြင္းကေန ၁၀ ကြင္းၾကားမွာ ကစားမယ့္ ကိစၥကိုေတာ့ ဆန္႔က်င္တဲ့ အသင္းေတြ ရွိလာတာပါ။ အဓိကအားျဖင့္ တန္းဆင္းဇုန္အသင္း ၆ သင္းဟာ ၾကားကြင္းကိစၥကို ကန္႔ကြက္ခဲ့တယ္လို႔ သိလာရတာျဖစ္တယ္။

ဝက္ဟမ္းအသင္းက ဒီရာသီအတြက္ အိမ္ကြင္းပြဲ ၅ ကြင္း က်န္ရွိေနျပီး ၄င္းပြဲေတြက ဝုဗ္၊ အက္စတြန္ဗီလာ၊ ဝတ္ဖိုဒ့္၊ ဘန္ေလနဲ႔ ခ်ယ္ဆီးပြဲေတြ ျဖစ္ၾကပါတယ္။ အိမ္ကြင္းမွာ ပရိသတ္ ဝင္ခြင့္ မရွိေပမယ့္လည္း ကိုယ္ပိုင္ အိမ္ကြင္းမွာပဲ ကစားရျခင္းက သက္ဆုိင္ရာ ကလပ္ေတြကို အက်ိဳးျဖစ္ေစမယ္လို႔ ဝက္ဟမ္းနဲ႔ ဘရိုက္တန္တို႔က ယံုၾကည္ေနတာျဖစ္တယ္။

ဘရိုက္တန္ အမႈေဆာင္ခ်ဳပ္ ေပါလ္ ဘာဘာကလည္း ထိပ္တန္းအသင္းေတြက ၄င္းတို႔ရဲ႕ နယ္ခံေတြမွာ မကစားရရင္လည္း အနယ္နယ္အရပ္ရပ္မွာ ပရိသတ္ေတြ ရွိေနပါေၾကာင္း ကလပ္ဝဘ္ဆုိဒ္ကေန ထုတ္ေျပာထားတယ္။ ၾကားကြင္းမွာ ကစားရျခင္းက အသင္းငယ္ေတြအတြက္ပဲ ထိခိုက္မႈ ရွိေစမယ္လို႔ ၄င္းက ေျပာဆိုပါတယ္။

ပရီးမီးယားလိဂ္ဟာ လူေနအိမ္ေတြနဲ႔ အေဝးမွာရွိတဲ့ ဝက္ဟမ္းလို ကြင္းကို ၾကားကြင္းအျဖစ္သံုးျပီး ေနအိမ္ေတြၾကားမွာရွိတဲ့ လီဗာပူးရဲ႕ အန္ဖီး၊ ယူႏုိက္တက္ရဲ႔ အိုထရတ္ဖိုဒ့္တို႔ကို သက္ဆုိင္ရာ အသင္းေတြရဲ႕ ပြဲစဥ္ေတြမွာ သံုးခြင့္ကို မေပးလိုပါဘူး။ သို႔ေပမယ့္လည္း ဒါဘီအသင္းေတြၾကား အျငင္းပြားႏုိင္တဲ့ ဂူဒီဆန္ကို လီဗာပူးအိမ္ကြင္း၊ ဝက္ဟမ္းကြင္းကို စပါးအသင္း အိမ္ကြင္းအျဖစ္ အသံုးျပဳေစတာမ်ိဳးကိုလည္း လုပ္ေဆာင္မွာ မဟုတ္ဘူး။

The Athletic ရဲ႕ ထုတ္ေဖာ္မႈအရ ေသာၾကာေန႔က အစည္းအေဝးမွာ တန္းဆင္းဇုန္အသင္းေတြက ၾကားကြင္းကိစၥကို ျပင္းျပင္းထန္ထန္ ကန္႔ကြက္ခဲ့ေပမယ့္ လီဗာပူးကေတာ့ လံုးဝကို ပါဝင္ စြက္ဖက္ခဲ့ျခင္း မရွိဘူးလို႔ သိရတယ္။ ၾကားကြင္းကို အသံုးျပဳမယ္ဆိုရင္ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ အန္ဖီးကြင္းမွာ ကိုင္ေျမွာက္ႏုိင္မွာ မဟုတ္တဲ့ အထိနာမႈကို ရင္ဆိုင္ရမွာျဖစ္ေပမယ့္ လီဗာပူးတာဝန္ရွိသူက အဆိုပါ အျငင္းပြားမႈကိစၥမွာ တည္တည္ျငိမ္ျငိမ္နဲ႔ ႏႈတ္ဆိတ္ေနတယ္လုိ႔ သိရပါတယ္။